အမေရိကန်ကောလိပ်ကျောင်းတွေနားမှာ တွေ့နေရပြီဖြစ်တဲ့ အစားအစာပို့စက်ရုပ်လေးများ

တောင်အမေရိကမှာတော့ ပစ္စည်းသယ်ပို့တဲ့လုပ်ငန်းကို တစ်ဆင့်မြင့်သွားစေတဲ့ စက်ရုပ်လေးတွေ ပေါ်နေပါပြီ။ Kiwibot ဆိုတဲ့ အစားအစာသယ်ယူပို့ဆောင်ပေးတဲ့ စက်ရုပ်လေးတွေဟာဆိုရင် တက္ကသိုလ်ကျောင်းသားတွေအတွက် အဓိက ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။ Kiwi ကတော့ ကုမ္ပဏီအသစ်တစ်ခုလည်း ဖြစ်ပါတယ်။

လုပ်ငန်းလည်ပတ်ပုံကတော့ ဆိုင်တစ်ဆိုင်ဆိုင်ကနေ အစားအသောက် မှာယူတဲ့အခါ ရွေးချယ်မှုတွေထဲမှာ Kiwi စက်ရုပ်နဲ့ လာပို့ပေးခိုင်းခြင်း ပါဝင်ပါတယ်။ ထိုအခါ Kiwi စက်ရုပ်လေးတွေ သူ့ကိုယ်ထည်ထဲကို အစားအသောက်တွေ ထည့်လာပြီး မှာတဲ့အိမ်ရှေ့၊ ကျောင်းရှေ့ထိ လာပို့ပေးပါတယ်။

techcrunch

အစားအသောက်ကို စက်ရုပ်က လိုက်ပို့တယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ စက်ရုပ်အဆင့်တော့ မဟုတ်သေးပါဘူး။ သွားတဲ့ လမ်းတစ်လျှောက် လူတွေ၊ အတားအဆီးတွေကို ရှောင်ရှားနိုင်စွမ်း ရှိပေမယ့်လို့ မှာယူတဲ့ နေရာ ရောက်တဲ့အထိတော့ ရုံးချုပ်ကနေ စက်ရုပ်ကို အဝေးထိန်းနဲ့ လှမ်းထိန်းပေးရတဲ့ ဝန်ထမ်းတွေ ရှိပါသေးတယ်။

techcrunch

အလိုအလျောက် ထိန်းချုပ်လှုပ်ရှားနိုင်စွမ်းရှိတဲ့ စက်ရုပ်တွေတော့ မဟုတ်သေးပေမယ့် ဒါဟာ ပစ္စည်းသယ်ယူပို့ဆောင်မှု လောကရဲ့ တစ်ဆင့်မြင့်လာခြင်းဆိုတာတော့ သေချာပါတယ်။ Kiwi အစားအသောက်ပို့ စက်ရုပ်လေးတွေဟာ ၂၀၁၇ ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး အမေရိကန်နိုင်ငံတဝှမ်း သယ်ယူပို့ဆောင်ပေးခဲ့မှု အခုဆို ၃သောင်းခွဲကျော်သွားပြီ ဖြစ်ပါတယ်။ စက်ရုပ် ၁၄ ရုပ်နဲ့ ကျောင်းပေါင်း ၁၂ ကျောင်းကို အစားအသောက် သယ်ယူပို့ဆောင်ပေးနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါပြီ။

READ
တည်းခိုရင်း ခရီးပါသွားနိုင်မယ့် အနာဂတ်ရဲ့ မောင်းသူမဲ့ ဟိုတယ်ကားအကြောင်း
techcrunch

Ref: Tech Crunch

SHARE