Kim Kardashian ရဲ့ Met Gala After Party ဖက်ရှင်

Met Gala ပွဲကိုတော့ မေလ (၆)ရက်နေ့က နယူးယော့ခ်က The Metropolitan Museum of Art မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ဒီနှစ်ရဲ့ Theme ကတော့ Camp: Notes on Fashion ပါ။ဒီနေရာမှာ ပြောချင်တဲ့ Camp ကတော့ (outdoor activity) ကို ရည်ညွှန်းတာ မဟုတ်ပါဘူး။အမေရိနက်စာရေးဆရာမ ရေးတဲ့ (၁၉၆၄)တုန်းက အက်ေ ဆးဖြစ်တဲ့ “Notes on ‘Camp’” ကနေ အစပြုတာပါ။ပုံမှန်သမရိုးကျတွေ ကနေ ဖောက်ထွက်ပြီး Unnatural မဟု တ် တာတွေကို ရည်ညွှန်းတာပါ။ဒါကြောင့်လည်း ပွဲတက်လာတဲ့ ဆယ်လီတွေက ပုံမှန်မြင်တွေ့နေကျ ဖက်ရှင် တွေ နဲ့ လုံးဝမတူတဲ့ ကွဲပြားခြားနားတဲ့ ဖက်ရှင်တွေကို ၀တ်ဆင်ပြီး တက်ရောက်လာခဲ့တာပါ။Kim Kardashian ကတော့ သူမရဲ့ အမှတ်သင်္ကတ တစ်ခုလို့ ပြောလို့ရတဲ့ အမိုက်စား ညှို့အားပြင်းဝတ်စုံတွေကိုပဲ ရွေးချယ် ၀တ်ဆင်ခဲ့ပါတယ်။

Kim Kardashian IG
Kim Kardashian IG
Kim Kardashian IG

Met Gala ပွဲမှာရော After Party ပွဲမှာပါ သူမရွေးချယ်တဲ့ ဖက်ရှင်တွေ အားလုံးက ညှို့အားပြင်း ဖက်ရှင် တွေပါ။ After Party မှာတော့ အသက် (၃၈)နှစ်အရွယ် reality star Kim က သက်ရှိ အရုပ်မလေး လို မျိုး ဖက်ရှင် နဲ့ ပြင်ဆင်ချယ်သလာတာကို တွေ့ရပါတယ်။အ၀တ်အစားမှာတော့ အပြာရောင် mini dres ၊အ၀တ်အစား နဲ့ အရောင် တူတဲ့ Boot ဖိနပ်၊ခေါင်းပေါ်မှာတော့ ငွေရောင် ဆံပင်တု ကို စွပ်ထားပါတယ်။

READ
ကလေးသရုပ်ဆောင် Yoo Seung ရဲ့ လက်ရှိပုံရိပ်
Kim Kardashian IG
dailymail

 Kim Kardashian ကတော့ သူမရဲ့ Body ကောက်ကြောင်းကို အထင်းသားပေါ်လွင်စေတဲ့ Maison Mugler corset ကို ၀တ်ပြီး တက်ရောက်လာခဲ့ပါတယ်။ဝတ်စုံမှာတော့ ပုတီးစေ့လေးတွေကိုပါ အလှဆင်ပေးထားပြီး မိုးစက်လေးတွေ၊မိုးမိလာတဲ့ ပုံ စံမျိုးလေး သရုပ်ဖော်ဖန်တီးထားတာပါ။အသားအရောင်နဲ့ မခြားတဲ့ ကာလာကို ရွေးချယ်ဝတ်ဆင်ထားတာကို တွေ့ရပါ တယ်။

dailymail
dailymail

Source Dailymail

SHARE