လူငယ်တွေကြား ရေပန်းစားနေတဲ့ TikTok အကြောင်း သိကောင်းစရာ

ဒီခေတ်ကြီးထဲ ဆိုရှယ်မီဒီယာသုံးနေပြီး TikTok ဆိုတာကို မသိဘူးဆိုရင် သင်တော်တော်လေး လိုနေပါပြီ။ ဘေကျင်းမြို့ရှိ ByteDance ကုမ္ပဏီကနေ ထုတ်ထားတဲ့ short video app လေးဟာဆိုရင် ၂၀၁၈ ဒီဇင်ဘာမှာ ကမ္ဘာတဝှမ်း အသုံးပြုသူ ၇၅ သန်းတောင် ရှိလာခဲ့ပါတယ်။ ၂၀၁၇ ဒီဇင်ဘာတုန်းကထက် ၂၇၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာပါ။

TikTok ဟာ အသံနောက်ကို ပါးစပ်လိုက်လှုပ်ပြီး ရိုက်ရတဲ့ lip-syncing ဗီဒီယို app လို့ ပြောလို့ရပါတယ်။ အသံနောက် ပါးစပ်လိုက်လှုပ်ပြီး သရုပ်ဆောင်ရတယ်ဆိုတဲ့အထဲမှာ သီချင်းတွေပဲ မဟုတ်ပါဘူး။ ဇာတ်လမ်းတွေထဲက ဒိုင်ယာလော့ဂ်တွေ၊ ဆယ်လီတွေရဲ့ အသံတွေ အစုံပါပဲ။ အသံမပါဘဲ တီးလုံးသက်သက်နဲ့လည်း သရုပ်ဆောင်ရတာတွေ ရှိပါတယ်။

TikTok ကို တရုတ်နိုင်ငံက နာမည်ကြီးနည်းပညာကုမ္ပဏီတွေ ဖြစ်တဲ့ Alibaba, Tencent, နဲ့ Baidu တို့က ထုတ်တာမဟုတ်ဘဲ သတင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ByteDance က ထုတ်တာဖြစ်ပါတယ်။ ၂၀၁၆ စက်တင်ဘာတုန်းက စထွက်တဲ့ TikTok app က ၂၀၁၇ ထဲမှာ တရုတ်ပြည်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး app ဖြစ်လာခဲ့ပါတယ်။

READ
ယူအေအီးနဲ့အိန္ဒိယကို ဆက်သွယ်ပေးမယ့် ရေအောက်ကျည်ဆန်ရထားအကြောင်း

တရုတ်ပြည်တွင်းကနေ နောက်ပိုင်းမှာ ဂျပန်ထိ ထိုးဖောက်လာနိုင်ခဲ့ပြီး ဂျပန်ဆယ်လီတွေကနေ သီချင်းနဲ့ အက ကမ်ပိန်းတွေပါ TikTok ကို သုံးပြီး ဖန်တီးလာခဲ့ပါတယ်။ ၂၀၁၈ ထဲမှာတော့ အမေရိကန်ကိုပါ ထိုးဖောက်လာခဲ့ပြီး အရှေ့နိုင်ငံတွေသာမက အနောက်နိုင်ငံတွေမှာပါ လူသုံးများတဲ့ app ဖြစ်လာခဲ့ပါတယ်။ TikTok အသုံးပြုသူ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းက တရုတ်ပြည် ပြင်ပက ဖြစ်လာခဲ့ပါတယ်။

ဆိုရှယ်မီဒီယာလောကမှာဆိုရင် Twitter မှာ တစ်ယောက်အမြင် တစ်ယောက် တိုက်ခိုက်မှုတွေရှိတယ်၊ Facebook မှာဆိုလည်း ကောမန့်တိုက်ပွဲတွေ၊ Youtube မှာဆိုလည်း ဗီဒီယိုတင်လိုက်ရင် ကောမန့်ကနေ ဝေဖန်သံတွေ များစွာ.. ဒီလို social app တွေထဲကမှ TikTok ကတော့ ရိုးရှင်းတဲ့ အွန်လိုင်းဗီဒီယိုမျှဝေမှုလုပ်နိုင်တဲ့ app ဖြစ်တာကြောင့် လူကြိုက်များလာတာလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ ဒေါင်းလုတ်ဆွဲယူ အသုံးပြုမှု အများဆုံး app စာရင်းမှာဆိုရင် TikTok က အောက်ပါ စာရင်းအတိုင်း ရပ်တည်ခဲ့ပါတယ်။ အခုဆိုရင် TikTok က အိန္ဒိယမှာပါ ခေတ်စားလာပြီလို့လည်း သိရပါတယ်။

READ
Iphone 8 မှာ S8 ဖုန်းနဲ့ တူညီတဲ့ အချက်များပါဝင်လာမည့်ဟု ကောလာဟာလ တစ်ခုဆို

နောက်ပိုင်းမှာ TikTok ရဲ့ ပြိုင်ဘက်တွေ ပေါ်ပေါက်လာနိုင်ချေလည်း ရှိနေပါတယ်။ တရုတ်ရဲ့ နည်းပညာကုမ္ပဏီကြီး Tencent ကလည်း Kuaishou လို့ ခေါ်တဲ့ ဗီဒီယို app အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပြီး Facebook ကလည်း TikTok နဲ့ အလားတူ app ဖြစ်တဲ့ Lasso ကို ထုတ်တော့မှာ ဖြစ်တယ်လို့ ၂၀၁၈ နိုဝင်ဘာတုန်းက ကြေညာထားခဲ့ပါတယ်။

Ref: The Conversation, Tech Crunch

SHARE