စာနာမှုတွေ ဝေမျှခဲ့ကြတဲ့ စစ်အတွင်းက နွေးထွေးသော နှလုံးသားပိုင်ရှင်များ

စစ်တွင်း အဖြစ်အပျက်ေတွကို ကြုံကြိုက်ခဲ့ရသူတွေရဲ့ အသဲနှလုံးက မာကျောတယ်လို့ ဆိုကြပါတယ်။ စစ်မြေပြင်မှာ အကြမ်းဖက်မှုတွေ သွေးထွက်သံယိုမှုတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးအဖို့ ကိုယ်ရော စိတ်ပါ ကြမ်းတမ်းခက်ထန်နေခဲ့မှာ အမှန်ပါ။ ဒါပေမယ့် စိတ်သောကတွေ၊ ပူပန်မှုတွေနဲ့ ကြုံနေရတဲ့ စစ်တလင်းမှာတောင် လူသားတွေရဲ့ နူးညံ့ကြင်နာတတ်တဲ့ နှလုံးသားဟာ အရောင်တောက်နေနိုင်ပါသေးလားဆိုတာ အောက်က အဖြစ်အပျက်တွေမှာ တွေ့ရမှာပါ။

ဂျူးတွေရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ နာဇီများ

elitereaders

ဂျာမန်အများစုနေထိုင်ရာ Sudetenland ဟာ နာဇီလိုလားသူ အမြောက်အမြားရှိရာ နေရာတစ်နေရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၄င်းနေရာက အချို နာဇီ့ဂျာမန်တွေကတော့ ပါတီတွင်းအလုပ်တွေကို မနှစ်သက်ကြပါဘူး။ နာဇီပါတီဝင်ဟောင်း Oskar Schindler ဆိုရင် ပါတီလမ်းညွှန်ချက်တွေကို သွေဖည်ပြီး ဂျူးလူမျိုးပေါင်းများစွာရဲ့ ဘ၀ကို ကယ်တင်ခဲ့ပါတယ်။

စစ်သုံ့ပန်းတွေရဲ့ ကယ်တင်ရှင်

elitereaders

ဟန်ဂေရီလူမျိုး Zoltan Kubinyi ဟာ ဂျူးအလုပ်သမားစခန်းရဲ့ အကြီးအကဲ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်သမားတွေကို စစ်သုံ့ပန်းစခန်းတွေဆီ သင်္ဘောနဲ့ တင်ပို့လိုက်ဖို့ အထက်က အမိန့်ပေးခဲ့ပေမယ့် Zoltan ဟာ အလုပ်သမားတွေကို ဘေးလွတ်ရာ ရုရှားမြို့တစ်မြို့ဆီကိုသာ ပို့ဆောင်ပေးလိုက်ပါတယ်။

မူစလင်တွေကို ကယ်တင်ခဲ့တဲ့ ဆာဗီးယန်းစစ်သားများ

elitereaders

ဆာဗီးယန်းစစ်သားတွေဟာ သေဒဏ်နဲ့ နှိပ်ကွပ်ခံရတော့မယ့်ဆဲဆဲ မူစလင်ပေါင်း မြောက်မြားစွာကို အသက်ကယ်ဆယ်ခဲ့ပါတယ်။

READ
၁၉၀၀ ကျော်များဆီက လူသိပ်မသိခဲ့တဲ့ ရှားပါးဓာတ်ပုံများ

ကျွန်တွေကို လွတ်လပ်ခွင့်ပေးခဲ့တဲ့ ကျွန်ပိုင်ရှင်

elitereaders

(၁၇၇၀) ခုနှစ်များဆီက အမေရိကန် ဗာဂျီးနီးယားပြည်နယ်နေ ကျွန်ပိုင်ရှင် Robert Carter III ဟာ သူ့ပိုင်ကျွန်တွေ အားလုံးကို လွတ်မြောက်ခွင့်ပေးလိုက်တာကြောင့် ထိုခေတ်အခါတုန်းက လူတွေရဲ့ အများဆုံးအာရုံစိုက်ခံရသူ တစ်ဦး ဖြစ်ခဲ့ပါတယ်။

ရန်သူကို ချစ်ခြင်းမေတ္တာနဲ့ တုံ့ပြန်ခဲ့တဲ့ အမျိုးသမီး

elitereaders

(၁၉၉၄) ခုနှစ် အာဖရိက မှာ Rwandan လူမျိုးသုဉ်းသတ်ဖြတ်မှုအတွင်း Hutus နဲ့ Tutsis တို့ဟာ တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်ခဲ့ကြပါတယ်။ ထိုစဉ်မှာ  Sula Karuhimbi အမည်တဲ့ Hutu အမျိုးသမီးတစ်ဦးဟာ ရန်သူတွေအပေါ် မေတ္တာထားခဲ့ပါတယ်။ သူမက ရန်သူ Tutsis အယောက်(၂၀) ကို သူမအိမ်မှာ နေထိုင်ခွင့်ပေးထားပြီး လူမျိုးသုဉ်းသတ်ဖြတ်ခံရမယ့် အန္တရာယ်ကနေ ကာကွယ်ပေးခဲ့ပါတယ်။

လူမျိုးရေးခွဲခြားမှုကို တွန်းလှန်ခဲ့သူ တစ်ဦး

elitereaders

လူဖြူတွေက သူ့ကို သစ္စာဖောက်လို့ ဆိုပါတယ်။ ဒါပေမယ့် တောင်အာဖရိကခေါင်းဆောင် Frederik van Zyl Slabbert ဟာ သူ့ရဲ့ အစိုးရအလုပ်ကို စွန့်လွှတ်ခဲ့သူပါ။ လူမည်း နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အတူ လက်တွဲပြီး လူမည်းတွေ ဖိနှိပ်မှုအမျိုးမျိုးကနေ လွတ်ကင်းအောင် စွမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

READ
ကမ္ဘာစစ်ရဲ့ စစ်ပွဲတွင်းအငွေ့အသက်တွေကို ထင်ဟပ်အောင် ခဲခြစ်ပန်းချီရေးဆွဲခဲ့သူ

မိုင်းတွေ ဖယ်ရှားပေးခဲ့ကြတဲ့ ကိုလံဘီယာ စစ်သားများ

elitereaders

ကိုလံဘီယာတစ်လွှား မြေမြှုပ်ဗုံးတွေနဲ့ ပြည့်နှက်နေချိန်မှာ စစ်သားဟောင်းတစ်စုဟာ မြေမြှုပ်ဗုံးတွေကို စမ်းသပ်ဖယ်ရှားပေးခဲ့ပြီး ဗုံးကြောင့် သေကြေပျက်စီးကြမယ့် ပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

ဆင်းရဲသားတွေရဲ့ ဘ၀ကို အလင်းရောင်ပေးခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်

elitereaders

အင်္ဂလန်မှာ Robert  Owen ဟာ Welsh လူမျိုး ချည်ထည်စက်ရုံ လုပ်ငန်းပိုင်ရှင်ကြီးဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က သူဟာ အလုပ်သမားတွေအတွက် ကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးဖို့ ကြိုးစားခဲ့တာပါ။ အလုပ်သမားတွေရဲ့ သားသမီးငယ်တွေအတွက် အခမဲ့ နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ပေးခဲ့တဲ့ အပြင် ကျောင်းနေအရွယ် ကလေးအတွက်လည်း အခမဲ့ စာသင်ကြားပေးတဲ့စနစ်ကို ပြုလုပ်ခဲ့ပါတယ်။

တရုတ်လူမျိုး ထောင်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ နာဇီ

elitereaders

သူ့ကိုတော့ နာဇီပါတီ သစ္စာရှင်တစ်ဦးအဖြစ် ကနဦးပိုင်းမှာ သိကြပါတယ်။ ဒါပေမယ့် John Rabe ဟာ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်စည်းဘက်ကို ထွက်ပြေးတဲ့ တရုတ်လူမျိုးဦးရေ (၂၅၀,၀၀၀) ကို အကာအကွယ်ပေးခဲ့တာကြောင့် နောက်ပိုင်းမှာတော့ တရုတ်လူမျိုးတွေရဲ့ ကယ်တင်ရှင်တစ်ဦးအဖြစ် လူသိများလာခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE