သမီးကိုဘက်စကက်ဘောပွဲလိုက်ပို့ရင်း ရဟတ်ယာဉ်ပျက်ကျသေဆုံးခဲ့တဲ့ ကိုဘီဘရိုင်ယန်

Twitter / LATimes

အမေရိကန်ရဲ့နာမည်ကျော် ဘက်စကက်ဘောကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ကိုဘီဘရိုင်ယန် ကတော့ တနင်္ဂနွေနေ့မှာဖြစ်ပွားခဲ့တဲ့ ဟယ်လီကော်ပတာပျက်ကျမှုအတွင်း ပါဝင်ခဲ့ပြီး သေဆုံးသွားခဲ့ပါပြီ။

အသက် (၄၁)နှစ်အရွယ် ဘက်စကက်ဘောကြယ်ပွင့်ဟောင်းဟာ အသက်(၁၃)နှစ်အရွယ် သမီးလေးကို ဘက်စကက်ဘောပွဲရှိရာ လိုက်ပို့ရင်း ကယ်လီဖိုးနီးယားနိုင်ငံ၊ ကာလာဘာဆက်ရဲ့ တောင်ကုန်းတွေရှိရာဖက်မှာ ဟယ်လီကော်ပတာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

ဘရိုင်ယန်ရဲ့ သမီးဖြစ်သူ ဂျီယန်နာမာရီယာ ဟာ Manba Sports Acadamy ကျောင်းမှာ ပြုလုပ်မယ့် ဘက်စကက်ဘောပြိုင်ပွဲကို သွားရောက်ကစားမှာဖြစ်ပြီး အဲဒီပွဲမှာ ဘရိုင်ယန်က နည်းပြအဖြစ် တာဝန်ယူပေးသွားဖို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့်လည်း လူ(၉)ဦးပါဝင်တဲ့ ရဟတ်ယာဉ်က လမ်းတစ်ဝက်မှာတင် ပျက်ကျသွားခဲ့ပြီး ရဟတ်ယာဉ်ပေါ် ပါသူအားလုံး အသက်ဆုံးရှုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ဟာ ဆိုးရွားတဲ့ ရာသီဥတုဒဏ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပျက်ကျသွားတဲ့နေရာဟာ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေ ချက်ချင်းရောက်ဖို့ ခက်ခဲတဲ့နေရာဖြစ်တာကြောင့် အချိန်မီကယ်ဆယ်မှုတွေလည်း မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

 

လော့စ်အိန်ဂျလိစ်မြို့ရဲ့ အနောက်မြောက်ဖက် မိုင်(၃၀)အကွာမှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ မီးလောင်ကျွမ်းခဲ့ပြီး ပိုင်းလော့အပါအ၀င် ယာဉ်ပေါ်ပါလာသူအားလုံး အသက်ဆုံးသွားခဲ့တယ်လို့ လော့စ်အိန်ဂျလိစ်ရဲ့ မီးသတ်တပ်ဖွဲ့အရာရှိချုပ် ကဆိုပါတယ်။

READ
ကိုယ်စား ရန်ဖြစ်ပေးမယ့်သူကို ငှားရမ်းနိုင်မယ့် အွန်လိုင်းပေါ်က နေရာတစ်နေရာ

ကောလိပ်ဘက်စကက်ဘောနည်းပြ အယ်လ်တိုဘယ်လီ၊ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတို့လည်း ဒီ မတော်တဆမှုမှာ ပါဝင်သွားခဲ့တယ်လို့ အယ်လ်တိုဘယ်လီရဲ့အစ်ကို ဖြစ်သူက ဆိုပါတယ်။

 

တေလာဆွစ်၊ ဂျွန်လီဂျန့် နဲ့ ဒီမီလိုဗာတို တို့လို နာမည်ကျော်တွေက ကိုဘီဘရိုင်ယန်ရဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေကို သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြနေကြသလို Mamba Sports Academy ရဲ့ အပြင်ဖက်မှာလည်း ထောင်ချီတဲ့ပရိသတ်တွေက ပန်းစီးတွေ၊ ဖယောင်းတိုင်တွေ နဲ့အတူ သူတို့ရဲ့ ၀မ်းနည်းမှုကို ဖော်ပြနေကြပါတယ်။

ကိုဘီဘရိုင်ယန်ရဲ့အသင်းဟောင်း LA Lakers ရဲ့ပရိသတ်တွေကတော့ ဘရိုင်ယန်ရဲ့ ဂျာစီတွေ၊ ပန်းခွေတွေနဲ့အတူ LA Lakers ကွင်းရှေ့မှာ လာရောက်စုဝေးခဲ့ကြတာပါ။

READ
ဖောက်ပြန်တဲ့ချစ်သူကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်ရိုက်နှက်ခဲ့သူအား ထောင်ဒဏ်ချမှတ်

အသက် (၁၈)နှစ်အရွယ်မှာကတည်းက NBA ရဲ့ ကြယ်ပွင့်ကစားသမား ဖြစ်လာခဲ့တဲ့ ဘရိုင်ယန်ဟာ နည်းပြတွေ၊ အသင်းဖော်တွေနဲ့ မကြာခဏ ပြဿနာ ဖြစ်ပွားခဲ့သူ ဖြစ်ပေမယ့်လည်း သူ့ရဲ့အရည်အချင်းနဲ့ အနိုင်ရလိုစိတ်ကိုတော့ အားလုံးက အသိအမှတ်ပြုခဲ့ကြရပါတယ်။

(၂၀၀၇-၀၈)ရာသီမှာ NBA ရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရိုင်ယန် ဟာ (၂၀၀၈)ခုနှစ်နဲ့ (၂၀၁၂)ခုနှစ်တွေမှာလည်း အမေရိကန်ဘက်စကက်ဘောအသင်းအတွက် အိုလံပစ်ရွှေတံဆိပ်တွေ ဆွတ်ခူးပေးနိုင်ခဲ့သူပါ။

ကိုဘီဘရိုင်ယန်ရဲ့အဖြစ်ကို အားကစားလောက ရဲ့ နာမည်ကြီးသူတွေရော ၊ အနုပညာရှင်တွေကပါ စိတ်မကောင်းဖြစ်ခဲ့ကြပြီး ထောင်ပေါင်းများစွာသော ပရိသတ်တွေကလည်း NBA ရဲ့ ကြယ်ပွင့်ကစားသမားဟောင်းကြီးအတွက် နေရာတိုင်းမှာ ဆုတောင်းမှုတွေ ပြုလုပ်ပေးနေကြပါတယ်။

Linn

SHARE