Kendall Jenner နဲ့ ဖက်ရှင်စတိုင်ခြင်းသွားတူနေတဲ့ Kim Kardashian

Kim Kardashian West တစ်ယောက် မကြာသေးမီက ၀တ်ဆင်ခဲ့တဲ့ ပွဲတက်ဝတ်စုံ ကတော့ လက်တလော မှာ အတော်လေး လူပြောများနေပါတယ်။အဓိက အကြောင်းအရင်းကတော့ အဲ့ဒီနေ့က သူမ၀တ်ခဲ့တဲ့ ၀တ်စုံ က Kendall Jenner တစ်ချိန်က ၀တ်ခဲ့ဖူးတဲ့ ၀တ်စုံနဲ့ တူနေလို့ပါ။Kim ကတော့ ဒီဝတ်စုံကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက နယူး ယော့ ခ် စီးတီးမှာ ကျင်းပခဲ့တဲ့ Versace pre-fall 2019 show  ပွဲမှာ ၀တ်ဆင်ခဲ့တာပါ။

mirror
mirror

Kim နဲ့ အတူသူမရဲ့ ခင်ပွန်း Kanye West လည်း ဒီပွဲကို အတူလိုက်ပါခဲ့ပါတယ်။Kim ကတော့ လက်လက် ထ နေတဲ့ လည်ပင်းအဟိုက် ၀တ်စုံကို ၀တ်ဆင်ပြီး တက်ရောက်လာခဲ့တာပါ။ရှေ့ဘက်ခြမ်းမှာ အလွှာ နှစ်လွှာ အထပ် ပုံစံ ကျနေပါတယ်။လည်ပင်းအဟိုက်အကျ ၀တ်စုံနဲ့ အတူ လည်ဆွဲကလည်း နှစ်ထပ်လည်ဆွဲ ပါ။သူမရဲ့ မိတ်ကပ် Artist ဖြစ်သူ Mario Dedivanovic ကတော့ Kim ကို Natural Look ပုံစံ မျိုး ဖြစ်အောင် ပြင်ဆင်ထားပါတယ်။မျက် လုံးမှာတော့ eye shadow ချယ်သပေးထားပါတယ်။

READ
အကယ်ဒမီ ဆုကြီးနှစ်ဆုကို ကြိုတင်ခန့်မှန်းပေးလိုက်တဲ့ ဟိန်းဝေယံ
mirror
mirror

အဲ့ဒီနေ့က Kim ၀တ်ခဲ့တဲ့ ၀တ်စုံဟာသူမရဲ့ ညီမငယ် Kendall Jenner ၀တ်ခဲ့ဖူးတဲ့ ဖက်ရှင်နဲ့ သွားတူနေပါတယ်။ ဒီဝတ်စုံကိုတော့ Kendall Jenner က လွန်ခဲ့တဲ့ နှစ်နှစ်က သူမရဲ့ အသက် (၂၁)နှစ်ပြည့်မွေးနေ့မှာ ၀တ်ခဲ့တာပါ။ငွေ ရောင်တွေ လက်လက်ထနေတဲ့ အဲ့ဒီဝတ်စုံကတော့ လက်ဘနွန်ဒီဇိုင်နာ Antoine Salameh ရဲ့ လက်ရာ ဖြစ်ပြီး  LaBourjoisie Brand ပါ။ဝတ်စုံမှာတော့ ကန်ဒေါ်လာ (၉၀၀၀) တန် Swarovski crystal တွေနဲ့ အလှဆင် ပေး ထားပါတယ်။

pinterest
pinterest

ဒါပေမယ့်လည်း Kendall က ဒီလိုစတိုင်မျိုးကို ၀တ်တဲ့ ပထမဆုံး တော့ မဟုတ်ပါဘူး။လွန်ခဲ့တဲ့ (၁၆)နှစ်တုန်းက Paris Hilton က သူမရဲ့ အသက် (၂၁)နှစ်ပြည့် မွေးနေ့ပွဲ မှာဝတ်ခဲ့ဖူးပါတယ်။

READ
အော်စကာတွင် La La Land နဲ့ Emma Stone အကောင်းဆုံးသရုပ်ဆောင်မင်းသမီးဆုရ
pinterest
pinterest

Source people

SHARE