မင်္ဂလာသက်တမ်း (၆)နှစ်ပြည့်သွားတဲ့ Kim Kardashian နဲ့ Kanye West

Image:IG/Kanye & kim

Kim Kardashian   နဲ့ Kanye West  တို့ ကတော့ အခုဆိုရင် မင်္ဂလာ သက်တမ်း (၆)နှစ်ပြည့် သွားပါပြီ။ သူတို့ နှစ် ယောက်ကတော့ (၂၀၁၄) မေလ တုန်းက အီတလီနိုင်ငံ Florence မှာ လက်ထပ်ခဲ့ကြတာပါ။ စယူ ခါစ တုန်းက တော့ ဘယ်လောက်မှ မခံဘူး ပြတ်မှာပဲ ဆိုပြီး အားလုံးက ထင် ကြေး ပေးတာ ခံ ရ ပေမယ့် လည်း လက်ရှိ အချိန် ထိ တော့ အိမ် ထောင်သက် (၆)နှစ် ကျော်သွားခဲ့ပါပြီ။ နှစ်ပတ်လည် နေ့ လေးမှာတော့ Kim က သူမရဲ့ IG မှာ ခင်ပွန်း ဖြစ်သူ နဲ့ အတူ တွဲ ရိုက်ထားတဲ့ ပုံ လေးတွေ ကို တင်ပြီး အမှတ်တရ စကား ပြောခဲ့ပါတယ်။ ဒီ အ ကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

6 years down; forever to go Until the end

A post shared by Kim Kardashian West (@kimkardashian) on

(၆)နှစ်ပြည့် က နေ ဘ၀ဆုံးအထိ အတူရှိ ချင်ပါတယ်လို့ Caption ရေးပြီး ခင်ပွန်းကို ကတိ ပေးခဲ့ပါတယ်။ Kim ရဲ့ မေ မေ  Kris Jenner ကလည်း သမီးနဲ့ သားမက် အတွက် Happy Anniversary  ဆိုပြီး သူမရဲ့ IG မှာ ဆု တောင်း ပေးထားပါတယ်။ Kim Kardashian နဲ့ Kanye West  တို့ မှာတော့ North, Saint, Chicago, Psalm ဆိုတဲ့ က လေး (၄)ယောက်ရှိပါတယ်။ ကိုဗစ် ကြောင့် က လေး လေး ယောက်နဲ့  အိမ် တွင်း အောင်း နေရတာ ဟာ သူမ အတွက် တော့ စိန် ခေါ် မှုကြီး ပါလို့ Kim က ဆိုပါတယ်။

READ
ကနေဒါပတ်စ်ပို့ကို စွန့်လွှတ်ပြီး အိန္ဒိပတ်စ်ပို့ယူမယ့်အကြောင်းပြောလာတဲ့ အိန္ဒိယမင်းသား
Image:IG/Kanye West

နောက်ထပ် က လေး တစ်ယောက် ထပ်ယူ ရင် ကောင်း မ လား ဆိုတဲ့ စိတ်ကူး တောင် တွေးမိသလို ၊က လေးတွေ အတွက် အချိန် ပေး နိုင်တာ ကောင်း  ပါတယ် ဆိုပြီး ပြောခဲ့ပါတယ်။ Kanye West  နဲ့မယူခင်အရင်တုန်းကလည်း လက်ထပ်ခဲ့ဖူးပါ တယ်။ Damon Thomas နဲ့ က (၂၀၀၀)မှာ လက်ထပ်ပြီး (၂၀၀၄)မှာ ကွာခဲ့ပါတယ်။Kris Humphries နဲ့ ကတော့ (၂၀၁၁)မှာ လက်ထပ်ပြီး (၂၀၁၃)မှာ ကွာခဲ့ပါတယ်။

 

View this post on Instagram

 

Hindsight’s 2020

A post shared by Kim Kardashian West (@kimkardashian) on

မင်္ဂလာ နှစ်ပတ်လည် အမှတ်တရ Post တင်ပြီးနောက်မှာတော့ Kim က သူမရဲ့ IG မှာ အိမ် မှာ နေရင်း တောင် မှ ဒေါက်ဖိနပ်နဲ့ လန်း နေတဲ့ သူမရဲ့ ပုံလေးတွေ ကို တင်ခဲ့ပါတယ်။ သူမရဲ့ လှ ပတဲ့ ကောက် ကြောင်း အလှ ကို အထင်း သား ပေါ် လွင်စေတဲ့ Snap ပုံလေးတွေ ပါ။ Kim နဲ့ သူမရဲ့ မိသားစု ကတော့ ကပ်ရောဂါ ဖြစ်ပွား နေတဲ့ ဒီ လို အချိန် နမှာ တစ်ယောက်နဲ့ တစ်ယောက် ခွဲ နေ ကြတယ်လို့ ဆိုပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကို တွန်းလှန် နိုင်ဖို့ ချမှတ် ထားတဲ့ စည်း မျဉ်း စည်းကမ်းတွေ ကို လေးစားလိုက်နာပြီး နေထိုင် နေပါတယ်လို့ Kim က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Happy 6th anniversary. #kanyewest

A post shared by Kanye West (@kanyew.est) on

#SHWEMOM

SHARE