CES ပွဲမှာ မိတ်ဆက်လိုက်တဲ့ နည်းပညာသုံး smart toilet အကြောင်း

နိုင်ငံတကာ နည်းပညာပြပွဲတစ်ခု ဖြစ်တဲ့ CES (The International Consumer Electronics Show) ကို ၂၀၁၉ ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်နေ့အတွင်း လက်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပပြီးစီးသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ကမ္ဘာအရပ်ရပ်က နည်းပညာနဲ့ အလက်ထရောနစ် ပစ္စည်းကုမ္ပဏီတွေကနေ ထုတ်ကုန်ပေါင်း များစွာ မိတ်ဆက်ပြသသွားခဲ့ပါတယ်။

ရေချိုးခန်းသုံး ပစ္စည်းတွေကို ထုတ်တဲ့ အမေရိကန် ကုမ္ပဏီ Kohler ဟာဆိုရင်လည်း ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ စမတ်အိမ်သာကို မိတ်ဆက်သွားခဲ့ပါတယ်။ နာမည်ကိုတော့ Numi 2.0 Intelligent Toilet လို့ ပေးထားပါတယ်။

The Verge

Kohler ရဲ့ Numi 2.0 Intelligent Toilet ဟာဆိုရင် နည်းပညာလောကရဲ့ ထူးခြားထုတ်ကုန်တွေထဲက တစ်ခုအနေနဲ့ သတင်းကြီးနေတာပါ။ မီဒီယာနဲ့ မိတ်ဆက်ပွဲမှာတော့ ၎င်း toilet ဟာ အသံပိုင်းရော လိုက်တင်ပိုင်းမှာပါ နည်းပညာမြင့်မားမှုကြောင့် အသုံးပြုသူတိုင်း ဇိမ်ကျတဲ့ mood မျိုးကို ခံစားရနိုင်စေမှာ ဖြစ်တယ်လို့ တင်ပြသွားပါတယ်။

READ
AI စနစ်က ရေးတဲ့ ဇာတ်ညွှန်းနဲ့ ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးကြော်ငြာ

Numi 2.0 Intelligent Toilet မှာ မိမိရဲ့ စိတ်ခံစားချက်အပေါ်လိုက်ပြီး အလင်းအရောင်နဲ့ ဂီတသံတို့ကို ပြောင်းနိုင်မှာ ဖြစ်ပြီး နောက်ကျောဘက်နားကနေ မိမိစိတ်ကြိုက် အခန်းအပူချိန်ကို လိုက်ပြောင်းပေးမယ့် စနစ်လည်း ထည့်သွင်းထားပါတယ်။ စကားနဲ့ အမိန့်ပေးနိုင်တဲ့ အသံထိန်းချုပ်မှုစနစ်ကတော့ စမတ်အိမ်သာရဲ့ အဓိက feature တွေထဲက တစ်ခုပါ။

The Verge

Kohler ကနေ ဒီနှစ်မှာ စမတ်အိမ်သာအပြင် နည်းပညာသုံး အခြားရေချိုးခန်း ပစ္စည်းတွေကိုပါ ဈေးနှုန်းနဲ့တကွ ကြေညာခဲ့ပါတယ်။ Kohler ရဲ့ ရေချိုးခန်းသုံး စမတ်မှန်က ၂၄လက်မဆို ၁၂၄၉ ဒေါ်လာ၊ အသံထိန်းချုပ်မှုစနစ်ပါ ပါတဲ့ ၄၀ လက်မမှန်ဆို ဒေါ်လာ ၃၀၀၀၊ Veil Lighted Bathroom Collection ကို set လိုက်ဆိုရင် ၄၈၄၉ ဒေါ်လာနဲ့ ယခုအထက်စာပိုဒ်တွေမှာ ဖော်ပြထားတဲ့ Numi 2.0 Intelligent Toilet အိမ်သာကတော့ ဒေါ်လာ ၇၀၀၀ ဖြစ်ပါတယ်။

READ
iPhone X ထက် သာလွန်ကြောင်းပြသွားတဲ့ OnePlus 5T ရဲ့ Speed Test ဗီဒီယို

Ref: The Verge

SHARE