မူလတန်းကျောင်းကြိုဆိုပွဲမှာ တိုင်ပတ်အကမယ်တွေနဲ့ ဖျော်ဖြေခဲ့လို့ များစွာဝေဖန်ခံနေရ

တရုတ်နိုင်ငံ ရှန်ဇန်းပြည်နယ်က ကျောင်းတစ်ကျောင်းမှာ သူငယ်တန်း စတက်တဲ့ကလေးတွေကို တိုင်ပတ်အကနဲ့ ကြိုဆိုခဲ့ပါတယ်။ လိုက်ပို့တဲ့ ကျောင်းသားမိဘတွေကတော့ ဒီဖြစ်ရပ်ကို အရမ်းလန့်ပြီး အံ့သြနေခဲ့ပါတယ်။

Sinshashui သူငယ်တန်းကျောင်းမှာ အခုလိုကပြဖျော်ဖြေနေတဲ့ ဗီဒီယိုကို Micheal Standaert ဆိုတဲ့ သတင်းထောက်တစ်ဦးက ရိုက်ကူးခဲ့ပြီး Twitter နဲ့ တရုတ်ပြည်ရဲ့ လူသုံးများထင်ရှားတဲ့ social platform ဖြစ်တဲ့ Weibo တို့မှာ အရမ်းကို ပြန့်ပွားခဲ့ပါတယ်။ ဒီသတင်းထောက်ကိုယ်တိုင်ကလည်း သူ့ရဲ့ကလေးတွေကို ကျောင်းသွားပို့တုန်း မြင်နေခဲ့ရတာတွေကို မှတ်တမ်းတင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Mirror

အမည်းရောင် ကိုယ်ကြပ်အင်္ကျီအတိုနဲ့ ဘောင်းဘီတိုတို့ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီး ပတ်ပြီး ကနေတဲ့ တိုင်ဟာဆိုရင်တော့ ကျောင်းက အလံတိုင်ပါ။ အလံတိုင်မှာ တရုတ်ရဲ့အလံကိုလည်း လွှင့်ထူထားပါသေးတယ်။ သီချင်းကတော့ Pussycat Dolls ရဲ့ Button သီချင်းနဲ့ဖြစ်ပြီး အသက်(၃) နှစ်မှ (၆)နှစ်ကြားရှိတဲ့ ကလေးတွေအများကြီးရဲ့ အရှေ့မှာ တိုင်ပတ်ပြီး ကပြနေခဲ့ပါတယ်။

ဗီဒီယိုထဲမှာပါတဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူ့ကလေးကို လူအုပ်ကြီးဆီကနေ ခေါ်ထုတ်သွားပါတယ်။

ရေးထားတာကတော့- “ကလေးတွေနွေရာသီကျောင်းမပိတ်ခင် ဆယ်ရက်အလိုလောက်က စစ်ရေးလေ့ကျင့်မှုဆိုပြီး ကျောင်းအပေါက်အဝမှာ စက်သေနတ်တွေနဲ့ စစ်တပ်ကားတွေ တဝီဝီဖြစ်နေခဲ့တယ်။ ကျောင်းပြန်ဖွင့်တော့ ကျောင်းအုပ်က အလံတိုင်ကို ပတ်ကနေတဲ့ အမျိုးသမီးတွေနဲ့ ကြိုခိုင်းတာလား။ ရူးနေပြီထင်တယ်။”

“ဒီလိုလုပ်တာ ကောင်းတယ်များထင်နေလား။ ကျောင်းမထားတော့ဘဲ အိမ်မှာပဲ စာသင်ဖို့တောင် စဉ်းစားနေကြပြီ။ ကျောင်းပိုင်ရှင်ရဲ့ဖုန်းကို တောင်းတော့လည်း မပေးဘူး။ ကောင်းသေးရဲ့လားလို့ ကြည့်ကြပါဦး။”

“ကျွန်တော့်မိန်းမကို ကျောင်းအုပ်က ဖုန်းဆက်ပြီး တိုင်ပတ်အကဟာ international ဆန်ပြီး ကိုယ်လက်လှုပ်ရှားမှုအရလည်း ကောင်းပါတယ်ဆိုပဲ။ အရွယ်ရောက်ပြီးသား လူတွေအတွက်တော့ ဟုတ်မှာပေါ့။ ဒီကလေးတွေက အခုမှ ၃ နှစ်ကနေ ၆ နှစ်အထိပဲ ရှိသေးတာလေ။”

ဒုတိယ ကပြဖျော်ဖြေတဲ့အမျိုးကမီးကတော့ တိုင်ပတ်အက မကတော့ပေမယ့်လည်း မထူခြားနားတဲ့ အကကိုပဲ ကပြခဲ့ပါတယ်။ ကျောင်းအပြင်ဘက်မှာလည်း ဒီအကတွေနဲ့ပတ်သက်တဲ့ ကြော်ငြာတွေ အအများကြီးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဗီဒီယိုကို ရိုက်ကူးခဲ့တဲ့ ဂျာနယ်လစ်ကတော့ သူ့မိန်းမနဲ့ တိုင်ပင်ပြီး ကလေးတွေကို ကျောင်းထွက်ခိုင်းဖို့ လုပ်နေကြပါပြီ။

READ
အမျိုးသားတစ်ယောက်၏ ပါးစပ်ထဲကနေ (၆)ပေ အရှည်ရှိ သန်ပြားကောင်ကို ဆွဲထုတ်

“ဒီလိုအကတွေကို ကျွန်တော် အပြစ်ပြောနေတာ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းအဖြစ် လုပ်ချင်သေးလား ရတယ်။ ပြဿနာ မဟုတ်ဘူး။ ပြဿနာက ဘာကိစ္စကြောင့် ကလေးတွေ ရှိနေတဲ့ ကျောင်းမှာ ခေါ်ကခိုင်းတာလဲ။ နားကိုမလည်နိုင်တော့ဘူး။” လို့ အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။

Mirror

ကျောင်းမှ တာဝန်ရှိသူများကတော့ ကြိုဆိုပွဲအပြီးမှ မိဘတွေကို စာတစ်စောင် ထုတ်ပြန်ပြီး တောင်းပန်ခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ကလေးတွေကို မြင်တွေ့နေကြမဟုတ်တဲ့ ကနည်းတွေကို မိတ်ဆက်ပေးချင်လို့ပါလို့ ဆိုသတဲ့။ ထုတ်ပြန်ခဲ့တဲ့ စာအရ သူငယ်တန်းတွေကို ကြိုဆိုတဲ့ပွဲမှာ ကျောင်းအနေနဲ့ အစီအစဉ်တွေ မတူညီအောင်နဲ့ သမရိုးကျ မဖြစ်မှာတွေကို စဉ်းစားခဲ့ကြောင်း၊ ဒါ့အပြင် ကလေးတွေကိုလည်း အကနဲ့ပတ်သက်လို့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တဲ့အတွက်ကြောင့် ကနည်းတစ်ခုကို မိတ်ဆက်ပေးခဲ့ရုံသာဖြစ်ကြောင်း ရေးသားထားပါတယ်။ ဒီနေ့မှစပြီး မိဘတွေသဘောမတွေ့တဲ့မည်သည့် အကမျိုးကိုမှ ကလေးတွေကျောင်းမှာ မြင်တွေ့ရတော့မှာ မဟုတ်ကြောင်းနဲ့ ကျောင်းရဲ့သင်ရိုးထဲမှာလည်း တိုင်ပတ်အက မပါဝင်တာမို့လို့ စိတ်မပူစေချင်ကြောင်းကိုလည်း ထည့်သွင်းရေးသားထားပါတယ်။

READ
အကြမ်းဖက်သမား အန္တရာယ်ကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်လေယာဉ်
Mirror

Baoan ပြည်နယ်ရဲ့ ပညာရေးဌာနက ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးအပြီး ကျောင်းမှ တာဝန်ရှိအုပ်ချုပ်သူဖြစ်တဲ့ Lai Rong ကို ရာထူးမှ ရပ်စဲလိုက်ပါတယ်။ ဌာနဗျူရိုရဲ့ Weibo မှာတော့ သူတို့ဟာ သူငယ်တန်းကလေးတွေနဲ့ တိုင်ပတ်အကဟာ ဘယ်လိုမှ မအပ်စပ်တာကို သူတို့သဘောတူကြောင်း ရေးသားထားခဲ့ပါတယ်။ Lai Rong ကိုယ်တိုင်ကလည်း မိဘအယောက် (၁၀၀) လောက်နဲ့ ကလေး (၅၀၀) လောက်ရှေ့မှာ ဒီတိုင်ပတ်အကကို ပြခဲ့တယ်ဆိုတာ သိပ်အဆင်မပြေဖြစ်သွားကြောင်း ဝန်ခံထားပါတယ်။ ဒီလိုအကတွေချည်းမဟုတ်ဘဲ တခြား သူကိုယ်တိုင်ပါဝင်ထားတဲ့ တရုတ်ရိုးရာအကတွေနဲ့ jazz concert တစ်ခုလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အရင်တုန်းကလည်း Xinshashui သူငယ်တန်းကျောင်းမှာ စစ်ရေးလေ့ကျင့်တာဆိုပြီး ကျောင်းမပိတ်ခင် ဆယ်ရက်အလိုလောက်မှာ သေနတ်တွေနဲ့ စစ်ဖက်ဆိုင်ရာမော်တော်ကားတွေ ကျောင်းအပေါက်ဝမှာ မမြင်ချင်မှအဆုံး ဖြစ်ခဲ့ကြရပါသေးတယ်လို့လည်း သတင်းများအရ သိရပါတယ်။

Source : Insider, Mirror

Penny

SHARE