Selfies ကြောင့် ခံစားနေရတဲ့ ရောဂါအကြောင်း Kim Kardashian ထုတ်ပြော

Kim Kardashian ကတော့ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ဆယ်လီမမ ပါ။ အသက် (၃၇)နှစ်ပါ။ အမေရိကန် television personality၊ စွန့်ဦးတီထွင်သူ၊ဆိုရှယ်မီဒီယာ Star တစ်ယော က်ပါ။သူမကို Paris Hilton ရဲ့ သူ ငယ်ချ င်းအဖြစ်နဲ့ လူတွေက စပြီး သတိထားမိခဲ့တာပါ။ဒါပေမယ့် (၂၀၀၇) တုန်းက  ချစ်သူဟောင်း Ray J နဲ့ သူမရဲ့ sex tape  ပေါက်ကြားလိုက်တဲ့ ကိစ္စကတော့ Kim ကို လူတွေက ပိုပြီး သတိပြု မိ စေခဲ့တာပါ။ သူမတို့ တစ်မိ သား စုလုံး ပါဝင်ထားတဲ့ Keeping Up with the Kardashians စီးရီးကတော့ အရမ်းကို နာမည်ကြီးပါတယ်။

 

ဆိုရှယ်မီဒီယာ Star တစ်ယောက်ဖြစ်တဲ့ သူမကတော့ IG မှာ အမြဲတမ်းလိုလို ပုံအလန်းလေးတွေ မကြာခဏ တင် လေ့ရှိသူပါ။သူမရဲ့ အကောင့်မှာဆိုရင် Followers (117) သန်းရှိပါတယ်။Keeping Up with the Kardash ians ရဲ့ အပိုင်းတစ်ခုမှာဆိုရင်တော့ Kim က Selfies ကြောင့် ဖြစ်ရတဲ့ သူမရဲ့ ရောဂါ အကြောင်း ကို ထုတ်ပြော လိုက်ပါတယ်။ဆိုရှယ်မီဒီယာ Star တစ်ယောက်ဖြစ်တဲ့ သူမဟာ Follower တွေကို ဆွဲဆောင်ဖို့ ပုံအလန်းလေးတွေ၊ Selfies ပုံအမိုက်စားလေးတွေကို မကြာခဏ ဆိုသလို တင်ပေးရပါတယ်။သူမအတွက်ကတော့ ဒါဟာ အလုပ် တစ်ခုပါ။ဒါပေမယ့် Selfies ပုံတွေ ရိုက်ပြီး ပရိသတ်ကို ဆွဲဆောင် နေရတဲ့ Kim ဟာ ကြာလာတော့ လက်မှာ ဒဏ် ဖြစ် သွားခဲ့ပါတယ်။ဘယ်လောက်အထိ ဆိုးလဲဆိုရင်တော့ သူမရဲ့ ဆရာဝန် က Selfies မရိုက်ဖို့ တားမြစ်ရတဲ့ အထိပါ။”ကျမရဲ့ လက်က နာလာတယ်..” ဆိုပြီး Kim က Khloe နဲ့ Kris Jenner တို့ကို ဖွင့်ပြောခဲ့ပါတယ်။Selfie ပုံ တွေ ရိုက်ပါ များလာတော့ လက်ကဒဏ်ဖြစ်လာပုံရပါတယ်။

READ
မြန်မာဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ ဘေဘီမောင်.

ဒီအကြောင်းနဲ့ပတ်သက်ပြီး Irish ဆေးပညာဆိုင်ရာ ဂျာနယ် တစ်ခု ကနေ Selfie နဲ့လက်ကောက်ဝတ်နာကျင်မှု အကြောင်းပြောခဲ့ပါတယ်။Selfie ကြောင့် လက်မှာ ဒဏ် ဖြစ်သွား တဲ့ အမျိုးသမီး လူနာ(၄)ယောက်ကို တွေ့ ဖူးကြောင်း၊Kim နဲ့ မတူတာကတော့ သူတို့ဟာ လက်ကို အားစိုက်ရတာများတော့ ကြွက်သားနဲ့ အကြောမှာ ဒဏ် ဖြစ်သွားခဲ့ကြတာပါ။ဒီလို ရောဂါမျိုးမှာ Selfie ချစ်သူတွေ အနေနဲ့ သတိထားသင့်တဲ့ ရောဂါမျိုးပါ။အလုပ်ကြောင့် မဖြစ်မနေ Selfies ရိုက်ဖို့ လိုနေတဲ့  Kim က တော့ Selfie Assistant ထားပြီး ဒီပြဿနာကို ဖြေရှင်း ခဲ့ပါတယ်။

shared.com

“Paxy ရေ ဒီကိုလာပြီး ငါ့ကို ကူညီပေးနိုင်မလား..” ဆိုပြီး ၀န်ထမ်းတစ်ယောက်ကို ခေါ်ပြီး အကူအညီ တောင်းခဲ့ပါတယ်။Kim ကတော့ selfie assistant  တစ်ယောက်ကို ငှားလိုက်ပုံရပါတယ်။Follower တွေ ကို ထိန်း ထားဖို့ မဖြစ်မနေလိုတဲ့ သူမအနေနဲ့ လက်ကောက်ဝတ်ဒဏ်လည်း ပိုဆိုးမလာအောင် ဒီနည်းနဲ့ ဖြေရှင်းလိုက်တာပါ။ Kim က ” Paxy ကို Selfie ရိုက်ဖို့ အတွက် ငှားလိုက်တယ်..ကျမရဲ့ လက်လည်း အနားရသွားတာပေါ့..” လို့ ဆိုပါတယ်။ဒါ့အပြင် သူမရဲ့ သမီးလေး North ကလည်း ဓါတ်ပုံရိုက်ပေးပါတယ်။သမီးဖြစ်သူကို ဓါတ်ပုံ ရိုက်ပေး လို့ ကျေးဇူးတင်ကြောင်း Post တင်ပြီး ပြောခဲ့ဖူးပါတယ်။

READ
စစ်မှုထမ်းသွားတော့မည့် လီမင်ဟိုရဲ့ နောက်ဆုံးပုံရိပ်များ

 

Source shared.com

SHARE