ပညာရှင်တွေရဲ့ အစစ်နဲ့တူလွန်းတဲ့ Kim Kardashian တင်အတုဘောင်းဘီ ဖန်တီးမှု

Instagram/@beate.karlsson

ဆွီဒင်နိုင်ငံက တီထွင်ဖန်တီးသူတွေဟာ Kim Kardashian ရဲ့တင်ပါးသဏ္ဍာန်တူ တင်အတုတစ်စုံကို ဖန်တီးခဲ့ကြောင်း Lad Bible သတင်းအရ သိရပါတယ်။ ဖန်တီးသူတွေကတော့ အီဒါဂျွန်ဆန်နဲ့ ဆိုင်မွန်ဆာရီနန်တို့ဖြစ်ပါတယ်။ တင်အတု စက်ဘီးစီးဘောင်းဘီတိုပုံစံဖြစ်ကာ ဆီလီကွန်သားနဲ့ ဖန်တီးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Instagram/@beate.karlsson

ဆာရီနန်က နယူးယောက်ပို့စ်ကို အခုလို ပြောပါတယ်။ “ကျွန်တော်တို့ဟာ လူတွေက အန္တရာယ်များတဲ့ ခွဲစိတ်မှုတွေပြုလုပ်နေတဲ့ခေတ်မှာ နေနေရပါတယ်။ တစ်ချို့တွေက Kim ရဲ့ တင်ပါးနဲ့တူအောင်လို့ဆိုပြီး ဈေးကြီးပေးပြီး ခွဲစိတ်မှုတွေလုပ်ကြတယ်။ Kim ရဲ့ တင်ပါးကို တော်တော်လေး လူသိကြသလို အင်စတာဂရမ်မှာ အပြောအများဆုံးအရာလည်း ဖြစ်နေပါတယ်။ ပြီးတော့ ဒီတင်တုက တင်ပါးကိုအမှီပြုပြီး ဒေါ်လာသန်းချီရှာနိုင်တဲ့ အမျိုးသမီးတစ်ယောက်ကို ချီးကျူးတဲ့သဘောလည်း ပါတယ်..”

READ
တစ်ခြားအမျိုးသမီးကိုချီးမွမ်းခဲ့တဲ့ ချစ်သူကို အညိုးနဲ့ ငယ်ပါဖြတ်ပစ်ခဲ့တဲ့ အမျိုးသမီး

လက်ရှိအချိန်ထိတော့ တင်တုကို ဈေးကွက်ထဲသွင်းဖို့ ပြုလုပ်နေဆဲဖြစ်ကာ ဖန်တီးသူတွေဟာ တင်တုဘောင်းဘီတိုရဲ့ အလေးချိန်ကို လျော့ချနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒီနှစ်နွေဦးရာသီမှာတော့ Kim ရဲ့တင်တုတွေဟာ ကန့်သတ်အရေအတွက်နဲ့ ဈေးကွက်ထဲ ရောက်လာတော့မှာ ဖြစ်ပါတယ်။ တင်တုဘောင်းဘီတထည်ကို ဒေါ်လာ (၄၅၀) ကြားကနေ (၆၀၀) ကြား တန်ဖိုးသတ်မှတ်ထားပါတယ်။

ထုတ်လုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကာလ်ဆန်ကတော့ “ပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော်တို့နားမှာ တွေ့ရတဲ့ ဈေးကွက်လိုအပ်ချက်တွေအပေါ်မူတည်ပြီး Kim ရဲ့တင်ကို အတုလုပ်ဖို့ ဆွေးနွေး ခဲ့ကြတာပါ။ ကျွန်တော်တို့က ဆီလီကွန်ရယ်၊ မိုက်ခရိုဖိုင်ဘာတွေရယ်ကို ရောစပ်ပြီး ထုတ်လုပ်ဖို့ရှိပါတယ်။ ဒါပေမယ့် အကောင်အထည်ပေါ်ဖို့ အစအဆုံးလုပ်ငန်းစဉ်ကိုတော့ အသေးစိတ်လုပ်ဖို့ လိုနေသေးတယ်..” လို့လည်း ပြောပြခဲ့ပါတယ်။

READ
ဖိနပ်ထဲ ရေမန်းထည့်ထားတယ်ဆိုတဲ့ ဒေါ်လာ (၃) ထောင်တန် Nike ဖိနပ်

လင်းလင်း (ShweMom)

SHARE