(၄၀)ပြည့်သွားတဲ့ Kim Kardashian အတွက် မိသားစုဝင်တွေရဲ့ မွေးနေ့ဆုတောင်းများ

Image:IG/Kim Kardashian

အောက်တိုဘာ (၂၁)ရက်နေ့က တော့ Kim Kardashian ရဲ့ အသက် (၄၀)ပြည့် မွေးနေ့လေးပါ။သူမရဲ့ မွေး နေ့ လေး မှာတော့ မိသားစု ၀င်တွေ ဖြစ်တဲ့ Kourtney Kardashian, Khloe Kardashian, Kris Jenner, Kylie Jenner ၊Kendall Jenner တို့ က ဗီဒီယို မက်ဆေ့ခ်ျ တွေနဲ့ မွေးနေ့ ဆုတောင်း ပေးခဲ့ ကြပါတယ်။တစ်ချို့ မက်ဆေ့ခ်ျ တွေ မှာတော့ ရယ်စရာ တွေရော၊၀မ်းနည်းစရာ တွေ ပါပါတယ်။ Kourtney က တော့ အသက်(၄၀) ပြည့်သွားတဲ့ အမ ကို (၄၀)တန်းက နေ ကြိုဆို ပါတယ် ဆိုပြီး စနောက် ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ eonline မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

Balmain Barbie

A post shared by Kim Kardashian West (@kimkardashian) on

“ငါနင့်ကို ချစ်တယ်၊နင်လုပ်သမျှ အရာ တိုင်းကို ဂုဏ်ယူတယ်၊အမေတစ်ယောက် အနေနဲ့ ရော၊ဒီလို စီးပွားရေးကို ဦးဆောင် နေတဲ့ အတွက် ရော၊ဒါတွေ အားလုံးကို နင် တစ်ယောက် တည်း ဘယ်လို လုပ် နိုင်လဲ ဆိုတာ ငါ မသိ ဘူး..” ဆိုပြီး ပြောခဲ့ပါတယ်။ အမေဖြစ်တဲ့ Kris က တော့ “အသက် ၄၀ ပြည့်ပြီ ဆိုတာ တောင် မယုံနိုင်ဘူး.မငိုပဲ မ နေနိုင်တော့ဘူး. သမီးက အ မေ့ရဲ့ နှလုံးသားပါ။အမေ့ ကမ္ဘာပါ။သမီးအတွက် ဂုဏ်ယူတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။သမီး ဖြစ်သူကို သူ ဘယ်လောက် ထိ ချစ်တဲ့ အ ကြောင်း သမီး သိပါတယ်. လို့ ပြော ပြီး သူ့ရဲ့ မွေးနေ့ ဆုတောင်းကို မျက်ရည်တွေ နဲ့ အဆုံးသတ်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian) on

Khloe က တော့ အစက စာ တစ်စောင် ရေးပေးဖို့ လုပ် ခဲ့ပေမယ့် မလုပ်ဖြစ် တော့ဘူး လို့ ပြော ခဲ့ပါတယ်။သူမက လည်း Kim က သူ့ အတွက် သူငယ်ချင်း ဆိုလဲ လည်းဟုတ်၊ညီအစ်မ ဆိုလည်း ဟုတ်တဲ့ လူမျိုးပါလို့ ပြောခဲ့ပါတယ်။” ဒီလို မျိုး သူ့ အတွက် အကောင်းဆုံး ပံ့ပိုး ပေးမယ့် လူမျိုးရှိတယ်၊မိတ်ဆွေ ကောင်း တစ်ယောက်အဖြစ် ပါ ရှိ နေ ပေးတာ ငါ အရမ်း ကံ ကောင်းတယ်..။နင်က နင် ဖြစ်နေလို့ ကိုပဲ ဒီကမ္ဘာ ပေါ်မှာ ရှိတဲ့ ကောင်းတဲ့ အရာ တွေ၊လှပ တဲ့ အရာ တွေ နဲ့ ထိုက်တန် တယ်..” လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Babies at Benihana

A post shared by Kim Kardashian West (@kimkardashian) on

Kendall က တော့ Kim က သူမ လေးစားအားကျရတဲ့ သူပါ လို့ ပြောခဲ့ပါတယ်။ Kylie က တော့ ကလေး(၄)ယောက် အ မေ Kim က တော့ သူ့ အသက် နဲ့ ယှဉ်ရင် အများကြီး Sexy ကျ တဲ့ သူ တစ်ယောက် ပါလို့ ပြောခဲ့ပါတယ်။ Khloe ရဲ့ Ex ဖြစ်တဲ့ Scott Disick ကေ တာ့ Kim က အသက် (၄၀)လို့ ကို မထင်ရ ဘူး ဆိုပြီး ပြောခဲ့ပါတယ်။ဒါ့အပြင် Kim က လေးစား အားကျ ဖို့ အကောင်းဆုံး အမျိုးသမီးတွေထဲက တစ်ယောက်ပါ၊(၄၀)နောက်ပိုင်း ကာလ တွေ ကို လည်း အတူတူ ဖြတ်ကျော် ချင်ပါတယ်။အသက်(၈၀) ဖြစ်သွားရင်တောင် နင်က (၄၀) ရုပ်ပဲ ထွက် နေမှာပါလို့ Scott Disick က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Spice Girls

A post shared by Kim Kardashian West (@kimkardashian) on

#SHWEMOM

SHARE