မနက်ဖြန်မှာ ကျရောက်မယ့် ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့အကြောင်း သိကောင်းစရာများ

ဒီပါဝလီလို့လည်း ခေါ်ကြတဲ့ ဒေဝါလီပွဲတော်ကတော့ အာရှတစ်ခွင် အကျော်ကြားဆုံး ဟိန္ဒူပွဲတော်တစ်ခု ဖြစ်ပါတယ်။ အခေါ်အဝေါ် နှစ်မျိုးကတော့ အိန္ဒိယနိုင်ငံ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့ကြား အနည်းငယ် ကွဲပြားသွားတာဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ဖြစ်ပြီး နိုင်ငံများစွာမှာ တရားဝင်အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။

ဒေဝါလီနေ့ကတော့ နှစ်စဉ် အောက်တိုဘာနဲ့ နိုဝင်ဘာလကြားမှာ ကျရောက်တတ်ပါတယ်။ ဟိန္ဒူပြက္ခဒိန်ရှိ Kartik လရဲ့ ၁၅ ရက်မြောက်လို့ သတ်မှတ်ထားတာ ဖြစ်ပြီး ယခုနှစ် ၂၀၁၈ မှာဆိုရင်တော့ နိုဝင်ဘာလ ၇ ရက် မနက်ဖြန်မှာ ကျရောက်မှာဖြစ်ပါတယ်။ အောက်ဘက်မှာတော့ ဒေဝါလီနေ့ သက်ဆိုင်တဲ့ ဗဟုသုတ ရဖွယ်ရာ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Shutterstock

(၁) ဒေဝါလီပွဲတော်က အိန္ဒိယမှ စခဲ့တဲ့ ဘာသာရေးဆိုင်ရာ ပွဲတော်တစ်ခုပါ။ ဟိန္ဒူဘာသာဝင်တို့နဲ့ အဓိကသက်ဆိုင်တယ်လို့ ထင်ရပေမယ့် ဆိခ်ဘာသာဝင်တွေနဲ့ ဂျိန်းဘာသာဝင်တို့ပါ ပါဝင်ဆင်နွှဲကြပါတယ်။

(၂) ဒေဝါလီပွဲတော်ကို နှစ်စဉ်ကျင်းပကြပြီး ၅ ရက်ကြာ ကျင်းပကြပါတယ်။ ကျင်းပတဲ့ ရက်စွဲကတော့ ကောင်းကင်က လရဲ့ အနေအထားပေါ် မူတည်ပြီး ဆုံးဖြတ်ကြတာဖြစ်တယ်လို့ သိရပါတယ်။

READ
ဟစ်တလာလျှို့ဝှက်နားခိုခဲ့တဲ့ ဘန်ကာကို ပြင်သစ်ဓာတ်ပုံဆရာတစ်ဦး ရှာတွေ့

(၃) ဒေဝါလီ (ဒီပါဝလီ)ဆိုတာကတော့ အိန္ဒိယ ရှေးဘာသာစကား သက္ကရိုက်စကားမှာဆို မီးအလင်းတန်းတွေလို့ အဓိပ္ပာယ်ရပါတယ်။ ဒီပါဝလီညတွေမှာ အိမ်တွင်း အိမ်ပြင် မီးများ ထွန်းညှိအလှဆင်ကြပါတယ်။

(၄) လူများစွာ လက်ခံထားကြတဲ့ အယူတစ်ခုကတော့ ဒေဝါလီဟာ ဟိန္ဒူနတ်ဘုရားမ လက်ခ်ရှမီးကို ပူဇော်ကြတဲ့ ပွဲဖြစ်ပါတယ်။ မီးများ ထွန်းညှိထားကာ လက်ခ်ရှမီးကို အိမ်သို့ ကြွစေတာ ဖြစ်ပြီး ချမ်းသာကြွယ်ဝမှုတွေ ယူဆောင်လာမယ်လို့ အယူရှိကြပါတယ်။

Shutterstock

(၅) ဒေဝါလီပွဲ ဆင်နွှဲခြင်းက မကောင်းဆိုးဝါးတွေကို ဖြိုခွင်းအောင်နိုင်ဖို့ ကျင်းပတဲ့ပွဲလို့လည်း မှတ်ယူထားကြပါတယ်။ ဒီပွဲကို ဖြစ်ပေါ်လာစေတဲ့ ဒဏ္ဍာရီများစွာ ရှိတဲ့အနက်ကမှ တစ်ခုကတော့ ရာဝဏဘုရင်ကို အောင်နိုင်ပြီး ပြန်လာတဲ့ ရာမနဲ့ မယ်သီတာတို့ရဲ့ အောင်ပွဲအတွက် ကျင်းပကြတာဖြစ်တယ်လို့ အိန္ဒိယမြောက်ပိုင်းမှာ ယူဆကြပါတယ်။

(၆) အချို့တွေက ဒီပွဲကျင်းပရခြင်းဟာ ကာလီမယ်တော်က မကောင်းဆိုးဝါးတွေကို အောင်နိုင်ခြင်းအတွက် ဖြစ်ပြီး နီပေါက လူတွေကတော့ ခရစ်ရှာနားက Narakaasura ဘုရင်ကို အောင်နိုင်ခြင်းအတွက် ဖြစ်တယ်လို့ မှတ်ယူကြပါတယ်။

READ
ကမ္ဘာ့ ကြောက်စရာအကောင်းဆုံးနဲ့ အပြင်းဆုံး အဆိပ် (၅) မျိုး

(၇) ဒေဝါလီက မီးထွန်းပွဲသက်သက် မဟုတ်ပါဘူး။ မိသားစုမိတ်ဆွေသူငယ်ချင်းတွေကြား လက်ဆောင်တွေ အပြန်အလှန်ပေးကြတယ်၊ မုန့်တွေ လုပ်စားကြတယ်၊ အိမ်ကို အလှဆင်ကြတယ် စသဖြင့် ပျော်စရာ ပွဲတော်ကြီးပါ။

Shutterstock

(၈) ဒေဝါလီရဲ့ ရိုးရာတွေထဲက တစ်မျိုးကတော့ ရန်ဂိုလီဖြစ်ပါတယ်။ ရန်ဂိုလီဆိုတာ ကြမ်းပြင်ပေါ်မှာ ရောင်စုံအမှုန့်တွေ၊ ပန်းတွေကို သုံးပြီး အလှဆင်ကြတာဖြစ်ပါတယ်။ နတ်ဘုရားတွေနဲ့ ကံကောင်းခြင်းတွေကို ကြိုဆိုဖို့ အိမ်အဝင်ဝ ကြမ်းပြင်ပေါ်မှာ ရန်ဂိုလီ ဆွဲကြပါတယ်။

အားလုံးပဲ Happy Diwali ပါနော်..။

Shutterstock

Ref: NGC, CNN, Wikipedia

SHARE