ဆင်ပေါက်လေးအိပ်ချိန်မှာ သူမရဲ့ မေတ္တာတရားကို ပြသခဲ့တဲ့ ဆင်မကြီးရဲ့ အပြုအမူ

Youtube-elephantnews

လောကမှာ လူတွေသာမက တိရစ္ဆာန်တွေမှာ မေတ္တာဓာတ်တွေ ရှိကြပါတယ်။ တစ်ချို့လူတွေဟာ တိရစ္ဆာန်လောက်တောင် အကြင်နာတရား မရှိကြပေမယ့် အချို့တိရစ္ဆာန်တွေကတော့ လူတွေထက်ပိုပြီး အကြင်နာမေတ္တာတရား ရှိတတ်ပါတယ်။ ဒါကို သက်သေပြလိုက်တာကတော့ ထိုင်းနိုင်ငံက ဆင်မကြီးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အဆိုပါဆင်မကြီးဟာ သူတို့ သဘာဝဥယျာဉ်ထဲက ဆင်ပေါက်လေးတစ်ကောင် အိပ်ချိန်ရောက်တဲ့အချိန်မှာ သူမရဲ့ မေတ္တာကို အကောင်းဆုံးပြသခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေကြောင်း Bored panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

elephantnews

အဆိုပါဆင်မကြီးကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ Elephant Nature Park မှာ နေထိုင်တဲ့ ဆင်မကြီး Faa Mei ပဲ ဖြစ်ပါတယ်။ အဆိုပါ ဆင်စခန်းကတော့ တောတွင်းက ဒုက္ခရောက်နေတဲ့ ဆင်ရိုင်းတွေကို ပြန်လည်ကယ်တင်စောင့်ရှောက်ပေးထားတဲ့ ဆင်စခန်းကြီးတစ်ခုဆိုလည်း မမှားပါဘူး။ ဒီဆင်စခန်းကို ဆင်မကြီး Faa Mei တစ်ကောင်ရောက်နေတာကတော့ တော်တော်လေးကို ကြာပါပြီ။ ဆင်စခန်းကို ရောက်တာကြာနေပြီဖြစ်တဲ့ Faa Mei ရဲ့ ဆင်ဦးစီးကတော့ Lek Chailert လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။

READ
ကားငှားစီးတဲ့ခရီးသည်မှာ ကင်ဆာရှိမှန်း သိလိုက်ရပြီးနောက် ထူးဆန်းစွာပြုမူခဲ့တဲ့ ယာဉ်မောင်း

ဗီဒီယိုထဲမှာတွေ့နေရတာတော့ Faa Mei တစ်ကောင်ဟာ ဆင်စခန်းကို လာရောက်လာပတ်တဲ့ ဧည့်သည်တွေကို သူမရဲ့ နှာမောင်းလေးနဲ့ ထိုးပြီး အသာတကြည် နှင်လွှတ်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ဆင်ဦးစီး Lek ကို နှာမောင်းလေးနဲ့ တစ်နေရာရာကို ခေါ်သွားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဘယ်ကိုခေါ်သွားတာလဲဆိုတာကတော့ ဆင်စခန်းမှာရှိတဲ့ ဆင်ပေါက်လေးတစ်ကောင်ကိုဆီပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အဆိုပါ ဆင်ပေါက်လေးဟာ နေ့ခင်းနေ့လည် တစ်ရေးတစ်မော အိပ်တတ်လေ့ရှိပြီး သူမရဲ့ ဆင်ဦးစီး Lek က အဆိုပါ ဆင်ပေါက်လေးကို သီချင်းဆိုပြီး ချော့အိပ်လေ့ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

elephantnews

“Faa Mei က အဲဒီဆင်ပေါက်ကလေးကို သူရဲ့ ကလေးတစ်ယောက်လို အမြဲစောင့်ရှောက်တတ်ပါတယ်။ အခုလည်း နေ့ခင်းနေ့လည်မှာ ဆင်စခန်းကို လာလည်တဲ့ ဧည့်သည်တွေနဲ့ စကားကောင်းနေတာ အဲဒီဆင်ပေါက်လေးကို သီချင်းဆိုပြီး ချော့သိပ်ဖို့မေ့နေတာ။ ဒါကိုသိတဲ့ Faa Mei က ကျွန်မကို လာပြီးသတိပေးတာပါ။ အစကတော့ ကျွန်မတောင်ကြောင်သွားတယ်။ သူခေါ်သွားတဲ့ ဆင်ပေါက်လေးရှိတဲ့ နေရာကိုရောက်မှ ကျွန်မသတိရတယ်။ တော်တော်လေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ Faa Mei ပါပဲ” လို့ Lek က ပြောကြားခဲ့ပါတယ်။

READ
ကောလိပ်ဒီဂရီ လိုချင်တဲ့ဆန္ဒ ပြည့်ဝသွားပြီဖြစ်တဲ့ အသက်(၇၅)နှစ် အရွယ်အဖွားအို
elephantnews

Pyi Hein Kyaw

SHARE