ကျန်းမာရေး မကောင်းလို့ ဆေးရုံတက်ရောက်နေခဲ့ရတဲ့ ဟာသသရုပ်ဆောင် မင်းသမီး ကစ်ကစ် ကတော့ ဒီကနေ့ နိုဝင်ဘာ (၂၆)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။ကစ်ကစ်ကတော့ ဒီကနေ့ မနက် (၁၀)နာရီ (၄၀) မိနစ်မှာ ကွယ်လွန်သွားခဲ့တာပါ။ကစ်ကစ် ကွယ်လွန်သွားတဲ့ အကြောင်းကိုတော့ ခင်သဇင်ရဲ့ Fb မှာ တင်ထားပါတယ်။

“ဒီမနက် ၁၀:၄၀ မှာ မကစ် ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ…” ဆုိၿပီး တင်ထားပါတယ်။အဲ့ဒီ Post ရဲ့ အောက်မှာ တော့ အနုပညာရှင် အသိုင်းအ၀ိုင်းထဲက သူတွေနဲ့ ပရိသတ်တွေ ကပါ ၀မ်းနည်းကြောင်း Comment ၀င် ရေးထားကြတာကို တွေ့ရပါတယ်။

ခင်သဇင်ကတော့ ကစ်ကစ်ရဲ့ ဆေးဖိုး အတွက် ကိုယ်တိုင်လည်း လှူဒါန်းသလို တခြား လိုအပ်တဲ့ အလှူ ငွေ တွေ ရအောင် ကူညီပေးနေသူတစ်ယောက်ပါ။ကစ်ကစ်ကတော့ မကြာသေးခင် ရက်ပိုင်းလောက်ကမှ ဆေးရုံ ပြန် ပြီး တက်ရောက်ခဲ့ရပါတယ်။အဲ့ဒီတုန်းကတောင်မှ ခင်သဇင်က ကစ်ကစ် အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ငွေ ကြေး တွေကို သူမရဲ့ Fb စာမျက်နှာပေါ်က တစ်ဆင့် အလှူခံခဲ့ပါသေးတယ်။အချိန်အကြာကြီး နာမကျန်းဖြစ်နေခဲ့တဲ့ သရုပ်ဆောင် ကစ်ကစ် ကတော့ အခုဆိုရင် သူမ ချစ်တဲ့ မိသားစု နဲ့ ပရိသတ်တွေကို ထာဝရ နှုတ်ဆက်သွားခဲ့ပါပြီ။

Source:fb/Khin Thazin