ရထားလမ်းဖြတ်ကူးဖို့ အခက်ကြုံနေတဲ့ အဖွားကို ကြင်နာစွာ ထမ်းပိုးပေးခဲ့တဲ့ ရထားဝန်ထမ်း

Facebook/Pimchanok Praisuwan

သက်ကြီးရွယ်အိုတွေကို ဖေးမစောင့်ရှောက်ဖို့ဆိုတာ လူငယ်တွေရဲ့ လက်ဆင့်ကမ်းတာဝန်ဖြစ်ပါတယ်။ နောက်ပြီး ယာဉ်တွေရထားတွေပေါ်မှာ ခုံနေရာဦးစားပေးတဲ့အခါမှာလည်း သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့၊ ကလေးသူငယ်တွေကို ဦးစားပေးဖို့ အညွှန်းစာတွေ ကပ်ထားတတ်ပြီး၊ ဒါကို မိမိတို့အနေနဲ့ လေးစားလိုက်နာပြီး နိုင်ငံကြီးသားပီသဖို့ လိုအပ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဘူတာတစ်ခုမှာ ရထားဝန်ထမ်းတစ်ဦးက သံလမ်းကို ဖြတ်ကူးဖို့အခက်အခဲဖြစ်နေတဲ့ အဖွားအိုကို ထမ်းပိုပြီး လိုရာခရီးကို ပို့ဆောင်ပေးခဲ့ပါတယ်။ လက်တလော ထိုင်းလူမှုကွန်ရက်မှာတော့ အဲဒီရထားဝန်ထမ်းရဲ့လုပ်ရပ်ဟာ ကောင်းချီးပေးစရာ ဖြစ်နေခဲ့ပါတယ်။ သူ့ကို သူရဲကောင်းအဖြစ် ဂုဏ်ပြုနေကြတာပါ။

Facebook/Pimchanok Praisuwan

အဆိုပါ ရထားဝန်ထမ်းဟာ အဖွားအိုကို ရထားပေါ်ကနေ သယ်ပိုးပြီး ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီဓာတ်ပုံတွေကို Facebook အသုံးပြုသူတစ်ဦးဖြစ်တဲ့ Pimchanok Praisuwan အမည်ရ အမျိုးသမီးက ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံထဲပါတဲ့အဖွားက သူမရဲ့ မိခင်လို့ သိရပါတယ်။

သူမတို့ သားအမိဟာ Hat Yai ကနေ Ratchaburi ကို ရထားစီးပြီး သွားရောက်ခဲ့တာပါ။ Ratchaburi ဟာ ဘန်ကောက်မှာတည်ရှိတဲ့ လူစည်ကားတဲ့ ရထားဘူတာတစ်ခုဖြစ်ပါတယ်။ ရထားဝန်ထမ်းဟာ အဖွားအိုအနေနဲ့ ရထားပေါ်ကဆင်းဖို့ တော်တော်လေး ခက်ခက်ခဲခဲ ကြိုးစားနေတာကို မြင်ပြီး ကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ။

รอบนี้แถมให้ชม.กว่าๆ แต่บริการดีถึงใจ อุ้มคุณยายลงรถไฟให้อีก น่าร้ากกกก❤️❤️❤️

Posted by Pimchanok Praisuwan on Sunday, January 12, 2020

နောက်ပြီး ရထားသံလမ်းဟာ အဖွားအတွက် လမ်းလျှောက်ရတာ အခက်အခဲဖြစ်နိုင်ကြောင်းကို သုံးသပ်ပြီး တစ်ဖက်ပလက်ဖောင်းပေါ်အထိ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ရထားဝန်ထမ်းရဲ့အမည်ကို ဘယ်သူမှ တိတိကျကျ မသိရပေမယ့် သူ့ကိုတော့ လူမှုကွန်ရက်ပေါ်မှာ စံပြအမျိုးသားအဖြစ် မှတ်ချက်တွေပေးနေပါတယ်။

လင်းသုတ

SHARE