မသိလိုက် မသိဘာသာ လုပ်မိနေတဲ့ မီးဖိုချောင်ထဲက စက်ဆုပ်ဖွယ်အမူအကျင့်များ

သပ်သပ်ရပ်ရပ်နေတတ်သူတွေဟာ သူတို့ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မီးဖိုချောင်နေရာတွေကို စနစ်တကျ သန့်ရှင်းနေအောင် ထားတတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်က သန့်သန့်ရှင်းရှင်း နေထိုင်တတ်သူတစ်ယောက်ဖြစ်ပေမယ့် စရိုက်ဆန်သူတွေနဲ့ တစ်အိမ်ထဲ နေရတဲ့အခါ စိတ်ညစ်စရာကောင်းတာတွေလည်း ရှိပါတယ်။ အမှန်တော့ မီးဖိုချောင်ဆိုတာ အစားအသောက်ချက်ပြုတ်ပြင်ဆင်တဲ့နေရာဖြစ်လို့ အများကြီး သန့်ရှင်းမှုရှိဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ်က အောက်မှာဖော်ပြထားတဲ့ အချက်တွေကို သတိမထားမိပဲ ခဏခဏလုပ်မိနေတယ်ဆိုရင် တစ်ကိုယ်ရေးသန့်ရှင်းရေးကို ထိခိုက်စေတဲ့အတွက် ရှောင်ရှားရအောင် ဖော်ပြပေးလိုက်ပါတယ်။

ဘေစင်အောက်က ဗီရိုတွေထဲ ကိုယ်ထည့်ချင်တဲ့ပစ္စည်းတွေ ထည့်ခြင်း

ABC Sales and Services Website

ဗီရိုထဲမှာ ထည့်ချင်တဲ့ပစ္စည်းတွေ ထည့်ထားတာက သင်ဟာ အချိန်မရလို့ ဖြစ်နိုင်သလို ပျင်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအကျင့်ရှိနေတယ်ဆိုရင် ဗီရိုထဲထည့်သိမ်းထားတဲ့ ပစ္စည်းတွေစုပြုံပြီး များမလာခင်မှာ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်သင့်နေပါပြီ။

အစားအသောက်နည်းနည်းလေးကို ထည့်ဖို့ ပလတ်စတစ်ဘူးကြီးတွေ အသုံးပြုခြင်း

theresaurus blog

တကယ်တမ်းတွေးကြည့်ရင် အစားအသောက်ပမာဏအနည်းငယ်ကို ထည့်ဖို့ ဘူးအကြီးကြီးတွေ မလိုအပ်ပါဘူး။ တစ်ခါတစ်လေ ထည့်စရာမရှိလို့ ဘူးအကြီးကြီးတွေ သုံးရတာမှန်ပေမယ့် သူတို့တွေက နေရာအရမ်းစားပါတယ်။

READ
ကျောချမ်းစရာတွေ ပြည့်နေတဲ့ အာရှရဲ့ ကြောက်စရာအကောင်းဆုံးနေရာများ

ပမာဏအများကြီး ၀ယ်ခြင်း

rschnaible

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေဟာ ရေခဲသေတ္တာထဲထည့်ထားတဲ့အခါ အလွယ်တကူ ပုပ်သိုးပျက်စီးနိုင်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ ပမာဏလောက်ပဲ ချင့်ချိန်ဝယ်ယူတာကမှ စားသောက်တဲ့အခါ လတ်လတ်ဆတ်ဆတ်ရှိမှာ ဖြစ်ပါတယ်။

မီးသတ်ဆေးဘူး မထားရှိခြင်း

photohippie2005

အိမ်တစ်အိမ်မှာ မီးဖိုချောင်ဟာ အရေးကြီးပါတယ်။ လျှပ်စစ်ပစ္စည်းတွေ အသုံးများတဲ့ နေရာကလည်း မီးဖိုချောင်ပါပဲ။ ဒါကြောင့် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယနိုင်ဖို့ မီးဖိုချောင်တစ်ခုမှာ မီးသတ်ဆေးဘူးထားရှိဖို့ဟာ အလွန်အရေးကြီးပါတယ်။

အလွတ်နီးပါးဖြစ်နေတဲ့ ဘူးတွေကို သိမ်းထားခြင်း

Oliver Fross

ဘူးခွံဟောင်းတွေမှာ ဖုန်မှုန့်တွေ ကပ်ညှိနေနိုင်တဲ့အပြင် ဘက်တီးရီးယားတွေပါ ကပ်ညှိနေနိုင်ပါတယ်။ ပိုဆိုးတာက ကိုယ်က အစားအသောက်ဘူးတွေကို ၀ယ်၊ ပြီးတဲ့အခါ မေ့ပြီး မစားမသောက်ထားရာကနေ မုန့်တွေက သက်တမ်းကုန်ပြီး အလဟဿဖြစ်ရတာမျိုးတွေပါ။

ကြက်သွန်ဖြူခွံတွေကို နေရာအနှံ့မှာထားခြင်း

Betty Riggs

ဟင်းချက်ဖို့အတွက် နွှာထားပြီးသား ကြက်သွန်ဖြူအခွံတွေကို အမှိုက်ပုံးထဲ ထည့်တဲ့အလုပ်ဟာ မပင်ပန်းပါဘူး။ ဒါကြောင့် မီးဖိုချောင်ကို အမြင်ရှုပ်စေတဲ့ ကြက်သွန်ဖြူခွံတွေကိုလည်း နွှာပြီးတဲ့အခါ ဒီတိုင်းမထားပဲ လွှင့်ပစ်သင့်ပါတယ်။

READ
အချစ်ဆုံးလေးတွေနဲ့အတူ ဓာတ်ပုံရိုက်ကြမယ်ဆို ဒီလိုလေးတွေဝတ်ပါ

ဒယ်အိုးထဲရောက်မှ အစားအသောက်တွေကို ခွဲခြမ်းခြင်း

the Yum List website

ဒယ်အိုးထဲရောက်မှ ဟင်းတွေ အသားတွေကို ဟိုခြမ်း ဒီဖဲ့လုပ်တာဟာ အန္တရာယ်များလွန်းပါတယ်။ ချက်စရာရှိတာကို ဒီတိုင်းသာ ထည့်ချက်ဖို့ သင့်ပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE