‘ကီမိုနို’အမည်နဲ့ ကုန်ပစ္စည်းမထုတ်ဖို့ ကင်ကာဒက်ရှန်ကို ကျိုတိုမြို့တော်ဝန် မေတ္တာရပ်ခံ

Kim Kardashian Twitter /Daisaku Kadokawa FB

လက်ရှိ တိုကျိုမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒိုင်ဆာကူကာဒိုကာဝါက ကင်ကာဒက်ရှန်အနေနဲ့ ၎င်းတို့ရဲ့ ဂျပန်သင်္ကေတတစ်ခုဖြစ်တဲ့ ‘ကီမိုနို’အမည်ကို အလွဲသုံးစားမပြုဖို့ တောင်းဆိုလိုက်ပြီး၊ ဂျပန်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပြီး၊ ဂျပန်ယဉ်ကျေးမှုကိုလည်း သင်ပြပေးမယ်လို့ ဆိုပါတယ်။

ကင်ကာဒက်ရှန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသားကတ်ဝတ်စုံ ဖက်ရှင်အမျိုးအစားတစ်ခုကို “ကီမိုနို”Brand နဲ့ ထုတ်လုပ်မယ့်အကြောင်း သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ ကြေညာခဲ့ရာ၊ ဂျပန်ပြည်သူတွေက အလွန်ဒေါသထွက်ခဲ့ကြပြီး၊ တစ်ခြားနိုင်ငံရဲ့ ယဉ်ကျေးမှုကို လေးစားဖို့လိုတယ်လို့ ဝေဖန်ခဲ့ပါတယ်။

Kim Karashian/Twitter

ဒါပေမယ့် ကင်ကာဒက်ရှန်က ဒီနာမည်နဲ့ သက်ဆိုင်ရာက ထုတ်လုပ်ခွင့် ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့်၊ သူမအနေနဲ့ ဂျပန်ပြည်သူတွေရဲ့သဘောထားကို ဂရုစိုက်မှာမဟုတ်ကြောင်း တုန့်ပြန်ခဲ့တာကြောင့် ဂျပန်မှာ ကင်ကာဒက်ရှန်ဆန့်ကျင်ရေးတွေအထိ လှုပ်ရှားလာကြပါတယ်။

အခုအခါ တိုကျိုမြို့တော်ဝန်ကာဒိုကာဝါက အဲဒီအမည်ကို ပြောင်းလဲပေးပါရန် တောင်းဆိုခဲ့ပြီး၊ ဂျပန်ကိုလာဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ ဂျပန်ရောက်ရင် ဂျပန်တွေရဲ့ ယဉ်ကျေးမှုက ဘာဆိုတာ သင်ပြပေးမယ်လို့ ဆိုပါတယ်။ ဒီထုတ်ပြန်မှုကို ကာဒိုကာဝါက ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့တာပါ။

Ms. Kim Kardashian WestKimono Intimates, Inc.I am writing this letter to convey our thoughts on Kimono and ask you to…

Posted by 門川大作 on Friday, June 28, 2019

ကာဒိုကာဝါက “ ကီမိုနိုဟာ ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုသင်္ကေတ ဝတ်စုံဖြစ်ပြီး … နိုင်ငံရဲ့သဘာဝ၊ ခိုင်မာတဲ့သမိုင်းကြောင်း … ထကြွနိုးကြားတဲ့ ကြိုးစားအားထုတ်မှုများရဲ့ အဓိပ္ပါယ်တွေ ပြယုဂ်တွေပါဝင်ကြောင်း” ရှင်းပြထားပါတယ်။

READ
သခင်မရဲ့အုတ်ဂူဘေးကနေ ထွက်သွားဖို့ဆန္ဒမရှိတဲ့ ခွေးမလေးရဲ့အဖြစ်

ကီမိုနိုဝတ်စုံဟာ အလှအပတွေ၊ ဝိဉာဉ်တွေ ခိုအောင်းနေတဲ့ သဘောသဘာဝတွေပါဝင်ပြီး၊ ဂျပန်တို့ရဲ့ အမြတ်တနိုးတန်ဖိုးထားရာ ရိုးရာအမွေအနှစ်ဖြစ်တာကြောင့်၊ ကင်ကာဒက်ရှန်အနေနဲ့ တစ်ခြားအမည်ကို ပြောင်းလဲအသုံးပြုဖို့ မေတ္တာရပ်ခံလိုက်တာပါ။ စာထဲမှာ သူမကိုလည်း ဂျပန်ကို လာလည်ဖို့ ဖိတ်ထားပါသေးတယ်။

 

ကင်ကာဒက်ရှန်ကတော့ ပြီးခဲ့တဲ့ရက်က New York Times သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ၊ အမည်ပြောင်းလဲဖို့ စိတ်ကူးမရှိဘူးလို့ ပြတ်ပြတ်သားသား တုန့်ပြန်ထားပါတယ်။ သူမဟာ ကီမိုနိုနဲ့ပတ်သက်တဲ့ ကြေညာမှုအပြီးမှာ၊ အဖက်ဖက်က ဖိအားပေးမှုတွေ ခြိမ်းခြောက်မှုတွေ ဆက်တိုက်ပြုလုပ်ခံနေရတယ်လို့ သိရပါတယ်။

READ
တရုတ်အမျိုးသားထုကြီးကို ရုတ်ရုတ်သဲသဲဖြစ်စေခဲ့တဲ့ Porn Star Sora Aoi ရဲ့ မင်္ဂလာသတင်း

 

Yuka Ohishi/Twitter
Kim Karashian/Twitter

အဆုံးသတ်မှာတော့ ကင်ကာဒက်ရှန်က သူမရဲ့ ထုတ်ကုန်တွေနာမည်ကို ပြောင်းလဲပေးဖို့ စဉ်းစားနေပြီဖြစ်ကြောင်းကို ပရိသတ်တွေထံ အသိပေးသွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

လင်းသူရိန် (Shwemom)

Ref : CNN , BBC , SoraNews

SHARE