Severus Snape နေရာမှာ သရုပ်ဆောင်ချင်တဲ့ GOT မင်းသားKit Harington

Imdb/HarryPotter_Imdb/Games of Throne

Game of Thrones စီးရီးတွဲနဲ့ နာမည်ကျော်ကြားလာတဲ့  Kit Harington ဟာ တကယ်လို့ သူဟာ ဟယ်ရီပေါ်တာရဲ့ prequel ရုပ်ရှင်တွေမှာ ပါဝင်ခွင့်ရမယ်ဆိုရင် Severus Snape နေရာမှာ သရုပ်ဆောင်ချင်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ လတ်တလောပြုလုပ်နေတဲ့ ACE Comic Con ပွဲမှာ ပရိသတ်တစ်ယောက်က Kit Harington အပေါ် ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှာ ပါမယ်ဆိုရင် ဘယ်နေရာမှာပါချင်သလဲဆိုတဲ့ မေးမြန်းချက်အပေါ်မှာ အခုလိုဖြေကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။

 

 

View this post on Instagram

 

Happy birthday @prideofgypsies 😁

A post shared by Kit Harington (@kitharingtonig) on

Kit Harington ဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲရဲ့ ရှေ့ဆက်ရုပ်ရှင်ဖြစ်တဲ့ Marauders ရုပ်ရှင်မှာ ပါဝင်ချင်တာဖြစ်ပြီး အဆိုပါ ရုပ်ရှင်ဟာ ဟယ်ရီပေါ်တာရဲ့ ဖခင်ဖြစ်သူ ဂျိမ်းစ်နဲ့ သူ့ရဲ့ သူငယ်ချင်းတွေ၊ ကျောင်းနေဘက်တွေ အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။

Severus Snape နေရာမှာ သရုပ်ဆောင်ချင်တဲ့ အကြောင်းကို Kit Harington အခုလိုပြောခဲ့ပါတယ်။

 

 

View this post on Instagram

 

Follow @roseleslieharington please ❤️

A post shared by Kit Harington (@kitharingtonig) on

“Sanpe ဇာတ်ရုပ်က အကောင်းဆုံး ဇာတ်ရုပ်တစ်ခုပါ။ Sanpe ရဲ့ ဇာတ်လမ်းကရောပေါ့။  Severus Snape ဇာတ်ရုပ်က ကြေကွဲစရာလည်းကောင်းတယ်၊ အံ့အားသင့်စရာလည်းကောင်းတယ်၊ တော်လည်း တော်တယ်။ သူက ခင်ဗျားတို့ မုန်းတီးမယ့် ဇာတ်ရုပ်တစ်ခုပဲ။ ဒါပေမယ့် နောက်ဆုံး အဆုံးသတ်မှာ ခင်ဗျားတို့ သူ့ကို ချစ်ခင်သွားကြမှာပါ။ သူက ထူးခြားတဲ့ လူတစ်ယောက်ပါပဲ။ ကျနော်က သူ့နေရာမှာ သရုပ်ဆောင်ဖို့ဆိုတာ မှန်တယ်လို့ မထင်မိပေမယ့် ကျနော်  Sirius နေရာမှာ သရုပ်ဆောင်ချင်တာပါပဲ။ သူက အကောင်းဆုံး ဇာတ်ရုပ်တစ်ခုပါ”

READ
One Lady Show ပြုလုပ်ပီးရင် အနားယူတော့မယ်လို့ပြောလိုက်တဲ့ အိုင်းရင်းဇင်မာမြင့်
Imdb/HarryPotter

အခုအချိန်မှာ Kit Harington ဟာ Marvel ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်နေပြီး လာမယ့် The Eternals ရုပ်ရှင်မှာ the Black Knight နေရာမှာ သရုပ်ဆောင်ဖို့ ရှိနေပါတယ်။ The Eternals ရုပ်ရှင်ဟာ ၂၀၂၀ မှာ ထွက်ရှိလာမှာဖြစ်ပြီး မင်းသမီး Angelina Jolie ၊ Train to Busan ရုပ်ရှင်ထဲက မင်းသား Ma Dong-Seok စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။

 

Ye Yint Kyaw

SHARE