သာမန်တွေ့မြင်နေကျ အရာဝတ္ထုတွေနောက်ကွယ်က သိထားသင့်တဲ့ ဗဟုသုတများ

Shutterstock/ pixfly Shutterstock/Ysbrand Cosijn

အခုဖော်ပြပေးမှာကတော့ အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Brightside ကနေ တွေ့မြင်ရတဲ့ မေးခွန်းအချို့နဲ့ အဖြေတွေပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ လူတွေတွေ့မြင်နေကြဖြစ်တဲ့ အရာတွေ ဥပမာ. အများပိုင်နေရာတွေမှာ တွေ့မြင်ရတဲ့ တံခါးလက်ကိုင်တွေဟာ ဘာလို့ကြေးနဲ့ပြုလုပ်ထားသလဲ၊ ဘောလုံးပွဲတွေမှာ ဒိုင်တွေဟာ ဘာကြောင့် အ၀ါ၊အနီစတဲ့ ကတ်တွေကို သုံးရသလဲ စတဲ့ ဗဟုသုတဖြစ်ဖွယ် မေးခွန်းတွေကိုတော့ အောက်မှာ ဖြေပြပေးထားပါတယ်။

လန်ဒန်က တယ်လီဖုန်းရုံတွေဟာ ဘာကြောင့် အနီရောင်ဖြစ်နေတာလဲ

Shutterstock/Songquan Deng

လန်ဒန်မှာ (၁၉၂၀) ခုနှစ်မှာ ပထမဆုံး တယ်လီဖုန်းရုံတွေ ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဖုန်းရုံတွေကို ကွန်ကရစ်နဲ့ဆောက်လုပ်ထားတာဖြစ်ပြီး တံခါးကိုပဲ အနီရောင်အဖြစ်ထားပါတယ်။ (၁၉၂၄) ရောက်တော့ ဖုန်းရုံတွေကို လမ်းတွေပေါ်မှာ အလွယ်တကူမြင်နိုင်အောင်လို့ဆိုပြီး အနီရောင်လေးတွေအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။ လန်ဒန်မှာ နှင်းကျတဲ့အခါမျိုးတွေမှာဆိုရင်လည်း အနီရောင်နဲ့ဆိုရင် တယ်လီဖုန်းရုံတွေကို သဲသဲကွဲကွဲမြင်နိုင်မှာ ဖြစ်ပါတယ်။

ဘာကြောင့် သင်္ဘောသားတွေရဲ့ အင်္ကျီမှာ အစင်းကြောင်းတွေ ပါနေတာလဲ

Shutterstock/Ysbrand Cosijn

အစတုန်းက သင်္ဘောသားတွေဟာ အစင်းပါတဲ့ ၀တ်စုံတွေကို မ၀တ်ရပါဘူး။ ထောင်သားတွေ၊ နာမကျန်းဖြစ်နေသူတွေနဲ့ အမျိုးသမီးတွေ ညအိမ်တဲ့အခါမှာတွေသာ ၀တ်ဆင်ကြပါတယ်။ (၁၈၅၈) ခုနှစ်ရောက်တဲ့အခါ နပိုလီယံဟာ ရေတပ်မှာ အစင်းပါတဲ့ ၀တ်စုံတွေကို ၀တ်ခွင့်ပြုလိုက်ပါတယ်။ အကြောင်းရင်းကတော့ သင်္ဘောသားတွေကို ကုန်းပတ်ပေါ်ကနေ အလွယ်တကူ တွေ့မြင်နိုင်အောင်နဲ့ ရေထဲကျသွားတဲ့အခါမှာ အလွယ်တကူ သိနိုင်ဖို့ ဖြစ်ပါတယ်။

READ
ဥာဏ်ရည်မြင့်မားတဲ့သူတွေမှာ ရှိတတ်သောတူညီတဲ့အကျင့်စရိုက်(၄)မျိုး

သင်္ဘောသားတွေဟာ ဘာကြောင့် အောက်ကားဘောင်းဘီတွေ ၀တ်ဆင်ရသလဲ

Shutterstock/Debbie Ann Powell

အောက်ကားဘောင်းဘီတွေကို (၁၈၁၃) ခုနှစ်ကနေ စတင်မိတ်ဆက်ပေးခဲ့ကာ ၄င်းတို့ကို သင်္ဘောသားယူနီဖောင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဘောင်းဘီတွေကို အောက်ကားပေးထားရတဲ့အကြောင်းရင်းက အလွယ်တကူ ခေါက်တင်နိုင်အောင်လို့ဖြစ်ကာ ကုန်းပတ်တွေပေါ်မှာ သန့်ရှင်းရေးလုပ်တဲ့အခါ လွယ်ကူစေအောင် ဖြစ်ပါတယ်။ ခေတ်တွေကြာလာတဲ့အခါ ၄င်းအောက်ကားဘောင်းဘီမျိုးကို ၀တ်ဆင်ဖို့မလိုအပ်တော့ပေမယ့် ဖက်ရှင်တစ်ခုအဖြစ် လူတွေကြားမှာ ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးဒိုင်တွေဟာ ဘာကြောင့် အနီနဲ့ အ၀ါကတ်တွေကို အသုံးပြုရတာလဲ

Shutterstock/ pixfly

(၁၉၆၆) ခုနှစ်တုန်းက အာဂျင်တီးနား-အင်္ဂလန်ဘောလုံးပွဲတစ်ပွဲမှာ ဂျာမန်ဒိုင်ရဲ့စကားကို အာဂျင်တီးနားဘောလုံးသမားက နားမလည်ပါဘူး။ ထို့နောက်မှာတော့ ၄င်းဘောလုံးသမားကို ကွင်းထဲကနေ ခေတ္တထုတ်ပယ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်ဘောလုံးသမားတွေဟာလည်း ဘောလုံးကွင်းထဲက အချို့သတိပေးချက်တွေကို တဖန်နားမလည်ပြန်ပါဘူး။ ဒီအဖြစ်အပျက်အပြီးမှာတော့ ကမ္ဘာ့ဖလားဒိုင် ကန်အက်စ်တွန်ဟာ အနီရောင်နဲ့ အ၀ါရောင်ကတ်တွေကို ပိုပြီး အဓိပ္ပါယ်ရှင်းလင်းစေဖို့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

READ
နှစ်(၅၀)မှာ တစ်ခါပြန်ပေါ်တယ်ဆိုတဲ့ ဗြိတိသျှတို့နစ်မြုပ်ခဲ့တဲ့ Ghost Ship သင်္ဘောကြီး

အများပိုင်နေရာက တံခါးလက်ကိုင်တွေကို ဘာကြောင့် ကြေးနဲ့ ပြုလုပ်ထားသလဲ

Shutterstock/auwry

အကြောင်းရင်းကတော့ ငွေ၊ မာကျူရီ၊ ဇင့်၊ ကြေးနီ၊ ခဲ၊ ရွှေစတဲ့ သတ္တုတွေမှာ မှိုနဲ့ အခြားဗိုင်းရပ်စ်တွေကို ဟန့်တားနိုင်တဲ့ oligodynamic effect လို့ခေါ်တဲ့ အိုင်ယွန်တွေ ပါရှိပါတယ်။ ဒါကြောင့်လည်း  သူ့ဘာသာသူ အလိုအလျောက် သန့်ရှင်းစေနိုင်တဲ့ အစွမ်းရှိပြီး ပိုးမွှားအလွယ်တကူ မကပ်ညှိနိုင်တဲ့ကြေးနီကို အများသုံးတဲ့နေရာတွေမှာ အသုံးပြုကြတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE