သေပြီလို့သတင်းထွက်နေတဲ့ ခေါင်းဆောင်Kimရဲ့ သတင်းတစ်ပုဒ်ကို နိုင်ငံပိုင်သတင်းစာမှာဖော်ပြ

Image:twitter/@DPRK_News

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un  သေဆုံးသွားပြီဆိုတဲ့ ကောလာဟာလ သတ င်းတွေ အများကြီး ထွ က်နေ ပါတယ်။ သေပြီဆိုတာနဲ့ ပတ်သက်ပြီး တကယ်လား၊တကယ် မဟုတ် ဘူး လားဆိုပြီး အားလုံး ကလည်း ဒွိဟ ဖြစ် နေပါတယ်။ မြောက်ကိုရီးယား နိုင်ငံ ဘက်က နေ တော့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး တရားဝင် ထုတ် ပြောတာမျိုး အခုထိ မရှိသေးပါဘူး။ဒါပေမယ့်  ခေါင်းဆောင် Kim Jong-un နဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကိုတော့ မြောက် ကိုရီးယား နိုင်ငံ ပိုင် သတင်းစာ Rodong Sinmun မှာ ဖော်ပြ ခဲ့ပါတယ်။

Image:wiki commom

သေပြီလို့ သတင်းတွေ ထွက်နေတဲ့ အချိန်မှာ ခေါင်းဆောင်နဲ့ ပတ်သက်တဲ့ သတင်းကို ဖော်ပြ လိုက်တာ မို့ သေ ပြီဆို တဲ့ သတင်းတွေကို ငြင်းလိုက်တဲ့ သ ဘောပါ။နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြ တဲ့ သတင်း ကတော့ ပင်လယ်က မ်းခြေ အပန်း ဖြေ စခန်း ခရီးသွား Tourism Project အတွက် အလုပ် လုပ် ပေး နေတဲ့ ဆောက်လုပ်ရေး လုပ်သား တွေ ကို ခေါင်းဆောင် Kim Jong-un  က ကျေးဇူးတင် စာလွှာ ပို့ လိုက်တယ်ဆိုတဲ့ သတင်းပါ။ ဟောင် ကောင် Satellit e Television Shijian Xingzou ကတော့ Kim ဟာ ပြီးခဲ့တဲ့ လ နှလုံး ခွဲ စိတ် ကုသ မှုတွေ လုပ်ပြီး တည်းက ကျန်းမာရေး အခြေ အ နေ ကောင်းဘူး ဆိုပြီး အခိုင်အမာ ပြော နေတဲ့ သတင်းတွေ ကလည်း ထွက် နေပါတယ်။

READ
တပည့်တွေအတွက် ဘာသာစကား (၃၅)မျိုး လေ့လာခဲ့လို့ ထိုက်တန်တဲ့ဆုကြီးပြန်ရခဲ့တဲ့ ဆရာမ
Image:pixabay/Victoria_Borodinova

ဒီလို သေပြီလို့ သတင်းထွက် နေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းစာ Rodong Sinmun  က နေ ခေါင်း ဆောင်က Wonsan မြို့မှာ လုပ်နေတဲ့ ပရောဂျက် အတွက် ကြိုးစားပေးနေတဲ့ အလုပ်သမားတွေ ထံကို ကျေး ဇူး တင်စာ လွှာ ပေးပို့ ခဲ့တယ်လို့ ဖော်ပြ ခဲ့တာပါ။ ဂြိုလ်တု က ရတဲ့ ပုံတွေ အရ ဆိုရင်တော့ Wonsan မြို့ မှာ  ခေါင်းေ ဆာင် Kim ပိုင် တယ်လို့ ယူဆရ တဲ့ ရ ထား ရှိပါတယ်။သတင်းစာ က နေစာ ပို့ ပေးတယ်လို့ ပြော ပေမယ့်လည်း တကယ်ပဲ Kim ကိုယ်တိုင် ရေး၊ မ ရေးဆို တာ ကတော့ အတိ အကျ မသိရ ပါဘူး။

Image:wiki commom

တောင်ကိုရီးယားနိုင်ငံခြားရေးရာ ဆိုင်ရာ အကြံပေးအရာရှိ Chung-in Moon က တော့ Kim ဟာ သက်ရှိ ထင်ရှား ရှိ ပြီး ကျန်းကျန်းမာမာ ရှိ နေ ကြောင်း၊ဧပြီ (၁၃)တည်းက Wionsan မြို့ မှာ နေ နေတယ်လို့ ပြောပြီး သိပ်မကြာ ခင်မှာပဲ နိုင်ငံပိုင်သတင်းစာ က နေ အခု သတင်းကို ဖော်ပြ ခဲ့တာပါ။သေပြီဆိုတဲ့ သတင်းတွေ ကတော့ Hong Kong TV director Shijian Xingzou က နေ စ ထွက်ခဲ့တာပါ။အကောင့်  Follower (၁၅)သန်း ရှိနေတဲ့ သူမရဲ့ Weib o  အကောင့် ကနေ သေပြီဆိုပြီး သတင်းစ ဖွ ခဲ့တာပါ။သူမ ကတော့ နိုင်ငံခြား ရေး ၀န်ကြီး တစ်ယောက်ရဲ့ တူ မပါ။ သူမတင်ပဲ လားဆိုရင်တော့ မဟုတ်သေးပါဘူး။ဂျပန် မီဒီယာ တစ်ခု က နေ လည်း Kim တစ်ယောက် ဒီလ  အစော ပိုင်းက နှလုံး ခွဲ စိတ်မှု ခံယူထားရတယ်၊ အ ခြေ အနေ မ ကောင်းဘူး ဆိုပြီး ဖော်ပြ ခဲ့ပါတယ်။

READ
အသည်းတထိတ်ထိတ် ဖြစ်သွားစေတဲ့ အသက် (၁၂)နှစ်အရွယ် စကိတ်မယ်လေးရဲ့ တင်ဆက်မှု
Image:twitter/@DPRK_News

Kim  တစ်ေ ယာက် လူထု ရှေ့ က နေ ပျောက် နေတာ ကြာ နေတဲ့  အ ခြေ အ နေ ကလည်း သူ့ရဲ့ကျန်းမာ ရေး နဲ့ ပတ် သက်တဲ့ ကော လာဟလ တွေ ကို ထွက်ပေါ် စေတဲ့ အကြောင်းအရင်း တွေထဲက တစ်ခုပါ။သတင်းတွေ ကတော့ Kim တစ်ယောက် သက်ရှိ ထင်ရှားရှိတယ်၊ သေတယ်ဆိုတာ ကောလာဟလ လို့ ပြောလိုက်၊ သေပြီ သတင်း ထွက် နေတ ယ် ပြောလိုက် နဲ့ ဘယ်သတင်းက တကယ့် အမှန် လဲ ဆိုတာ ကတော့ ဒွိဟ ဖြစ် နေရတဲ့ အ နေ အထားပါ။တကယ်များ သေခဲ့မယ် ဆိုရင်တော့ အ နှေးနဲ့ အမြန်  ဆိုသလို မြောက်ကိုရီးယား ဘက်က နေ တရားဝင် ကြေညာ မယ်လို့ မျှော်လင့်ရပါ တယ်။

Source: Dailymail

SHARE