မှားယွင်းစွာ အကျဉ်းချခံခဲ့ရသူတွေအတွက် အိမ်ဖြူတော်မှာ အရေးဆိုပေးခဲ့တဲ့ ရှေ့နေကင်မ်

WhiteHouse_Instagram

Kim Kardashian ဟာ နာမည်အကြီးဆုံး celebrity တွေထဲ တစ်ယောက်အပါအဝင်ပါ။ Influencer တွေဖြစ်တဲ့ Kardashian-Jenner မိသားစုထဲက အစ်မကြီးအဖြစ် လူသိထားကြပြီး ကမ္ဘာကျော်ဟစ်ဟော့အဆိုတော် Kanye West ရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိလွန်းတဲ့ ကိုယ်ဟန်အချိုးအစားနဲ့ အရင်တုန်းကလည်း ဓာတ်ပုံမော်ဒယ်လုပ်ဖူးတာကြောင့် သူမရဲ့ လူမှုကွန်ယက်တွေမှာ follower ပေါင်း သန်းနဲ့ချီကိုရှိနေတာပါ။

Kim ဟာ၂၀၁၈ ခုနှစ်လောက်တုန်းက California State Bar မှာ ဥပဒေအကြံပေးအဖွဲ့အစည်းတစ်ခုရဲ့အောက်မှာ ဥပဒေပညာကို ၄ နှစ်တာအတန်းနဲ့ တရားဝင် သင်ကြားခွင့်ရဖို့ စာတင်ခဲ့ပါတယ်။ သူမအနေဲ့ တစ်ပတ်မှာ ၁၈ နာရီ အချိန်ပေးကာ ဥပဒေနဲ့ပတ်သက်တာတွေ လေ့လာရမှာဖြစ်ပြီး အခါအားလျော်စွာ အဖွဲ့နဲ့လိုက်ပြီးတော့ ရုံးချိန်တွေကိုလည်း လိုက်ကူပေးရမှာဖြစ်ပါတယ်။ လစဉ်ဖြေဆိုရမယ့် စာမေးပွဲတွေကို သေသေချာချာဖြေဆိုရင်း ရှေ့နေတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပြီပဲဖြစ်ပါတယ်။

DFree/Shutterstock

သူမကို စောင့်ကြည့်သင်ကြားပေးနေတဲ့ ဥပဒေအကြံပေးအဖွဲ့ကတော့ #cut50 ဖြစ်ပြီး အထူးသဖြင့် မှားယွင်းစွာထောင်ချခံရသူတွေကို ဦးစားပေးကာ အမှုပြန်လိုက်ပြီး အပြစ်မရှိကြောင်း သက်သေပြနေတဲ့အဖွဲ့တစ်ခုပါ။ Kim တစ်ယောက် အလုပ်သင်အဖြစ် လုပ်ကိုင်နေစဉ် အသက် ၆၃ နှစ်အရွယ် အဖွားတစ်ယောက်နဲ့ မူးယစ်ဆေးဝါးအမှုကို ပထမဆုံးအကြိမ်အဖြစ် ကျူးလွန်ဖူးသူအမျိုးသမီးတစ်ယောက်တို့ကို ဥပဒေမှသက်ညှာစေကာ ထောင်ထဲကနေ ထုတ်ပေးခဲ့ဖူးပါတယ်။ အဲဒီအချိန်ကစပြီး သူမရဲ့စိတ်ထဲမှာ တကယ်လိုအပ်နေသူတွေအတွက် ဥပဒေဆိုတာ သက်ညှာပေးပါလားဆိုတာ သဘောပေါက်သွားပြီး #cut50 ရဲ့ လမ်းစဉ်အတိုင်း မှားယွင်းစွာထောင်ချမှုတွေကို တစ်ချိန်မှာ ပြန်ပြင်ပေးနိုင်တဲ့ ရှေ့နေကောင်းတစ်ယောက်ဖြစ်ချင်လာခဲ့တယ်လို့ Forbes မှ သိခဲ့ရပါတယ်။ ဒီလိုစိတ်နဲ့ကြိုးစားနေခဲ့ရင်းက မကြာသေးခင်ကပဲ သေဒဏ်ကျနေတဲ့ သက်ကြီးအမျိုးသားတစ်ယောက်ကိုလည်း ကယ်တင်လိုက်ပါသေးတယ်။

 

၂၀၁၉ ဇွန်လ ၁၁ ရက်နေ့တုန်းကတော့ Kim Kardashian တစ် တအိမ်ဖြူတော်ရဲ့အခမ်းအနားတစ်ခုမှာ အိမ်ဖြူတော်အကြံပေးအရာရှိ Jared Kushner နဲ့ အမေရိကန်သမ္မတရဲ့သမီး Ivanka Trump တို့နဲ့အတူတကွ တွဲထိုင်နေတဲ့ပုံဟာ Insider အပါအဝင် သတင်းဌာနတိုင်းလိုလိုမှာ တက်လာခဲ့ပါတယ်။

READ
တိရိစ္ဆာန်ရုံမှာ မင်္ဂလာပွဲကျင်းပနေစဉ် ဝက်ဝံလေးရဲ့ မျက်နှာ်ဘေးကြောင့် လူအများဟတ်ထိခဲ့ရ
lev radin/Shutterstock

 

သူမရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဒုစရိုက်မှုတွေအတွက် အမှန်တရားများ ပေါ်ပေါက်ရေးအတွက် ရှေးရှုပြီး အမေရိကန်ရဲ့သမ္မတနဲ့ စကားဆွေးနွေးချင်နေခဲ့တာကြာနေပြီလို့ Insider မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် Kim Kardashian ဟာ Ivanka Trump နဲ့ သူမရဲ့ဆန္ဒကို အရင်ဆုံးဆွေးနွေးခဲ့ပြီး Ivanka ရဲ့ ခင်ပွန်း Jared Kushner ကတော့ သူမကို အိမ်ဖြူတော်အထိရောက်အောင် အဓိကဆွဲတင်ပေးခဲ့သူပါလို့ ထုတ်ပြောခဲ့ပါတယ်။ Kim Kardashian ဟာ ထောင်မှလွတ်လာတဲ့လူတွေကို လူ့လောကထဲပြန်ဝင်လို့ရအောင် စားဝတ်နေရေးအတွက် အလုပ်လျှောက်တဲ့အခါမျိုးတွေမှာ စိတ်ချရပါတယ်ဆိုတာကို ပြနိုင်ဖို့အတွက် အစိုးရအနေနဲ့ တရားဝင်ကတ်လိုမျိုး လုပ်ပေးသင့်တယ်လို့လည်း Trump ကို အဆိုတင်သွင်းခဲ့ပါသေးတယ်။

 

 

View this post on Instagram

 

#Repost @realdonaldtrump ・・・ In December of last year, I signed into law groundbreaking and historic reform to our criminal justice system: The First Step Act. Since its passage, more than a dozen states have advanced similar reforms at the state level. Now, we must make sure that Americans returning from prison get a true Second Chance. America wins when citizens with a criminal record can contribute to their communities as law-abiding members of our society. When former inmates come home, the single most important action we can take is to help them find a good job. Too often, former inmates are not even considered for jobs—even if they are qualified, rehabilitated, and ready to work. That is why we are taking crucial steps to encourage businesses to expand Second Chance hiring practices. When we say “Hire American,” we mean ALL AMERICANS.

A post shared by The White House (@whitehouse) on

Kim Kardashian ရဲ့ ခင်ပွန်း Kanye West ဟာ Trump ရဲ့ အမာခံထောက်ခံသူတစ်ယောက်ဖြစ်ပြီး Kim ရဲ့ ဖခင်နဲ့လည်း Trump တို့ဟာ လုပ်ငန်းသဘောအရ မိတ်ဆွေတွေပါ။ Trump ကတောင် Kim ကို မျိုးရိုးကောင်းကလာပြီး ထက်မြက်တဲ့ မိတ်ဆွေပဲလို့တောင် ချီမွမ်းခန်းဖွင့်သွားခဲ့ပါသေးတယ်။

READ
လိင်ပိုင်းဆိုင်ရာ ရမက်ကြီးလွန်းတဲ့ ရည်းစားကို သတ်ဖို့ကြံစည်ခဲ့တဲ့အမျိုးသမီး
JStone/Shutterstock

Penny

SHARE