ဟင်းချက်ပြတဲ့ ဗီဒီယိုတွေနဲ့ နာမည်ကြီးနေတဲ့ လသားအရွယ် စားဖိုမှူးလေး

Instagram- @kobbe_yn

စာဖိုမှူးလေးရဲ့ Instagram ကတော့ @kobe_yn ပါ။ Follower ပေါင်း ၃၃၄,၀၀၀ တောင်ရှိနေပါပြီ။

နာမည်ကတော့ Kobe ပါတဲ့။ အခါလည်သာသာပဲရှိပါဦးမယ်။ Kobe လေးရဲ့မေမေဟာ Kobe လေးကို စားဖိုမှူးလေးဖြစ်အောင် လုပ်ပေးခဲ့ပုံပါပဲ။ ကြည့်ရတာ မေမေလည်း quarantine ကာလမှာ တော်တော်လေးပျင်းနေပုံပါပဲ။

စားဖိုမှူးလေး Kobe တစ်ယောက် အသားတွေ၊ ဟင်းသီးဟင်းရွက်တွေကို ဟင်းခပ်အမွှေးကြိုင်တွေနဲ့ သေချာနယ်ဖတ်နေပုံလေးများ ချစ်စရာလေး။

 

နောက် သူလေးချက်လိုက်ရင် တကယ့်ကို ဟင်းကြီးတွေပဲ။ ဥပမာ ပီဇာတို့၊ steak တို့လိုမျိုးပေါ့။

ဒီအပြင် ဟောဒီလို သူ့ရဲ့ချောကလတ်မွေးနေ့ကိတ်လေးကိုလည်း သေချာဖုတ်ခဲ့တာပါတဲ့ဗျာ။ မေလ ၂ ရက်နေ့ကမှ Kobe လေးက ရက် ၁၀၀ ပြည့်သွားခဲ့တာပါ။

READ
အထဲကပုံဟာ တံခါးလား ကမ်းခြေလား

https://www.instagram.com/p/B_qpIfKhh4s/

စားဖိုမှူးလေးက ဟင်းချက်ရုံတင်မကဘူး မေမေချပေးတဲ့အသီးအနှံတွေကိုလည်း မထင်ရင်မထင်သလို ကောက်ဝါးလိုက်သေးတယ်။ အစားပုတ်လေး။

https://www.instagram.com/p/B_3ZoDEhqMe/

အစားပုတ်မပုတ်ကတော့ ဗိုက်ကိုပဲကြည့်။ ဒီဗီဒီယိုမှာတော့ စားဖိုမှူးလေး Kobe က သူစားမယ့်နေ့လည်စာကို ကိုယ်တိုင်ချက်ပြုတ်နေတာပါ။ ကန်စွန်းဥကို ကိုက်စားနေတာကြည့်ဦး။ ကြက်သားကို သေချာလေး ပြင်ဆင်၊ ကန်ညွှန့်တွေကို ဟင်းခပ်အမွှေးကြိုင်တွေနဲ့သေချာနယ်ပြီး နောက်ဆုံး နေ့လည်စာကို စားနေလိုက်တာများ။ ချစ်ဖို့ကောင်းလိုက်တာနော်။

https://www.instagram.com/p/B_oFQWNhfb7/

သူစားလို့ကောင်းရင် ခေါင်းလေးက ငြိမ့်သေးတာနော်။

ဟင်းချက်တိုင်း ပါးစပ်အငြိမ်မနေ ဟင်းချက်စရာတွေ ကောက်ဝါးတတ်တဲ့အပြင် စကားတွေကလည်း သိပ်များတာပဲ စားဖိုမှူးက..

READ
ကမ္ဘာ့ပါးရိုက်ချန်ပီယံကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့တဲ့လူသစ်လေး

https://www.instagram.com/p/B_07hyNhW42/

သားသားလေးကို အားပေးပါဦးနော်။

https://www.instagram.com/p/B_vkQu2hF10/

Penny

SHARE