လိင်အင်္ဂါအမွေးအမျှင်နဲ့ပက်သက်ပြီး လူတွေအထင်မှားနေတဲ့အချက်များ

အောက်မှာ ဖော်ပြမယ့်အကြောင်းအရာတွေကတော့ လူတွေ များသောအားဖြင့် အမျိုးသမီးတွေဟာ မိမိတို့ရဲ့ လိင်အင်္ဂါအမွေးအမျှင်နဲ့ပတ်သက်ပြီး အထင်မှားနေတဲ့အချက်တွေကို ဆေးပညာအမြင်အရ ဖြေရှင်းပေးထားတာ ဖြစ်ပါတယ်။ Shwemom ရဲ့ ပရိသတ်ကြီးအနေနဲ့လည်း အထူးသဖြင့် အမျိုးသမီးပရိသတ်ကြီးအနေနဲ့ မရှင်လင်းတဲ့အချက်ကလေးတွေ ရှင်းလင်းသွားမယ်လို့ ယူဆပါတယ်။

(၁) ရောဂါဘယကို ကာကွယ်ပေး/မပေး

များသောအားဖြင့် ဥရောပနိုင်ငံမှ အမျိုးသမီးများကို စစ်တမ်းကောက်တဲ့အခါမှာ အမျိုးသမီအင်္ဂါအမွေးဟာ ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်မှု ရှိမရှိဆိုတဲ့အမြင်နဲ့ ပတ်သက်ရင် No လို့ ဖြေတတ်ကြပါတယ်။ ဒီအချက်ဟာ ဘာကို အခြေခံပြီး ဖြစ်ပေါ်လာသလဲဆိုရင် ဥရောပနိုင်ငံသူ အမျိုးသမီးအများစုဟာ အရွယ်ရောက်သည်မှ စပြီး အမွှေးအမျှင် ရိတ်သင်လေ့ရှိတာမို့ ဒီလို No အဖြေ ထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။ အမှန်တော့ သဘာဝအရ ပါလာတဲ့ အမွေးအမျှင်တွေဟာ အလဟဿမဖြစ်ဘူးလို့ ဆေးပညာဘက်က အတိအလင်း ပြောပါတယ်။ မျက်လုံးမှာ မျက်တောင်မွေးပါခြင်းဟာ မျက်လုံးထဲကို ဖုန်ကဲ့သို့သော အညစ်အကြေးတွေ အလွယ်တကူ မ၀င်ရောက်နိုင်အောင် သဘာဝက ပေးလိုက်တဲ့ လက်ဆောင်ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ အမျိုးသမီးရဲ့ ယောနိထဲကို ပြင်ပရောဂါပိုးတွေ ၀င်ရောက်ခြင်းမှ အမွေးအမျှင်က ကာကွယ်ပေးနိုင်သလို၊ အရေအပြားပေါ်မှာသာ ပေါက်ရောက်နေသည့် အမွေးအမျှင်သက်သက် မဟုတ်ဘဲ၊ လိင်ပိုင်းဆိုင် ရောဂါတွေကိုပါ ဋ္ဌ
တိုက်ခိုက်ကာကွယ်နိုင်စွမ်း ရှိပါတယ်။ Sebaceous Glands လေးတွေလဲ ပါဝင်လို့ လိင်ကိစ္စအတွက် တစ်ထောင့်တစ်နေရာကနေ အရေးပါတယ်လို့ ဆေးပညာဘက်က ရှင်းလင်းထားပါတယ်။

READ
မူးနေတဲ့အမျိုးသမီးတစ်ယောက်ကို ယောက်ျားကောင်းတစ်ယောက်ရဲ့ပြုမူဆက်ဆံပုံ

(၂) ဆက်ဆံနေစဉ် ကျေနပ်အားရမှု နည်းသလား/များသလား

အမွေးအမျှင်ဟာ လိင်ကိစ္စကို တစ်နည်းတစ်ဖုံ နှောက်ယှက်သလား၊ သို့တည်းမဟုတ် ကျေနပ်အားရမှုကို ထိခိုက်စေလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်တဲ့အခါမှာလည်း ဥရောပအမျိုးသမီးတော်တော်များများဟာ အမွေးအမျှင်မပါဘဲ သဘာဝအတိုင်းက ပိုပြီး ကျေနပ်နှစ်သိမ့်မှုဖြစ်စေတယ်လို့ ဆိုပြန်ပါတယ်။ တကယ်တော့ အမွှေးအမျှင်ဟာ သာမန်ထက် မရှည်လွန်းဘူးဆိုရင် လိင်ကိစ္စကို အနှောက်အယှက် ပေးဖို့ မဖြစ်နိုင်ပါ။ တစ်ချို့သော အမျိုးသမီးများဟာ သာမန်ထက် ရှည်လျှားတတ်လို့ ပွတ်တိုက် ရှနာခြင်းလောက်တော့ ရှိကောင်း ရှိနိုင်ပါတယ်။

(၃) အရောင်

အမွေးအမျှင်ရဲ့ အရောင်ဟာ မိမိရဲ့ဆံပင်အရောင်နဲ့ တူညီသော ဆက်စပ်မှု ရှိပါတယ်။

(၄) ရှည်လျှားမှု ရပ်တန့်ခြင်း/ရှိမရှိ

များသောအားဖြင့်တော့ လိင်္ဂါအမွေးအမျှင်ဟာ 0.5 လက်မမှသည် 2 လက်မအထိ ရှည်နိုင်တယ်လို့ ဆိုပါတယ်။ မျိုးရိုးနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုပေါ်မှာ မူတည်ပြီးတော့ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ အရှည်ဆုံးအပိုင်းကို ရောက်ပြီး နောက်ပိုင်းမှာ ဆက်ပြီး မရှည်နိုင်တော့ဘဲ ရပ်တန့်နေပါတယ်။ ရိတ်သင်လိုက်တဲ့အခါမှာ အသစ်ပြန်လည်ဖွံ့ဖြိုးလာပြီး မူလ ရှည်နိုင်
တဲ့ နေရာအရောက်မှာ ပြန်လည် ရပ်တန့်ပါတယ်။

READ
သင်မသိသေးတဲ့ Orgasm အကြောင်း(၉)ချက်

(၅) အရေပြားက ထိရှလွယ်တယ်ဆိုရင် အမွေးအမျှင် ရိတ်သင့်/မသင့်

အချို့အမျိုးသမီးတွေဟာ အမွေးအမျှင်ကို ရိတ်သင်လိုက်တာနဲ့ မွေးကျွတ်နာကဲ့သို့သော အနာတွေ ဖြစ်ပေါ်တတ်သလို၊ အသုံးပြုတဲ့ ဆပ်ပြာအဆီနဲ့မတည့်ရင်လည်း ပွေးကွက်ကဲ့သို့ အရာများ ပေါ်တတ်ပါတယ်။ ဒီလို အရေပြားပိုင်ရှင်မျိုးဆိုရင်
အမွေးအမျှင်ကို မရိတ်သင့်ပါဘူး။ အခြား ဘေးထွက်ရောဂါဆိုးကျိုးတွေပါ ကူးစက်နိုင်လို့ဖြစ်ပါတယ်။

(၆) အမျိုးသားတွေကို စွဲဆောင်မှု ရှိ/မရှိ

ဒါကလည်း စောစောက ပြောခဲ့တဲ့အတိုင်း အနောက်ဥရောပနိုင်ငံတွေက အမျိုးသားတွေကို မေးရင် သူတိုန့အနီးစပ်ဆုံး ကိုသာ ဖြေကြပါလိမ့်မယ်။ အမွေးရိတ်သင်တဲ့ အလေ့အထ နည်းသေးတဲ့ အာရှနိုင်ငံတွေလိုနေရာများမှာတော့ အမွေးအမျှင်ပါခြင်းဟာ စွဲဆောင်မှု ဖြစ်စေတယ်လို့ မြင်မှာသေချာပါတယ်။ ဒီနေရာမှာ ဆေးပညာအမျှင်အရဆိုရင်တော့ စွဲဆောင်မှုထက် လိင်စိတ်ကို နှိုးဆွနိုင်မှုအပိုင်းမှာ အမွေးအမျှင်ရှိခြင်းက ပိုတယ်လို့ ဆိုရမှာပါ။ အချို့သော အမျိုးသားတွေဟာ အကောင်အထည် မမြင်ရသေးပေမယ့် အမွေးအမျှင်ကို မြင်ကာမျှဖြင့် ဒီအမွေးဟာ ဘယ်အမွေးဖြစ်နိုင်သလဲ-ဆိုတာ တွေးပြီး လိင်စိတ်ကို နိုးထစေတယ်လို့ ဆိုပါတယ်။

Shwemom

sm

source : womenshealthmag.com

SHARE