မိုးသည်းထန်တဲ့အချိန်မှာ အန္တရာယ်ကင်းစေဖို့ သတိထားသင့်တဲ့အချက်(၅)ချက်

Sergey Gordienko/shutterstock

ရာသီဥတုကတော့ မိုးတွေအရမ်းသည်းပြီး သွားရ၊လာရ ခက်ခဲတဲ့အချိန်လို့ပြောရမှာပါ။ မုန်တိုင်းရှိနေတာကြောင့် မိုးကအဆက်မပြတ်ရွာနေပြီး လမ်းပေါ်မှာလည်း ရေတွေအပြည့်ပါပဲ။ တချို့အနိမ့်ပိုင်းနေရာတွေမှာဆိုရင် နေအိမ်ထဲအထိ ရေတွေ ၀င်နေကြပြီ။ ဒီလိုမျိုး မိုးတွေအဆက်မပြတ်ရွာနေတဲ့အချိန်မှာ ဘေးအန္တရာယ်ကင်းစေဖို့ ဒီအချက်တွေကို သတိထားပေးကြပါနော်။

(၁)။ ဓာတ်ကြိုးတွေ ပြတ်ကျနိုင်တဲ့အန္တရာယ်

မိုးတွေအရမ်းရွာနေပြီဆိုရင် လမ်းပေါ်မှာ ရေတွေပြည့်နေမှာ အသေအချာပါပဲ။ ကိုယ်သွားမယ့်နေရာက ရေတွေအရမ်းများနေပြီ၊ ရေတောထဲမှာ ဖြတ်သွားရတော့မယ်ဆိုရင် အနီးအနားမှာ ဓာတ်ကြိုးတွေ ပြတ်ကျနေတာ ရှိမရှိ၊ လေအရမ်းတိုက်ပြီး ဓာတ်ကြိုးတွေ လှုပ်နေ မနေ အရင်ကြည့်ပါဦး။ သေချာပြီ၊ သူများတွေလည်းသွားနေတယ်၊အန္တရာယ်မရှိဘူးလို့ ယူဆရတော့မှပဲ အရှေ့ဆက်သွားဖို့လုပ်ပါ။

A_Lesik/Shutterstock
(၂)။ မြောင်းပေါက်ထဲကျွံကျနိုင်တဲ့ အန္တရာယ်

ရန်ကုန်မြို့မှာတော့ မိုးတွေအရမ်းရွာရင် လမ်းနံဘေးမှာရှိတဲ့ ပလက်ဖောင်းကိုလည်း ရေတွေလွှမ်းသွားတတ်ပါတယ်။ ကိုယ်က ပလက်ဖောင်းရှိတယ်ဆိုပြီး လမ်းလျှောက်ဖို့ ကြိုးစားပေမယ့် ပလက်ဖောင်းမှာ အပေါက်တွေဖြစ်နေတာမျိုးဆိုရင် ကိုယ့်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ အောက်ဖက်လမ်းကို ကြည်ကြည်လင်လင်မြင်ရတဲ့နေရာမျိုးအထိ သွားပြီး လမ်းလျှောက်သင့်ပါတယ်။ ရေအရမ်းများတဲ့နေရာ၊ အောက်မှာ ဘာရှိမှန်း ရှင်းရှင်းလင်းလင်းမသိရတဲ့နေရာတွေကတော့ မသွားတာအကောင်းဆုံးပါ။

READ
"ဒါဟာမဖြစ်နိုင်ဘူး" လို့ပြောခဲ့ပေမယ့် တက်တက်စင်အောင်လွဲခဲ့တဲ့ နာမည်ကြီးတွေရဲ့စကားများ
Jaromir Chalabala/Shutterstock
(၃)။ သစ်ပင်တွေ ကျိုးကျနိုင်တဲ့အန္တရာယ်

မနေ့ကပဲ တက္ကသိုလ်ရိပ်သာလမ်းထဲမှာ ကားပေါ်ကို လမ်းဘေးက သစ်ပင်ကြီး ကျိုးကျတာ ဖြစ်ခဲ့ပြီးပါပြီ။ လေတွေအရမ်းတိုက်ရင် လမ်းဘေးသစ်ပင်တွေက သစ်ကိုင်းတွေကျိုးကျနိုင်တာတို့၊ ယိုင်နေတဲ့ ဓာတ်တိုင်တွေလဲပြီး ဓာတ်ကျိုးတွေ ပြတ်ကျနိုင်တာတို့..စတာတွေ ဖြစ်နိုင်တာမို့ လေအရမ်းကြမ်းတဲ့အချိန်တွေမှာ တတ်နိုင်သလောက် အမိုးအကာအောက်မှာပဲ နေကြပါ။

(၄)။ ကားအန္တရာယ်

မိုးရေတွေနဲ့ စိုစွတ်နေတဲ့လမ်းတွေမှာ ကားတွေက ဘရိတ်ဖမ်းဖို့ ခက်တတ်ကြပါတယ်။ တချို့ကားတွေဆို အရှေ့မှာ တစ်ခုခုတွေ့လို့ ကြိုပြီး ဘရိတ်ဖမ်းကြပေမယ့် မိုးရေတွေနဲ့ စလစ်ဖြစ်ပြီး တိုက်မိတတ်တာမျိုး မကြာခဏ ဖြစ်တတ်ကြတာပါ။ ဒီတော့ မိုးရွာတဲ့အချိန်တွေ လမ်းကူးရင် သတိထားပါ။ ကားအရှင်းဆုံးအချိန်ကို စောင့်ပြီး လမ်းကူးတာမျိုးက အကောင်းဆုံးပါပဲ။

Volodymyr Baleha/Shutterstock
(၅)။ အဆိပ်ရှိတဲ့ အကောင်တွေရဲ့အန္တရာယ်

မိုးတွေအရမ်းသည်းလာလို့ အိမ်ထဲကို ရေတွေဝင်တဲ့အဆင့်အထိ ဖြစ်လာပြီဆိုရင် ခြံထဲမှာ ခွေနေတတ်တဲ့ မြေတွေ၊ ကင်းတွေလည်း အိမ်ပေါ်ကို တက်လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ အဲဒီလိုအကောင်တွေဝင်နိုင်တဲ့ တံခါးတွေကို ပိတ်ထားတာပဲဖြစ်ပြီး ဂရုတစိုက်နဲ့သွားလာကြဖို့ပါပဲ။

READ
ဒေါ်လာသန်းချီပေးဝယ်ခဲ့ကြောင်း ထင်ရက်စရာတောင် မရှိတဲ့ ပန်းချီကားများ

Linn

SHARE