ဟင်းသီးဟင်းရွက်တွေကို အနုပညာလက်ရာတွေအဖြစ် ပြောင်းလဲထားတဲ့ ဂျပန်ဓားသမား

twitter/oiri_kitchen

ဂျပန်စားသောက်ဖွယ်ရာ ဟင်းလျာအမယ်တွေဟာ အရသာလည်း ရှိတယ်၊ လှလည်း လှပတယ်ဆိုပြီး လူသိများကြပါတယ်။ စားသောက်ဖွယ်ရာတွေကို စားလို့ကောင်းရုံတင်မကပဲ လှပစေဖို့အတွက်လည်း ဂျပန်တွေက အသေးစိတ်လေးက အစ အလေးထားကြပါတယ်။ ဒါပေမယ့် စားဖိုမှူးတစ်ယောက်ဟာ စားသောက်ဖွယ်ရာတွေကို လိုသလိုပုံဖော်ရာမှာ ကျွမ်းကျင်ဖို့အတွက် နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။

 

တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ @oiri_kitchen ကတော့ အွန်လိုင်းပေါ်မှာ ဗီဒီယိုရိုက်ပြီး တင်ထားပါတယ်။ ဗီဒီယိုထဲမှာတော့ @oiri_kitchen ရဲ့ ထက်မြက်လွန်းတဲ့ဓားစွမ်းရည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ အသီးအနှံလေးတွေကို ပါးပါးပြားပြားပြားလေးတွေဖြစ်အောင် ပုံဖော်နိုင်တဲ့အပြင် တစ်ချိန်တည်းမှာပဲ သူကိုင်တွယ်တဲ့ သခွားသီးရဲ့ အနေအထားပေါ် မူတည်ကာ ဓားကိုင်ပုံပါ ပြောင်းလဲသွားတာကိုလည်း တွေ့မြင်ရမှာပါ။

ဒါလေးကတော့ @oiri_kitchen ရဲ့ နောက်ဆုံးရလဒ်အဖြစ် ထွက်လာတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။

Oiri ဟာ သခွားသီးတွေကိုတင် ပုံပြောင်းနိုင်တာမဟုတ်ပါဘူး။ အခြားသီးနှံတွေဖြစ်ကြတဲ့ မုန်လာဥနီ၊ ခရမ်းချဉ်သီးစသဖြင့် ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း ချစ်စရာကောင်းတဲ့ အရုပ်ဒီဇိုင်းပုံလေးတွေ၊ ပန်းခက်ပန်းနွယ်လေးတွေအဖြစ် ပုံစံပြောင်းနိုင်ပါသေးတယ်။

အသက်(၂၃) နှစ်သာရှိသေးပေမယ့် @oiri_kitchen အကောင့်ပိုင်ရှင်လေးရဲ့ ဓားစွမ်းရည်ကတော့ အံ့မခန်းစရာဖြစ်နေတာကို အောက်ကပုံတွေမှာ တွေ့ရမှာပါ။ Oiri ဟာ သီးနှံတွေကို ပုံဖော်ရာမှာ အိုဆာကာအခြေစိုက်ကုမ္ဗဏီဖြစ်တဲ့ Jikko မှ ဓားတွေကို အသုံးပြုပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Oiri ကတော့ ဟင်းချက်တာဟာ သူ့ရဲ့ ၀ါသနာပါလို့ ဆိုလိုက်ပြီး ဂျပန်ရဲ့ အလှတရားတွေကို သူ့ဗီဒီယိုကနေတဆင့် လူတွေတွေ့မြင်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောပြပါတယ်။ အခုဆိုရင်တော့ Oiri ဟာ တွစ်တာပေါ်မှာ follower ပေါင်း () ထောင်ကျော်ရှိနေပြီလို့လည်း soranews24 အရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE