ဈေးဝယ်သူအဖိုးနဲ့ စတိုးဆိုင်ဝန်ထမ်းလေးတို့ကြားထဲက စိတ်ကြည်နူးဖွယ်ဖြစ်ရပ်လေး

(၂၀၁၇)ခုနှစ်တုန်းက ထိုင်ဝမ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုပါ။ ထိုင်ဝမ်နေ လုဝေရွှမ်အမည်ရှိ အမျိုးသမီးတစ်ဦးဟာ သူမကိုယ်တွေ့မျက်မြင်ကြုံခဲ့ရတဲ့ စတိုးဆိုင်တစ်ဆိုင်က အဖြစ်အပျက်ကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပါတယ်။ သူမဟာ စတိုးဆိုင်သွားရင်း ရှပ်အင်္ကျီနဲ့ diaper ပဲဝတ်ထားတဲ့ အဖိုးအိုတစ်ဦးနဲ့ စတိုးဆိုင်ငွေကိုင်ဝန်ထမ်းတို့ကြားထဲက နွေးထွေးစရာကောင်းလွန်းတဲ့ ဖြစ်ရပ်လေးကို တွေ့မြင်ခဲ့ပြီး ဓာတ်ပုံရိုက်ယူနိုင်ခဲ့တာပါ။

အမျိုးသမီး လုဟာ မနက်စာဝယ်ဖို့အတွက် စတိုးဆိုင်ကိုထွက်လာခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူမက အသက်ကြီးနေပြီဖြစ်တဲ့ အဖိုးအိုတစ်ဦးကို သတိထားမိလိုက်ပါတယ်။ အဖိုးအိုက ရှပ်အင်္ကျီနဲ့ diaper ကို ၀တ်ဆင်ထားတာပါ။ သူမက အဖိုးကြီးဟာ သူမရဲ့ ဖခင်လိုပဲ အယ်ဇိုင်းမားဝေဒနာရှင်ဖြစ်နိုင်တယ်ဆိုပြီး တွေးခဲ့ပါတယ်။ အဖိုးအိုဟာ နို့ပုလင်းတွေ လာဝယ်တာ ဖြစ်ပါတယ်။

Credit: Facebook/Lu Wei Xuan

“အဖိုး နို့ပုလင်းက (၄) ပုလင်းပဲ ၀ယ်လို့ရမယ်..” ဆိုတဲ့ ငွေကိုင်လေးရဲ့ စကားပြောသံကို လုဟာ နားစွန်နားဖျားကြားခဲ့ပါတယ်။ ဒီစကားကြားတော့ သူမလည်း အတော်လေးအံ့သြသွားခဲ့ပါတယ်။ စတိုးဆိုင်အနေနဲ့ ဈေးဝယ်သူက များများဝယ်လေ၊ ဆိုင်အတွက် ပိုကောင်းလေ မဟုတ်ပါလား။ ဒီနောက်မှာတော့ အဖိုးအိုက နို့ပုလင်းလေးတွေ မ၀ယ်တော့ဘူး။ ဘူးကြီးတစ်ဘူးပဲ ၀ယ်တော့မယ်လို့ ပြောဆိုပုံရပါတယ်။ ငွေကိုင်လေးက ထပ်ပြီး “အဖိုး… နို့ကို ဘူးကြီး ၀ယ်မယ်ဆိုရင် အသေးလေးတွေ မ၀ယ်နဲ့တော့နော်… နို့မို့ဆို အားလုံးကုန်အောင် သောက်နိုင်မှာ မဟုတ်ဘူး..” လို့ ဆိုခဲ့တာပါ။

READ
ခွေးကြီးဖရက်ဒ်ရဲ့ ရင်ငွေ့ကိုလှုံရင်း ပျော်နေကြရှာတဲ့ မိဘမဲ့ ဘဲပေါက်လေးများ
Credit: Facebook/Lu Wei Xuan

အဖိုးအိုက သူဝယ်ထားတဲ့ ပစ္စည်းတွေကို ငွေရှင်းပြီးနောက်မှာတော့ စတိုးဆိုင်ထဲကနေ ပြန်ထွက်သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ၄င်းငွေကိုင်ကောင်လေးက အဖိုးအိုနောက်ကနေ လိုက်ထွက်သွားတာကိုပါ လုက မြင်လိုက်ရပါတယ်။ ငွေကိုင်ကောင်လေးဟာ အဖိုးအိုကို ၄င်းအိမ်ဆီ လုံလုံခြုံခြုံနဲ့ ပြန်ရောက်အောင်လို့ နောက်ကနေ လိုက်စောင့်ရှောက်ပေးတာ ဖြစ်ပါတယ်။ သိရတာက အဖိုးအိုဟာ စတိုးဆိုင်ကို ပုံမှန်လာနေကြ ဖောက်သည်တစ်ဦးဖြစ်တာကြောင့် ငွေကိုင်လေးက အဖိုးအိုရဲ့ ကျန်းမာရေးအခြေအနေကို သတိပြုမိပုံရပါတယ်။

Credit: Facebook/Lu Wei Xuan

ကြင်နာတတ်တဲ့ ငွေကိုင်ကောင်လေးဟာ အဖိုးအိုရဲ့ လက်ထဲက အထုပ်ကိုလည်း ကူကိုင်ပြီး ဆွဲပေးခဲ့တာကို အခုလို တွေ့မြင်ရပါသေးတယ်။ ဆယ်မိနစ်လောက်အကြာမှာတော့ ၄င်းငွေကိုင်လေးဟာ အဖိုးကို အိမ်အရောက် အန္တရာယ်ကင်းကင်း ပို့ဆောင်ခဲ့ပြီးဖြစ်လို့ စတိုးဆိုင်ဆီ ပြန်ရောက်လာခဲ့ပါတယ်။ လူတစ်ဦးရဲ့ မေတ္တာနဲ့ပြုလိုက်တဲ့ အပြုအမူရဲ့ အကျိုးတရားဟာ အခြားလူတွေရဲ့ ရင်ကိုပါ လှုပ်ခတ်စေတာကို ခုဖြစ်ရပ်လေးမှာ တွေ့ရမှာပါ။ ဆိုရှယ်မီဒီယာပေါ်မှာ ၄င်းငွေကိုင်လေးရဲ့ ကြင်နာတတ်တဲ့ အပြုအမူနဲ့ ပတ်သက်လို့ လေးစားချီးကျူးနေကြောင်း သိရပါတယ်။

每天早上都會帶兒子來吃早餐的地方一直覺得這邊的店員很棒,很有耐心終於在今天讓我看到了他們優質素質的地方了就在今早,來了個爺爺,直覺就是有老人痴呆症,不然怎麼會穿了個尿布就出來呢?#因為我們家爺爺也是有如此症狀爺爺要買牛奶,談話之中…

Posted by 盧韡瑄 on Wednesday, July 12, 2017

လင်းလင်း (ShweMom)

READ
မသန်စွမ်းဖြစ်နေတဲ့ မျောက်ဝံမကြီးကို ရိုးရာကုထုံးနဲ့ ကုသပေးနေတဲ့ တိရစ္ဆာန်ရုံဝန်ထမ်း

Ref: goodtimes

SHARE