တစ်လလုံး အခမဲ့စားခွင့်ရမယ့် အခွင့်အရေးကို ကမ်းလှမ်းလိုက်တဲ့ တိုကျိုက ဆိုင်

Image:twitter/@divemamuru

ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ Kitchen Dive ဆိုတဲ့ ဆိုင် က တော့ စားသုံးသူတွေ အတွက် ကမ်းလှမ်း မှု ကြီး တစ်ခု လုပ် လိုက်ပါတယ်။အဲ့ဒါ ကတော့ တခြား မဟုတ်ပါဘူး။ တစ်လ လုံး အခမဲ့ စားနိုင်မှာပါ။ဒါပေမယ့် ကန့် သတ် ချက် တစ်ခု တော့ ရှိပါတယ်။ဆိုင်ရဲ့ တွစ်တာ မှာ ရည်မှန်းထားတဲ့ Follower  ရ ခဲ့ရင်  အ စား အစာ တွေကို အခမဲ့ ပေး သွား မယ် ဆိုတဲ့ အစီအစဉ်ပါ။

Image:twitter/@divemamuru

ဒီအ ကြောင်းကိုတော့ Soranews မှာ ဖော်ပြ ထား တာပါ။ ဘတ်ဂျက်သင့်တဲ့ဆိုင် မျိုးကို တိုကျို မှာ ရှာ မယ်ဆိုရင်တော့  Kitchen Dive က အ ကောင်းဆုံး တွေ ထဲက တစ်ခု လို့ ပြော လို့ရပါတယ်။ သူ့ရဲ့ Lunch Box က တော်တော် လေး နာမည်ကြီးပါတယ်။ ဒါ့အပြင် သူ့ဆိုင်က ထမင်း ဆုပ်ကြီး တွေ၊ Pasta Box တွေ ကလည်း တော် တော် လေး ကို နာမည်ကြီး ပါတယ်။

ဈေးလဲ မကြီးရ ဘူး။စားလို့ လဲ ကောင်းရမယ်ဆိုရင်တော့ ဒီဆိုင် က အ ကောင်းဆုံး ပါ။Kitchen Dive  ရဲ့ Lunch Box  က တော့ ယန်း (၂၀၀)၊ အမေရိကန် ဒေါ်လာ နဲ့ ဆိုရင် (၁.၈၅) ပဲ ကျ သင့်ပါတယ်။အဲ့ဒီလို ဆိုင်က နေ အခု က စားသုံး သူတွေ အတွက် အထူးအခွင့်အ ရေးကြီး ပေးလိုက်တာပါ။တစ်ပတ် အတွင်း တွစ်တာမှာ Follower တစ် သိန်း ပြည့်ခဲ့ရင် ဆိုင်ထဲမှာရှိတဲ့ ဘယ်ပစ္စည်းကို မဆို တစ်လ လုံးလုံး အခမဲ့ ရနိုင် မယ့် အ ခွင့် အ ရေးပါ။တစ်လ လုံး အခ မဲ့ ရနိုင် မယ့် အခွင့်အ ရေး က တော့ အရမ်းကို တန် တဲ့ အခွင့်အ ရေးပါ။တစ်လ လုံးမှာမှ Dive က နေ့ စဉ် (၂၄)နာရီ ဖွင့်တာ မို့  ကြိုက်တဲ့ အချိန်ကို ကြိုက်သလို တစ်လ လုံး အခမဲ့ ရ နေ မှာပါ။

READ
ငါးမျှားချိတ်ထဲ မထင်ထားတဲ့ သတ္တ၀ါကြီးမိခဲ့လို့ ထိတ်လန့်ခဲ့တဲ့ ငါးဖမ်းသမား
Image:twitter/@divemamuru

လက်ရှိမှာတော့ တွစ်တာမှာ Follower 77,200 လောက် အထိ ရ နေပါပြီ။ တိုကျိုက Dive ဆိုင်  ရှိ တဲ့ နေရာ မှာ နေထိုင်တဲ့ လူဦး ရေသ (၄)သိန်း (၉) သောင်းလောက်ပဲ ရှိတာမို့ တွစ်တာ Follower တစ်သိန်း ပြည့် မပြည့် ဆိုတာ က တော့ စောင့် ကြည့်ရမှာပါ။ အွန်လိုင်း အသုံးပြု သူတွေ က တော့ ဒီ ကမ်းလှမ်းမှု ကြီးက အရမ်း တန် လွန်း တယ် ဆိုပြီး ပြော နေကြပါတယ်။

#SHWEMOM

SHARE