America’s Got Talent ရဲ့ သရဖူဆုကို ထိုက်တန်စွာဆွတ်ခူးသွားတဲ့ Kodi Lee

America’s Got Talent ရဲ့ ရာသီအမှတ်(၁၄) ကြိမ်မြောက်ရဲ့ သရဖူဆုရှင်ဟာ ပေါ်ထွက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ထိုက်ထိုက်တန်တန် ပထမဆုကြီး ဆွတ်ခူးသွားခဲ့သူကတော့ အသက်(၂၂) နှစ်အရွယ် အဆိုရှင် နဲ့ ပီယာနိုအတီးပညာရှင် ခိုဒီလီပဲ ဖြစ်ကြောင်း countryrebel အွန်လိုင်းစာမျက်နှာအရ သိရပါတယ်။ ခိုဒီဟာ မျက်မမြင် အော့တစ်ဇင်ဝေဒနာရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ (၁၈.၉.၂၀၉)က ကျင်းပပြုလုပ်တဲ့ AGT ရဲ့ ဖိုင်နယ်ပွဲစဉ်မှာတော့ သရဖူဆုကြီးကို သူ့အိမ်အပြန်ယူဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ခိုဒီဟာ ဂီတလောကမှာ ကျင်လည်လာခဲ့တာ နှစ်အတော်ကြာနေပါပြီ။ ဒါပေမယ့် အခုတစ်ခေါက် AGT မှာတော့ သူ့မှာ ပရိသတ်တွေ အများကြီးရလာတာပါ။ ခိုဒီရဲ့ AGT အသံစစ်တဲ့ဗီဒီယိုဆိုရင် Youtube မှာရော ၊ ဖေ့စ်ဘုတ်ပေါ်မှာပါ လူတွေက သန်းရာနဲ့ချီပြီး ကြည့်ရှုခဲ့ကြပါတယ်။ အမေရိကဟာ ခိုဒီကို အရမ်းနှစ်သက်တာ သိသာပါတယ်။

facebook/America’s Got Talent

ခိုဒီရဲ့ မိခင်ဖြစ်သူ တီနာက “ခိုဒီက ငယ်ငယ်လေးထဲက ဂီတပိုင်းမှာ စိတ်အားထက်သန်မှုရှိတာ ကျွန်မတို့ မြင်ခဲ့ရတယ်။ သီချင်းသံတွေ ကြားရင် သူ့မျက်လုံးကြီးက ကြီးလာပြီး နားစိုက်ထောင်နေတော့တာပဲ…” လို့ ဆိုရင်း ဂီတသံစဉ်တွေဟာ သားဖြစ်သူရဲ့ ဘ၀ကို ကယ်တင်ပေးခဲ့ကြောင်း ဆိုပါတယ်။

READ
မရှိတဲ့သူတွေကို လှူဒါန်းပြီး တစ်ချိန်က မိုက်ပြစ်တွေကို ဆေးကြောနေတဲ့ ဂန်းစတားဟောင်း

“တေးဂီတနဲ့ ဖျော်ဖြေမှုကြောင့်ပဲ သူက ဒီကမ္ဘာကြီးမှာ ကြံ့ကြံ့ခိုင်နေနိုင်တာ။ ဘာကြောင့်လည်းဆိုတော့ အော့တစ်ဇင်ဝေဒနာရှင်တစ်ယောက်က လူသာမန်တွေလိုမျိုး လုပ်ကိုင်ပြောဆိုဖို့ ခဲယဉ်းတယ်လေ…” လို့လည်း တီနာက ရှင်းပြပါတယ်။ အောက်က ဗီဒီယိုလေးကတော့ ခိုဒီပထမဆုံးအကြိမ်အဖြစ် AGT ကို လာပြိုင်စဉ်တုန်းက အချိန်ဖြစ်ပါတယ်။

Auditions: Kodi Lee – America's Got Talent

Music saved Kodi Lee's life. 💙See why Gabrielle Union's first Golden Buzzer will go down in history.

Posted by America's Got Talent on Tuesday, May 28, 2019

ခိုဒီဟာ ပထမဆုံးအဆင့် ယှဉ်ပြိုင်စဉ်မှာပဲ ဒိုင်လူကြီးဂါဘရီရယ်ယူနီယံဆီက Golden Buzzer ကို ရရှိခဲ့တာပါ။ ခိုဒီရဲ့ တေးသံတွေကို နားဆင်ကြည့်ရင် သူဟာ Golden Buzzer ထက်တောင် ပိုပြီး ထိုက်တန်နေတာကို တွေ့ရမှာ ဖြစ်ပြီး အဆုံးမှာတော့ AGT ရဲ့ winner ဆုကြီးကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။

READ
အင်္ဂလိပ်ရေလက်ကြားကို (၄)ကြိမ်တိတိ မရပ်မနား ရေကူးဖြတ်ခဲ့တဲ့ ပထမဆုံးလူသား

ဗုဒ္ဓဟူးနေ့ ဖိုင်နယ်ပွဲစဉ်မှာတော့ ခိုဒီဟာ တေးရေးတေးဆို လီယိုနာလူးဝစ်နဲ့အတူ “You are The Reason” သီချင်းကို အံ့သြမှင်သက်ဖွယ် ကောင်းလောက်အောင် သီဆိုပြသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ duet version မူရင်းမှာတော့ လီိယိုနာလူးဝစ်ဟာ ကာလမ်စကော့တ်နဲ့အတူ အသံသွင်းခဲ့တာပဲ ဖြစ်ပါတယ်။ ခိုဒီရဲ့ တေးသံလေးကို အောက်မှာ ခံစားနားဆင်ကြည့်လိုက်ပါဦး။

လင်းလင်း (ShweMom)

SHARE