သမ္မတလောင်းချင်းအတူတူ ခင်ပွန်းအစား Joe Biden ကို အားပေးနေခဲ့တဲ့ Kim Kardashian

[email protected]

Kim Kadarshian နဲ့ Kanye West ကတော့ အနုပညာလောကမှာသာမကဘဲနဲ့ အခုဆိုရင် နိုင်ငံရေးလောကမှာပါ လူတွေရဲ့ အာရုံစိုက်စိတ်ဝင်စားခြင်းကိုခံနေရတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်နေခဲ့ပါပြီ။

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian) on

မကြာသေးခင်က ကျင်းပပြုလုပ်လို့ပြီးသွားခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump နဲ့ Joe Biden တို့လိုမျိုး မဲအပြတ်အသတ်နဲ့ ရှေ့ပြေးနေတဲ့ Republican နဲ့ Democratic ပါတီကြီးတွေရဲ့ ကိုယ်စားလှယ်တွေ ဝင်အရွေးခံခဲ့တဲ့အပြင် တခြားသော ပါတီသေးတွေနဲ့ တစ်သီးပုဂ္ဂလတွေဟာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

တစ်သီးပုဂ္ဂလတွေထဲမှာတော့ Kanye West က လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရဆုံးပါပဲ။ Kanye West ဆိုတာ အရင်တုန်းက နိုင်ငံရေးနဲ့လုံးဝမသက်ဆိုင်တဲ့ အနုပညာရှင်တစ်ဦးပါ။ အမေရိကန်ရက်ပ်ပါတစ်ဦးဖြစ်ပြီးတော့ နောက်ပိုင်းကျကာမှ Donald Trump ကို အားပေးထောက်ခံရင်း နိုင်ငံရေးလောကထဲကို ရောက်လာခဲ့ပါတော့တယ်။ ဒီအပြင်က ဇနီးသည် Kim ဆိုတာဟာလည်း ဥပဒေပညာကို သင်ယူနေခဲ့ပြီးတော့ ရှေ့နေအဖြစ်အမှုတွေတောင် လိုက်လာနေခဲ့ပါပြီ။ အခု ၂၀၂၀ အမေရိကန်ရဲ့ သမ္မတရွေးကောက်ပွဲမှာလည်း Kanye West ဟာ သမ္မတအဖြစ်ဝင်ရောက်အရွေးခံခဲ့ပါတယ်။

ဒါပေမဲ့လည်း Kanye West ဟာ ကိုယ့်ကိုယ်ကိုပြန်ပြီး မဲထည့်ခဲ့တာတောင်မှပဲ ၁,၂၆၆ မဲသာ ရခဲ့ပြီးတော့ Democratic Party ရဲ့ ကိုယ်စားလှယ် Joe Biden ဟာ မဲပေါင်း ၂၄၂,၈၀၅ နဲ့ စုစုပေါင်း မဲရာခိုင်နှုန်း 66.4% နဲ့ (၆၄) ယောက်မြောက်အမေရိကန်သမ္မတဖြစ်လာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Joe Biden (@joebiden) on

Joe Biden သမ္မတဖြစ်ကြောင်လည်း တရားဝင်ထုတ်ပြန်ပြီးရော Kanye West ရဲ့ ဇနီး Kim ဟာ သူမရဲ့ social media account တွေမှာ Joe Biden ကို ဂုဏ်ပြုကြောင်း post တွေ တောက်လျှောက်တင်လာခဲ့ပါတယ်။ ဒီအတွက်လည်း လူတွေဟာ Kim နဲ့ Kanye ရဲ့ အဖြစ်ကိုကြည့်ပြီး ရယ်ရခက်ငိုရခက်တွေဖြစ်နေခဲ့ပါတယ်။

READ
"007"ပရိသတ်တွေကို သဘောထားကြီးကြီးထားပေးဖို့ တောင်းဆိုလိုက်တဲ့ Bille Eilish

 

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian) on

 

ဟုတ်လည်းဟုတ်တယ်လေ။ သမ္မတဝင်အရွေးခံတာချင်းအတူတူ ခင်ပွန်းဖြစ်သူ မရှုမလှရှုံးသွားတာကိုကျ social media မှာ မနှစ်သိမ့်ဘဲနဲ့ Joe Biden ကိုပျော်ပျော်ကြီးထောက်ခံနေတယ်ဆိုတော့လည်း.. Kanye တစ်ယောက် အခုချိန် ဘယ်လိုများ ခံစားနေရမလဲမသိဘူး။

penny

READ
The Grace အဖွဲ့ဝင် Sunday ရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့ကြတဲ့ SNSD နဲ့ Super Junior

 

SHARE