ရုပ်ရှင်ပိုစတာနဲ့တင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေရရှိနေတဲ့ “ကိုယ်စောင့်နတ်”ရုပ်ရှင်ကားကြီး

“ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုပ်ရှင်မပြသခင်မှာတင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို တခဲနက်ရရှိနေပါပြီ။ “ကိုယ်စောင့်နတ်” ရုပ်ရှင်ကားကြီးကတော့ သူရဲ့ ပိုစတာဓါတ်ပုံကြောင့် ပရိသတ်တွေကြားမှာ လူပြောများနေတာဖြစ်ပါတယ်။ ပိုစတာဓါတ်ပုံကြောင့် ပရိသတ်တွေကြားမှာ Boy Love ဇာတ်ကားလားလို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

“ကိုယ်စောင့်နတ်”ရုပ်ရှင်ဇာတ်ကားမှာတော့ ကျော်သူ ၊ရန်အောင်၊ ရဲအောင် ၊ထွန်းထွန်း ၊လွှမ်းပိုင်၊ ထူးအောင်၊ ဆန်းထွဋ် အောင်ရဲထွေး ၊သုတဇော်​၊ မျိုး​ဇော်​နဲ့  ခင်ဝင့်ဝါတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး နာမည်ကျော် အနုပညာရှင်များစွာလည်း ပါဝင်ထားကြပါတယ်။ “ကိုယ်စောင့်နတ်” ရုပ်ရှင်ကားကတော့ အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး မြင်နေကြမဟုတ်တဲ့ ရိုက်ချက်တွေနဲ့ ကြည့်ရမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

“ကိုယ်စောင့်နတ်”ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ပရိသတ်တွေရော မင်းသား (၇)ယောက် ၊ကိုယ်စောင့်နတ် (၁)ယောက်နဲ့ ကျောင်းသူလေး (၁) ယောက်တို့၏ ရီစရာအဖြစ်အပျက်တွေအကြောင်းကို အားပေးဖို့ အဆင်သင့်ပဲလား။

READ
ကျရာဇာတ်ရုပ် ပီပြင်ဖို့ ဘ၀ပြောင်းခဲ့သူများ..

Source: ကိုယ်စောင့်နတ် page

SHARE