ဧရာမ ရေခဲ သေတ္တာကြီး နဲ့ Pantry ခန်း ကို ထုတ်ပြလိုက်တဲ့ Kim Kardashian

Image:IG/Kim Kardashian

ကောက်ကြောင်းအလှ ပိုင်ရှင် ဆယ်လီ မမ Kim Kardashian West   က တော့ သူမရဲ့  ဧရာ မ ရေ ခဲ သေတ္တာကြီးကို ထုတ်ပြလိုက်ပါတယ်။Kim  ကတော့ အရင်ကလည်း သူမရဲ့ အိမ်မှာ သုံးတဲ့ ပစ္စည်း တွေကို ကြုံရင် ကြုံ သလို ထုတ်ပြခဲ့ဖူးပါတယ်။Kim ကတော့ ဒီတစ်ခါ မှာ   ဧရာမ ရေခဲ သေတ္တာကြီးထဲမှာ လှည့်ပတ် လမ်းလျှောက်ပြီး အထဲမှာ ဘာတွေ ရှိလဲ ဆိုတာ ပြခဲ့ပါတယ်။ သူမရဲ့  ရေခဲသေတ္တာကြီးကို ကြည့်ရင်း အွန်လိုင်းအသုံးပြုသူတွေက ..” ရေခဲ သေတ္တာ ထဲ ပစ္စည်း ပတ်ကြည့်ရင်းနဲ့ ပင်ပန်း ပြီး အိပ်ပျော်နေအုံးမယ်၊ အကြီးကြီးပဲ ကုန်စိမ်းရောင်းတဲ့ ဆိုင်ကျ နေ တာပဲ။သူ့ ရေခဲ သေတ္တာက ငါ့ ရေချိုးခန်း ထက် တောင် ပို ကျယ်နေတယ်..” ဆိုပြီး အမျိုးမျိုး မှတ် ချက် ပေးခဲ့ပါတယ်။

Image:IG/Kim Kardashian
Image:IG/Kim Kardashian

ရေခဲ သေတ္တာရဲ့ အရှေ့ပိုင်းပုံကို အရင်ဆုံး ထုတ်ပြခဲ့တာပါ။နောက်ပိုင်းမှာတော့ Fan တွေ ကို အကုန်လုံး ထုတ်ပြဖို့ ဆုံးဖြတ်လိုက်ပုံ ဂရပါတယ်။မီးဖိုချောင်အတွက် လိုအပ်တဲ့ ဘယ်လိုအရာတွေ ကိုပါ သိုလှောင်ထားလဲ ဆိုတာကို ထုတ်ပြ ခဲ့ပါတယ်။” ပရိသတ်တွေ ဆီက အံ့သြပြီး အလန့် တကြား ဖြစ်သွားတဲ့ Comment တွေကို တွေ့တ ယ်။ ကျမရဲ့ က လေး လေးယောက်ကို ဘယ်လို တွေ ကျွေး မွေး နေလဲ ဆိုတာကို သူတို့ မြင်လိုက်ရတော့ အံ့သြသွားတ ယ်ထင်တယ်။ဒါက တော့ ကျမ တို့ ရေခဲ သေတ္တာရဲ့ အတွင်းပိုင်းပါ။အသီးတွေ၊ဟင်းသီးဟင်းရွက်တွေ အပြည့်ပဲ..” ဆိုပြီး IG Story မှာ  ပြခဲ့တာပါ။

READ
Viber Public Account ဖွင့်လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်
Image:IG/Kim Kardashian

အရင်ဆုံး Pantry(မီးဖိုချောင်နဲ့ တွဲ ပြီး စားစရာ တွေ သိမ်းထားတဲ့ အခန်း) ကို ပြ ခဲ့ပါတယ်။အဲ့ဒီမှာဆိုရင်တော့ ဒိန် ချဉ်  အ အေးခံ စက် လည်းရှိပါတယ်။” ဒါ ကတော့ ကျမရဲ့ Pantry ခန်းပါ။ပလတ်စတစ်တွေ ကို ရှင်းပြီး ဒါတွေ ကေ တာ့ Glass Jar တွေ ပါ..။ပလတ် စတစ် ပုလင်းတွေကို ရှင်းပစ်လိုက်ပြီ ဆိုတော့ အခုတော့ ဒီလို ဖြစ်သွားပြီ။ဒါက ကျမရဲ့ သောက်စရာ ရေခဲ သေတ္တာ..” ဆိုပြီး ပြခဲ့ပါတယ်။  သောက်စရာ ရေခဲသေတ္တာထဲမှာတော့ လုံးဝ သန့်ရှင်းလတ်ဆတ်တဲ့ အသီးတွေ၊နို့၊ရေသန့် တွေကို ထည့်ထားပါတယ်။ မီးဖို ချောင်ကြီး ကလည်း စက်ရုံကြီး တစ်ခုလို ပစ္စည်း အစုံ အလင်တွေ ပြည့်နေပါတယ်။

Image:IG/Kim Kardashian
Image:IG/Kim Kardashian

” ဒါ ကတော့ ကျမ တို့ရဲ့ အဓိက ရေခဲ သေတ္တာကြီးပါ။ကျ မ မှာ နောက်ထပ် Pantry တစ်ခု ရှိသေးတယ်။ဒါက ကျမ တို့ ချက်ပြုတ် တဲ့ မီးဖိုချောင် လေ..” ဆိုပြီး ပြောခဲ့ပါတယ်။ဒါပေမယ့် သူမရဲ့ ရေခဲ သေတ္တာနဲ့ Pantry ခရီးစဉ် ကြီးက တော့ ဒီမှာ တင်မပြီးသေးပါဘူး။အုတ်ဂျုံ နို့ နဲ့ မက်မွန် နို့ တွေ ကိုတော့ ဒီရေ ခဲ သေတ္တာ ထဲမှာ သိမ်း ပါတယ် ဆိုပြီး ထပ် ပြခဲ့ပါ တယ်။ကျမရဲ့ နောက်ထပ် Freezer  ကို ပြဖို့ ကျန် သေးတယ်ဆိုပြီး ထပ်ပြခဲ့ပါတယ်။Kim Kardashian က တော့ အခုလို ထူးထူး ဆန်းဆန်း ပစ္စည်းတွေကို ထုတ်ပြ တာ ဒါပထမဆုံး တော့ မဟုတ်ပါဘူး။(၂၀၁၉) ဧပြီ လ သူမရဲ့  ရေချိုးခန်းကို ထုတ်ပြခဲ့ဖူးပါတယ်။

 

View this post on Instagram

 

A little late but Happy New Year

A post shared by Kim Kardashian West (@kimkardashian) on

Source:Kim’s IG & people

SHARE