သာမန်ထက် ထူးကဲကြီးထွားနေတဲ့ အံ့သြဖွယ် ကမ္ဘာ့အကြီးဆုံးတိရစ္ဆာန်များ

နစ်စ်ကာအမည်ရှိတဲ့ နွားကြီးကတော့ လတ်တလော အွန်လိုင်းပေါ်မှာ တော်တော်လေးခေတ်စားနေပါတယ်။ ၄င်း ဧရာမနွားကြီးဟာ သားသတ်ရုံနဲ့တောင် မဆန့်လို့ ဘေးမဲ့ပေးခံခဲ့ရတဲ့ နွားကြီးဖြစ်ပါတယ်။ နစ်စ်ကာဟာ အလေးချိန်ပေါင်(၃,၀၈၀) နဲ့ (၆) ပေ(၄) လက်မ အရပ်အမြင့်ရှိပါတယ်။ အခုဆိုရင် နစ်စ်ကာကြီးဟာ သြစတေးလျအနောက်ဘက်ပိုင်းက လယ်ကွင်းတွေထဲမှာ အေးအေးလူလူနဲ့ ကျက်စားနေထိုင်နေပြီ ဖြစ်ပါတယ်။

(Image: 7 News)

တိရစ္ဆာန်အုပ်စုကြီးတစ်ခုလုံးမှာ နစ်စ်ကာတစ်ကောင်တည်း ကွက်ပြီး အကြီးကြီးဖြစ်နေတာလားဆိုတော့ မဟုတ်ပါဘူး။ တခြားတိရစ္ဆာန်တွေလည်း ရှိပါသေးတယ်။

ထူးဆန်းတဲ့ ကြက်ဖကြီး

(Image: Fitim Sejfija/Facebok)
(Image: Fitim Sejfija/Facebok)

ပြီးခဲ့တဲ့ နှစ်တုန်းက ဧရာမကြက်ကြီးတစ်ကောင်ရဲ့ ဗီဒီယိုက အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်။ သူ့ကို ဦးဆုံးတွေ့မြင်ရတာကတော့ ကြက်ခြံအိမ်ထဲက အပေါက်သေးသေးလေးကနေ ခေါင်းပြူထွက်နေတဲ့ ပုံပါ။ နောက်ပိုင်း သူ့ကိုယ်လုံးတစ်ခုလုံးကို မြင်ရတဲ့အခါမှာတော့ ကြက်ကြီးဟာ သူ့ရွယ်တူတွေထက်တောင် အဆမတန်ကြီးထွားနေခဲ့တာကို တွေ့ခဲ့ပါတယ်။ အမွှေးတွေဖုံးလွှမ်းနေတဲ့ ကြက်ဖကြီးဟာ သာမန်ခွေးတွေထက်တောင် အရပ်ပိုရှည်နေပါသေးတယ်။

ကြောင်ကြီး ဆမ်ဆွန်

mirror

(၄) ပေအရှည်ရှိတဲ့ ကြောင်ကြီး ဆမ်ဆွန်ဟာ သူ့မျိုးစိတ်ထဲမှာတော့ ကြောင်ထွားကြီး တစ်ကောင်ဖြစ်ပါတယ်။ ဆမ်ဆွန်က များသောအားဖြင့် အိမ်ထဲမှာပဲ ဆော့ကစားရင်း အလုပ်ရှုပ်နေလေ့ရှိပေမယ့် အခုဆိုရင်တော့ သူ့ခန္ဓာကိုယ်ကြီးကြောင့် follower (၁၈၀,၀၀၀) ရှိတဲ့ ဆယ်လီကြောင်ကြီး ဖြစ်လို့နေပါပြီ။

READ
နှစ်သန်းပေါင်း(၁၇၀)အလွန်က ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆောခြေရာတွေကို တွေ့ရှိခဲ့

ယုန်ထွားကြီး ဒါးရီးယက်စ်

rebrn

ဒါးရီးယက်စ်ဟာ (၄) ပေ (၄) လက်မ အရပ်အရှည် ရှိပါတယ်။ ဒါးရီးယက်စ်ရဲ့ ပိုင်ရှင်က တစ်နှစ်ကို ယုန်စာဖိုးချည်းတင် ပေါင် (၅၀,၀၀၀) လောက် သုံးစွဲပါတယ်။ ဒါးရီးယက်စ်စားဖို့အတွက် သူ့သခင်က နေ့တိုင်း မုန်လာဥနီနဲ့ ပန်းသီးတွေကို ခွေးစာခွက်ထဲ ထည့်ပြီး ကျွေးမွေးရတဲ့အပြင် တစ်ပတ်ကို ကောက်ရိုးတစ်ထုံးလောက် ဒါးရီးယက်စ်က ကုန်အောင် စားလေ့ရှိပါတယ်။

ဧရာမရှဉ့်ကြီး 

(Image: Marina Van Der Linden/Solent/REX/Shutterstock)

ဘောလုံးကြီးတစ်လုံးလို ဖောင်းကားနေတဲ့ မီးခိုးရောင် ရှဉ့်ကြီးတစ်ကောင်ကိုတော့ ကယ်လီဖိုးနီးယားနေထိုင်သူ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့တာပါ။ အမည် မာရီနာဖြစ်ပြီး ဆော့ဖ်ဝဲအင်ဂျင်နီယာလည်းဖြစ် ဓာတ်ပုံဆရာမလည်းဖြစ်တဲ့ သူမက မော်ရိုရော့ခ်စတိတ်ပန်းခြံထဲမှာ တွေ့ရတဲ့ ရှဉ့်ကြီးကို အခုလို ဓာတ်ပုံရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ သူမက ပန်းခြံထဲမှာ အခွံမာသီးထုပ်တစ်ထုပ်ကို အိတ်ထဲက ထုတ်လိုက်ရာက ရှဉ့်ကြီးဟာ ရုတ်တရုက် သူမရှေ့မှာ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ၄င်းရှဉ့်ကြီးဟာ ပန်းခြံထဲ အလည်လာသူတွေ ကျွေးမွေးတဲ့အစားအသောက်တွေကြောင့် အခုလို ၀ဖြီးလုံးတစ်နေတာ ဖြစ်ပါတယ်။

READ
FBI ရဲ့ အလိုရှိဆုံးရာဇ၀တ်ကောင်စာရင်းမှာ ရှားရှားပါးပါးပါဝင်ခဲ့တဲ့ အမျိုးသမီးများ

ပင်လယ်ငါးလက်ထုံကြီး

(Image: OCEAN MYSTERIES)

(၂၀၁၅) ခုနှစ်က ထိုင်းနိုင်ငံ မဲခေါင်မြစ်ထဲမှာ ငါးလက်ထုံကြီးတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ ငါးလက်ထုံကို ဖမ်းဆီးရမိပြီး ပြန်လွှတ်ခဲ့တဲ့ဖြစ်စဉ်ကို ABC show Ocean Mysteries တီဗီအစီအစဉ်အဖြစ် ရိုက်ကူးပြီး ထုတ်လွှင့်ခဲ့ပါသေးတယ်။ ငါးလက်ထုံကြီးဟာ (၇.၉) ပေနီးနီး အရှည်ရှိပြီး ပေါင်(၈၀၀) အလေးချိန်ရှိကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: mirror

SHARE