YouTube ဗီဒီယိုတစ်ခုကြောင့် ပြန်အသက်ဝင်လာတဲ့ ကိုရီးယားနဲ့တရုတ်တို့ရဲ့ “ကင်မ်ချီစစ်ပွဲ”

YouTube- 李子柒 Liziqi

၂၀၂၀ ခုနှစ်တုန်းက တရုတ်နဲ့တောင်ကိုရီးယား အင်တာနက်အသုံးပြုသူတွေကြားထဲမှာ တရုတ်နိုင်ငံရဲ့ သတင်းတစ်ပုဒ်ကြောင့် ကင်မ်ချီစစ်ပွဲဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ ကင်မ်ချီဟာ တရုတ်လူမျိုးတွေရဲ့ မူရင်းအစားအစာဖြစ်တယ်လို့ မပြောရုံတမယ် သတင်းထဲမှာ ရေးထားလို့ပါပဲ။

ကျွန်တော်တို့ ကင်မ်ချီကိုစသိတုန်းက ကိုရီးယားကားတွေထဲ နီနီရဲရဲ မုန်ညှင်းတွေကို ငရုတ်အနှစ်တွေနဲ့နယ်နေတဲ့ အခန်းတို့၊ အစားအသောက်စားပွဲတိုင်း မပါမဖြစ် ဟင်းတစ်ခွက်အဖြစ် စပြီး သိခဲ့ကြတာပါ။ ဒါပေမဲ့ တရုတ်က ဒါကို သူတို့ရဲ့မူရင်းရိုးရာအစားစောပါလို့ ပြောလာတဲ့အချိန်မှာတော့ တောင်ကိုရီးယားလူမျိုးတွေဟာ မခံမရပ်နိုင်ဖြစ်ခဲ့ကြပြီး တရုတ်လူမျိုးတွေကို သူခိုးလို့ စွပ်စွဲခဲ့ကြပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဒီမှာနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

YouTube-李子柒 Liziqi

ကင်မ်ချီစစ်ပွဲဟာ တစ်လလောက်ပဲကြာခဲ့ပြီးတော့ ငြိမ်နေတုန်းမှာပဲ အခု YouTube က ဗီဒီယိုတစ်ခုကြောင့် ပြန်ပြီး သွေးတွေဆူပွက်လာခဲ့ပြန်ပါပြီ။ လွန်ခဲ့တဲ့ ၄ ရက်လောက်တုန်းက 李子柒 Liziqi ဆိုတဲ့ YouTube channel တစ်ခုကနေပြီးတော့ ဗိဒီယိုတစ်ခု တင်လာခဲ့ပါတယ်။ အဲဒီ channel ဟာ အရင်ကတည်းက အစားအသောက်တွေ ချက်ပြုတ်ပြတဲ့ channel တစ်ခုဖြစ်ပြီးတော့ subscriber ပေါင်း ၁.၄ သန်းနဲ့ ရပ်တည်လာခဲ့တတဲ့အတွက် တရုတ်နိုင်ငံရဲ့ အောင်မြင်တဲ့ channel တွေထဲက တစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။

YouTube- 李子柒 Liziqi

အဲဒီဗီဒီယိုထဲ vlogger အမျိုးသမီးဟာ စိုက်ခင်းထဲသွားပြီးတော့ မုန်ညင်းတွေ၊ မုန်လာဥတွေ စတဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးခပ်ပြီး ကင်မ်ချီတည်နေခဲ့တာပါ။ ဒီမှာပြဿနာကစတော့တာပါပဲ။ အဲဒီဗီဒီယိုရဲ့ောအက်မှာပဲ လူမှုကွန်ယက်တွေမှာရော တောင်ကိုရီးယားလူမျိုးတွေဟာ ချက်နဲ့လက်နဲ့ကို တရုတ်က သူတို့ရဲ့ ရိုးရာတွေကို ခိုးနေတယ်ဆိုပြီး ပြောခဲ့ကြတာဖြစ်ပါတယ်။

ခိုးချတယ်ဆိုတဲ့ ပြဿနာဟာ ကင်မ်ချီတစ်ခုတည်းတင်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကလည်း တရုတ်ကနေပြီး ကာတွန်းစာအုပ် Old Xian ကို ထုတ်ခဲ့ရာမှ အဲဒီကာတွန်းထဲ သုံးထားတဲ့ အဝတ်အစားတွေဟာ တောင်ကိုရီးယားရဲ့  ရိုးရာဝတ်စုံတွေဖြစ်တယ်ဆိုပြီးတော့ ပြောခဲ့တဲ့အတွက် အင်တာနက်ပေါ်မှာ ရန်တွေဖြစ်ခဲ့ပါသေးတယ်။

penny

SHARE