အမေရိကန်ပိုင် ဂူအမ်ကျွန်းကို သြဂုတ်လလယ်မှာ စတင်တိုက်ခိုက်မယ့် မြောက်ကိုရီးယား

လက်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ အမေရိကန်အခြေစိုက် စစ်စခန်းများတည်ရှိရာ ဂူအမ်ကျွန်းကို စတင်တိုက်ခိုက်ဖို့အတွက် အသေးစိတ်အစီစဉ်တွေကို တပ်မတော်အကြီးကဲတွေထံ ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

(Image: AFP)

ဒီအခြေအနေဟာ တတိယကမ္ဘာစစ် ဖြစ်နိုင်ချေရဲ့ လမ်းစ ဖြစ်နေပြီး၊ အမေရိကန်ကတော့ တိုက်ပွဲဝင်ဖို့အတွက် ဇူလိုင်ဒုတိယအပတ်ကတည်းက အသင့်ဖြစ်နေပြီလို့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။ မြောက်ကိုရီးယားရဲ့ လျှို့ဝှက်ထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က အပြင်ကို ပေါက်ကြားခဲ့ပြီး၊ အမေရိကန်နဲ့ မဟာမိတ်တွေကလည်း စစ်ပြင်နေပြီလို့ သိရပါတယ်။

တောင်ကိုရီးယား ဗိုလ်ချုပ် Kim Rak Gyom ရဲ့ ပြောကြားချက်အရတော့ မြောက်ကိုရီးယားဟာ ဂူအမ်ကို ပစ်ခတ်ဖို့အတွက် ဒုံးကျည် 12 ခု အသင့်ပြင်နေပြီး၊ မြောက်ကိုရီးယားက ပစ်ခတ်မယ့် ဒုံးကျည်တွေဟာ ဂျပန်ပိုင် Shimane, Hiroshima နဲ့ Koichi ပြည်နယ်တွေကို ဖြတ်သန်းသွားမှာမို့ ဂျပန်ကလည်း စစ်ပြင်နေပြီလို့ သိရပါတယ်။

READ
ဆယ်ကျော်သက်ကောင်လေးကို ဖျားယောင်းကာမရယူခဲ့သည့် အိမ်ထောင်သည်အမျိုးသမီး
(Image: REUTERS)

ဗိုလ်ချုပ် Gyom က ” သူတို့ ပစ်မယ့် ဒုံးကျည်က 1065 စက္ကန့်မှာ 3356.7 ကီလိုမီတာ ပြေးအား ရှိပါတယ် … ဂူအမ်ကျွန်းရဲ့ ရေပြင် 30 ကနေ 40 ကီလိုမီတာကို ထိခတ်မယ်လို့ ခန့်မှန်းရပါတယ် … ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်နယ်ထရမ့်က မြောက်ခေါင်းဆောင် ကမ်ကို သောက်ပေါလို့ ပြောခဲ့တာအတွက် မြောက်က တော်တော် ဒေါသထွက်နေပါတယ် “လို့ ဆိုပါတယ်။

(Image: REUTERS)
(Image: REUTERS)

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သမ္မတထရမ့်ဟာ သူတို့ရဲ့ ဒုံးကျည်ပစ်အမြှောက်တွေက မြောက်ကိုရီးယားထက် စွမ်းအားပြင်းကာ အဆင့်ပိုမြင့်တယ်လို့ ကြွားလုံးထုတ်ထားပါသေးတယ်။ အခုဆို အမေရိကန် B-1B အမျိုးအစား ဗုံးကျဲလေယာဉ်ပေါင်းများစွာ ဂူအမ်ကျွန်းနဲ့ ကိုးရီးယားကျွန်းဆယ်၊ ဂျပန် အစရှိတဲ့နိုင်ငံတွေမှာ ဖြန့်ကျက်ထားပြီး၊ မြောက်ကိုရီးယား စတင်တိုက်ခိုက်တာနဲ့ ချက်ချင်းတုန့်ပြန်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။

READ
အမှိုက်ပုံဖြစ်ခဲ့တဲ့ ကမ်းခြေကို သဘာဝတရားကြီးက လှပတဲ့ကမ်းခြေအဖြစ်ပြောင်းလဲခဲ့
(Image: REUTERS)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE