နီယွန်မီးရောင်စုံတွေနဲ့ တီထွင်ဖန်တီးထားတဲ့ Cyberpunk ကီမိုနိုဖက်ရှင်သစ်

twitter/1_design

နီယွန်မီးတွေကို အဝတ်အစားထဲထည့်သွင်းဖန်တီးထားတဲ့ ကီမိုနိုဒီဇိုင်းတွေဟာ ဂျပန်နိုင်ငံရဲ့ ဖက်ရှင်အသစ်အဆန်းတစ်ခုအဖြစ် ထွက်ပေါ်လာပါပြီ။ တိုကျိုက Shinjuku နဲ့ Akihabara တို့လို နေရာတွေကိုရောက်ရင်တော့ မီးရောင်စုံနံရံတွေနဲ့အတူ အထပ်ပေါင်းများစွာပါဝင်တဲ့ နည်းပညာစတိုးကြီးတွေဟာ လူတွေရဲ့ စိတ်အာရုံကိုဖမ်းစားနိုင်ပါတယ်။

ဒါပေမဲ့ ဒီလိုအဆင့်မြင့်ပြီး သိပ္ပံကမ္ဘာထဲရောက်သွားသလားတောင် ထင်ရတဲ့နေရာမျိုးတွေမှာ လိုအပ်နေတာကတော့ နီယွန်မီးရောင်စုံတွေနဲ့ ဖန်တီးထားတဲ့ဝတ်စုံတစ်စုံပါပဲ။ အခုလိုဝတ်စုံမျိုးကိုတော့ ဒီဇိုင်နာတစ်ဦးက ကျောပိုးအိတ်အသွင်နဲ့ဖန်တီးထားတဲ့အကြောင်း soranews24 သတင်းကနေတွေ့လိုက်ရပါတယ်။

အဆိုပါ ဒီဇိုင်နာကတော့ တွစ်တာအမည် Tanago ဖြစ်ပြီး သူ့ကိုယ်သူတော့ Cyber Mum လို့အမည်ပေးထားပါတယ်။ Cyber Mum က သူ့ရဲ့ပြောင်မြောက်လှတဲ့ဖန်တီးမှုကို အွန်လိုင်းပေါ်မှာ မျှဝေခဲ့တာပါ။ သူမဟာ တကယ့်နီယွန်မီးချောင်းတွေကို ကျောပေါ်မှာသယ်ဆောင်နိုင်တဲ့ ပထမဆုံးလူသားဖြစ်ပြီဆိုပြီး ပရိသတ်တွေကိုပြောပြထားတာဖြစ်ပါတယ်။

READ
အီတာလျံလေကြောင်းလိုင်းက မတ်တပ်ရပ်စီးနင်းလို့ရမယ့် မြင်းကုန်းနှီးပုံစံထိုင်ခုံသစ်များ

ကျောပိုးအိတ်ပေါ်က နီယွန်မီးချောင်းတွေကိုတော့ အသေးစိတ်ဖန်တီးထားတာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာတော့ “電脳” (“denno“). ဆိုပြီးတွေ့ရပါတယ်။ Kanji စာလုံးနှစ်လုံးနဲ့ ဖန်တီးထားတာဖြစ်ပြီး ပထမစာလုံးကတော့ မိုးကြိုးသွား ဒုတိယစာလုံးကတော့ ဦးနှောက်လို့အဓိပ္ပါယ်ရပါတယ်။ Denno ကိုတော့ cyberbrain လို့ဖတ်နိုင်တယ်ဆိုပါတယ်။

အခုလို နောက်ဆုံးထုတ်ကုန်ရတဲ့အထိ လုပ်ဆောင်ရတဲ့အဆင့်ဆင့်ကတော့ အချိန်ကြာရှည်လှပါတယ်။ အောက်ဘက်မှာတော့ ထုတ်လုပ်သူ Aoi Neon ကနေ နီယွန်မီးချောင်းလေးတွေကို ဂရုတစိုက်ကွေးပြီး ပုံပါဒီဇိုင်းထဲကလို Kanji စာလုံးပေါ်အောင်ပြုပြင်သွားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။


ShweMom

SHARE