ဆံပင်အတိုနဲ့လည်း လှလွန်းနေလို့ လူကြိုက်များနေတဲ့ မင်းသမီး Kim Yoojung

IG/kdrama_sul

မင်းသမီး Kim Yoojung ကတော့ K-drama ပရိသတ်တွေနဲ့ မစိမ်းတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ ကလေးဘဝတည်းက သရုပ်ဆောင်လုပ်ခဲ့သူမို့ သူမရဲ့ သရုပ်ဆောင်နိုင်စွမ်းကလည် ပိုင်နိုင်လှသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက Backstreet Rookie ဆိုတဲ့ ဇာတ်လမ်းတွဲကို မင်းသား Ji Changwook နဲ့ အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားက ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုတော့ ရနေဆဲပဲ ဖြစ်ပါတယ်။

ဒီအပတ် ထွက်ရှိခဲ့တဲ့ အပိုင်းသစ်မှာတော့ အမေရိကန် ဟာသ/မှုခင်း ရုပ်ရှင် Pulp Fiction ကို ပုံစံယူပြီး ရယ်စရာ ပုံစံ ရိုက်ကူးထားတဲ့ အခန်း ပါဝင်ခဲ့ပါတယ်။ ဒီအခန်းနဲ့ ပတ်သတ်ပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြောင်းကို kstarlive ကနေ ရေးသားထားခဲ့ပါတယ်။

READ
Beyonce ဆီက ရတဲ့ လက်ဆောင်ကြောင့် အရမ်း ပျော်နေတဲ့ CL

ဟာသသဘော ကတဲ့ ဒီဇာတ်ဝင်ခန်းမှာတော့ Ji Changwook ကတော့ ဆံပင်ရှည်ပုံစံ ပြုလုပ်ထားပြီး Kim Yoojung ကတော့ ကုတ်ဝဲပုံစံဆံပင်တုကို ဝတ်ဆင်ထားပါတယ်။ ဒီလို ဆံပင်အတိုပုံစံနဲ့လည်း Kim Yoojung က ခပ်မိုက်မိုက် ခပ်မိမိပုံစံ ဖြစ်နေခဲ့ပါတယ်။ ဒီပုံစံကို ပရိသတ်တွေက သဘောကျပြီး အွန်လိုင်းမှာ သူမရဲ့ ပုံရိပ်တွေ ပြန့်နှံ့နေပါတယ်။

https://www.instagram.com/p/CCIxbZqpxjy/

ဆံပင်ပုံစံနဲ့ ပတ်သတ်ပြီး သူမကို အခုလို လူပြောသူပြောများတာကလည်း ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ သူမက အမြဲ ဆံပင်ပုံစံ အပြောင်းအလဲတွေ လုပ်တတ်တဲ့သူ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အခုပုံနဲ့ ပတ်သတ်ပြီး သူမက အရမ်း ချစ်ဖို့ ကောင်းလိုက်တာ၊ အရမ်းလိုက်တာပဲ စသဖြင့် ပြောဆိုမှုတွေနဲ့ သူမကို စိတ်ဝင်စားမှု ပိုနေကြပါတယ်။

READ
အရင်ချစ်သူနဲ့ ပြတ်စဲရတာဟာ ရွှေမှုံကြောင့် မဟုတ်ပါဘူးလို့ ထုတ်ပြောလိုက်တဲ့ ရွှေထူး

Kham

 

SHARE