ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ခဲ့တဲ့ တရုတ်သမ္မတကို ချီးကျူးစကား ပြောခဲ့တဲ့ ကင်ဂျုံအန်

Korean Central News Agency/Korea News Service via AP

လက်ရှိအချိန်မှာ COVID 19 ကူးစက်ရောဂါကြီးရဲ့ ဒဏ်ကို တစ်ကမ္ဘာလုံး အလူးအလဲ ခံနေရပေမယ့် တရုတ်နိုင်ငံကတော့ အခြေအနေတွေအားလုံး ပုံမှန်ပြန်ဖြစ်သွားပါပြီ။ တရုတ်နိုင်ငံမှာ ကျောင်းတွေလဲ အရင်လို ပုံမှန်ပြန်ဖွင့်နေသလို တရုတ်နိုင်ငံသားတွေဆိုရင်လဲ လမ်းမတွေအပေါ်မှာ အရင်လို လှုပ်လှုပ်ရှားရှား ပြန်ဖြစ်နေပါပြီ။ COVID 19 ကူးစက်ရောဂါဟာ တရုတ်နိုင်ငံ၊ Wuhan မြို့က အစပြုခဲ့တာဆိုပေမယ့် အခုအချိန်မှာတော့ Wuhan မြို့ဟာဆိုရင်လည်း အရင်လို ပုံမှန်ပြန်ဖြစ်သွားပါပြီ။

တရုတ်ကလွဲလို့ ကျန်တဲ့ နိုင်ငံတော်တော်များများကလည်း လက်ရှိအချိန်မှာ COVID 19 ကူးစက်ရောဂါရဲ့ ဒဏ်ကို အလူးအလဲ ခံနေရတုန်းပါပဲ။ အခုလည်း မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်တဲ့ ကင်ဂျုံဟန်ဟာ တရုတ်နိုင်ငံသမ္မတ ရှီကျင်းပင်(Xi Jinping) ထံ အခုလို တရုတ်နိုင်ငံ တစ်ဝှမ်းမှာ COVID 19 ကူးစက်ရောဂါကို ထိန်းချုပ်နိုင်လိုက်တဲ့အတွက် ချီးကျူးဂုဏ်ပြုစကားကို ပြောဆိုခဲ့တယ်လို့ SCMP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ညီမဖြစ်သူကို လုပ်ပိုင်ခွင့်အာဏာတွေ ခွဲဝေအပ်နှင်းနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်
Korean Central News Agency/Korea News Service via AP

ဒီသတင်းကို မြောက်ကိုရီးယားနိုင်ငံရဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ KCNA သတင်းဌာနက သူတို့ရဲ့ သတင်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ စာထဲမှာပါဝင်တဲ့ အခြားအကြောင်းအရာတွေကိုတော့ မသိရပေမယ့် မြောက်ကိုရီးယားအာဏာပိုင်တွေကတော့ COVID 19 ထိန်းချုပ်နိုင်ခဲ့လို့ ၀မ်းမြောက်စကား ၊ ချီးကျူးစကား ပြောကြားခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းချက်ထုတ်ပြန်ခဲ့ပါတယ်။

ကင်ဂျုံအန်တစ်ယောက်ဟာလည်း သူ့အဖိုးမွေးနေ့ပွဲမတိုင်ခင်က ဧပြီလ ၁၅ ရက်နေ့ကစပြီး ပျောက်သွားခဲ့ပါတယ်။ မြောက်ကိုရီးယားအာဏာပိုင်တွေရဲက ပြောပြချက်အရ ဆိုရင် သူတို့ခေါင်းဆောင်ကြီးဟာ နေမကောင်းဖြစ်တဲ့အတွက်ကြောင့် ဆေးကုသမှုခံယူနေတဲ့အတွက်ကြောင့် အခုလို လူမြင်ကွင်းက ပျောက်နေတာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါသေးတယ်။ ကင်ဂျုံအန်ဟာ ရက်သတ္တပတ်တော်တော်ကြာ ပျောက်ဆုံးနေခဲ့ပြီး မေလ ၂ ရက်နေ့ စက်ရုံတစ်ခုဖွင့်ပွဲအခမ်းအနားမှာမှ လူမြင်ကွင်းမှာ ပြန်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE