ခင်ပွန်း Kanye ရဲ့ စိတ်ကျန်းမာရေးက ပုံမှန်မဟုတ်ဟု Kim Kardashian ပြော

Image:IG/ Kim Kardashian

Kim Kardashian West က တော့ သူမရဲ့ ခင်ပွန်း Kanye ရဲ့ စိတ်ကျန်းမာရေး အ ကြောင်းကို အားလုံးသိ အောင် Instagram က တစ်ဆင့် ထုတ်ပြောလိုက်ပါတယ်။ဒီအ ကြောင်း တွေကိုတော့ CNN နဲ့ BBC သတင်းတို့ မှာပါ ဖော်ပြ ခဲ့ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက Kanye West ရဲ့ တွစ်တာ စာမျက်နှာ ပေါ်မှာ ဇနီးဖြစ်သူက ဆရာဝန်ပြ ပြီး သူ့ကို ပိတ် လှောင် ဖို့ြွကိုးစား နေတယ်၊သူ့ဘ၀ က Get Out ဇာတ်ကားထဲက လူမည်း အမျိုးသား လို ဖြစ် နေရပါပြီ ဆိုပြီး တွစ်တာ ပေါ်မှာ အရူး သွေးတန်းနဲ့ Post တွေ အများကြီး တင်ခဲ့ပါတယ်။ဒါပေမယ့် နာရီ ပိုင်း အတွင်းမှာပဲ Post တွေ ပြန်ဖျက် ခဲ့ပါတယ်။

 

View this post on Instagram

 

Happy Birthday to my King

A post shared by Kim Kardashian West (@kimkardashian) on

သူတို့လင်မယားကြား ဘာ ပြဿနာတွေရှိနေလဲ တော့ သေချာ မ သိရ ပေမယ့် Kim က တော့ သူမရဲ့ Instagram က နေ ခင်ပွန်း ဖြစ်သူရဲ့ စိတ်ကျန်းမာရေးက ပုံမှန် မဟုတ် ဘူး လို့ ထုတ် ပြောလိုပါတယ်။” အားလုံး သိတဲ့ အတိုင်းပဲ Kanye မှာ စိတ်ကြွ၊စိတ်ကျ လွန် ရောဂါ ခံစားနေရပါတယ်။ဒီလို ရောဂါ ခံစားရတဲ့သူ ဒါမှမဟုတ် သူတို့ ချစ်ရတဲ့ သူတွေ က ပဲ  ဘယ်လောက် ထိ ရှုပ် ထွေး နာကျင်ရလဲ ဆိုတာကို နားလည် ကြ လိမ့်မယ်။သူက အရမ်း တော် တဲ့ သူ ပါ။ဒါပေမယ့် ခက်ခဲရှုပ် ထွေးလွန်းတဲ့ လူမျိုးပါ။တစ်ခါ  တ လေ ကျရင် သူ့ရည်ရွယ် နဲ့ သူ့စကား တွေ က တ လွဲ စီ ဖြစ် နေတာ မျိုး တွေရှိတတ်တယ်..” လို့ ပြောခဲ့ပါတယ်။Kanye West က တော့ အ မေရိက ရဲ့ နာမည်အကြီးဆုံး ဂီတ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။အ မေရိကန် သမ္မ တ  ရွေးကောက် ပွဲ ၀င် မယ်လို့ ကြေညာခဲ့ပြီး ၊ရွေး ကောက်ပွဲ ၀င်နိုင် ဖို့ ကြိုးစားနေသူပါ။သူရဲ့ ပထမဆုံး လူထု စည်းဝေး ပွဲ က တော့ တွစ်တာ ပေါ်မှာ တော်  တော် လေး လူပြော များခဲ့ပါတယ်။

 

View this post on Instagram

 

GQ GENIUS ✨

A post shared by Kim Kardashian West (@kimkardashian) on

Kim နဲ့ Kanye  တို့ ဇနီး မောင် နှံ က တော့ (၂၀၁၄)က လက်ထပ် ခဲ့ပြီး သားသမီး (၄)  ယောက်ရှိပါတယ်။ဇူလိုင် (၂၂)ရက်နေ့က သူမရဲ့ အ ပြော မှာတော့ သူမဟာ အရင်တုန်းက ခင်ပွန်းရဲ့ စိတ်ကျန်းမာရေး နဲ့ မိသားစု အ ပေါ် ဘယ်လို သက် ရောက် မှု တွေ ရှိလဲဆိုတဲ့ အ ကြောင်း တစ်ခါ မှ လူတွေ ကို ထုတ် မ ပြောခဲ့ ဖူး ကြောင်း၊က လေးတွေ ကို ကာကွယ်ဖို့ နဲ့ Kanye ရဲ့ Privacy ကို ကာကွယ်ချင်စိတ် ကြောင့် ထုတ် မ ပြောခဲ့တာ လို့ ဆိုပါတယ်။ဒါ ပေမယ့် စိတ် ကျန်းမာ ရေး နဲ့ ပတ်သက်ပြီး အမည်းစက် နဲ့ နားလည်မှု လွဲ နေတာ တွေ ကြောင့် ထုတ်ပြော သင့်တယ်လို့ ခံစား လာရလို့  လို့ ပြောခဲ့ ကြောင်း Kim က ဆိုပါတယ်။ခင်ပွန်းဖြစ်သူဟာ လက်ရှိမှာ ပြစ်တင်ဝေဖန်မှု တွေ ခံ နေ ရ ကြောင်း၊ သူ့ရဲ့ အပြု အမှု အတကွ် စာနာ နားလည် ပေးဖို့ ကိုလည်း တောင်းဆို ထား ပါတယ်။စိတ်ကြွ၊စိတ်ကျ လွန် ရောဂါ  က ခင်ပွန်း ဖြစ်သူရဲ့ ဖန်တီးမှု စိတ်ကူးတွေ ကို တော့ ထိခိုက် နစ်နာ တာမျိုး မရှိဘူး လို့  Kim က ပြောခဲ့ပါတယ်။

#SHWEMOM

SHARE