ကိုရီးယားအနုပညာလောကကို လှုပ်ခတ်စေခဲ့တဲ့ Sex ကိစ္စအရှုပ်တော်ပုံ(၂)

ကိုရီးယားအနုပညာလောကမှာလည်း လိင်မှုကိစ္စရေးရာ အရှုပ်တော်ပုံအများကြီး ရှိခဲ့ဖူး၊ ရှိနေစဲပါ။ အနုပညာလောကနဲ့ ဒီလို ကိစ္စ တွေ ဟာ လုံးဝကို ခွဲခြားလို့ မရတဲ့ ကိစ္စတွေလို့ ပြောလို့ရပြီး ဒီလို အခြေအနေမျိုးတွေဟာ ဟောလိဝုဒ် မှာလ ည်း ရှိ၊ကိုရီးယားအနုပညာလောကမှာလည်း ရှိတဲ့ ကိစ္စတွေပါ။အဲ့ဒီအထဲကမှ ကိုရီးယားအနုပညာလောကရဲ့ အဆိုးရွား ဆုံး၊အလှုပ်ခတ်နိုင်ဆုံး လိင်မှုကိစ္စရေးရာ အရှုပ်တော်ပုံတွေကတော့………

(၁) Ko Young Wook

koreaboo

သတင်းတွေ ကတော့ (၂၀၁၂)မှာ ထွက်ပေါ် လာခဲ့တာပါ။ Roo’ra Band ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ဖူးတဲ့ Ko Young Wook တစ်ယောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့တာပါ။ဒီ ကိစ္စမှာ ကျူးလွန်ခံခဲ့ရသူ မုဒိမ်းကျင့်ခဲ့ပါတယ်ဆိုပြီး စွပ်စွဲ ပြောဆို ခဲ့တာပါ။ဒီ့ထက် ပိုဆိုးတာ သူ့ရဲ့ ဒီလို ယုတ်ညံ့တဲ့ လုပ်ရပ်ကို ခံလိုက်ရတဲ့ သူတွေ ထဲမှာ ကလေးတစ်ယောက်ပါ ပါခဲ့တယ်ဆိုတဲ့ သတင်း ထွက်လာတဲ့ အချိန်မှာတော့ ရဲတွေဘက်က စုံစမ်းစစ်ဆေးမှုတွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။မကြာခင်မှာတော့ (၂၀၁၀) နဲ့ (၂၀၁၂) တွေ မှာ တကယ်ပဲ လိင်ပိုင်းဆိုင်ရာ စော်ကားမှု (၃)ခု ကျူးလွန်ခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့တဲ့ အတွက် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် နှစ်နှစ် ချမှတ် ခဲ့ပါတယ်။

(၂) JYJ Yoochun

Netizen Buzz

အမျိုးသမီးလေးယောက်က သူတို့ကို Yoochun က မုဒိမ်းကျင့်ခဲ့ပါတယ်ဆိုပြီး စွပ်စွဲ ခဲ့ကြတာပါ။(၂၀၁၆)တုန်းကဆိုရင် အမျိုးသမီးတစ်ယောက်က သူမကို Yoochun က သူမအလုပ်လုပ်တဲ့ ရေချိုးခန်းထဲက ဘားမှာ မုဒိမ်းကျင့်ခဲ့တာ ပါဆိုပြီး ပြောခဲ့တာပါ။သက်သေအထောက်အထားအနေနဲ့ သူမရဲ့ ချစ်သူ က သူမရဲ့ အတွင်းခံနဲ့ အ၀တ်အစားတွေကိုပါ သက်ေ သအဖြစ် တင်သွင်းခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ နောက်ထပ် အမျိုးသမီး (၃)ယောက်ကလည်း ဒီအဆိုတော်ဟာ သူမတို့ ကိုလည်း မုဒိမ်းကျင့်ခဲ့ပါတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။အမျိုးသမီးတွေက သူတို့ကို ရေချိုးခန်းထဲမှာ မုဒိမ်း ကျင့်ခဲ့တ ယ်ဆြို ပီး ပြောခဲ့ပါတယ်။ရဲတွေက စစ်ဆေးတဲ့ အခါမှာတော့ ပထမ စွပ်စွဲ သူအမျိုးသမီးဟာ Yoochun ရဲ့ ကုမ္ပဏီဆီ ကနေ နစ်နာကြေး တောင်းဆို ခဲ့ပါတယ်။သူမဟာ နောက်ပိုင်းမှာတော့ သူမနဲ့ သူနဲ့ ကြားမှာ အရွယ်ရောက်ပြီး သူအချင်းချ င်းကြ ည်ဖြူနားလည်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တယ် ဆိုပြီး ၀န်ခံခဲ့ပါတယ်။

koreaboo

ဒါကြောင့် စွပ်စွဲချက်ဟာ မှားတယ်၊Yoochun မှာ အပြစ်မရှိဘူး ဆိုပြီး အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။မှားယွင်း စွပ်စွဲ တဲ့ ပထမအမျိုးသမီးကတော့ ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ရှုပ်ထွေးပြီး အပြောင်းအလဲတွေ ဖြစ်ခဲ့တဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး Yoochun မှာ အပြစ်မရှိ ဘူးလို့ လက်ခံယုံကြည်သူတွေ ရှိသလို အပြစ်ရှိတယ်ဆိုပြီး ထင်ကြတဲ့ သူတွေလည်း အများကြီးပါ။

(၃). Seo Ha Joon

koreaboo

သူကတော့ ဒီအထဲမှာ ပါဝင်ကြတဲ့ တခြားသူတွေနဲ့ မတူပါဘူး။(၂၀၁၆) နှောင်း ပိုင်းလောက် အင်တာနက်ပေါ်မှာ (၉)မိနစ်စာဗီဒီယိုဖိုင်ပြန့်ခဲ့ပါတယ်။ဗီဒီယို ထဲမှာတော့ ကိုယ့်ကိုယ်ကို အာသာဖြေ(masturbate) လုပ်နေတဲ့ အမျိုးသား တစ်ဦးရဲ့ ပုံပါ။ဒီဗီဒီယိုဖိုင်ထဲ အမျိုးသားဟာ Seo Ha Joon ဆိုတာကို သူအမြဲ တမ်းဝတ်တတ်တဲ့ လည်ဆွဲကြောင့် ပိုပြီး သေချာသွားခဲ့ပါတယ်။လူတွေရဲ့ ပြောဆိုမှုတွေကို ခံရလို့ နောက်ဆုံးမှာ IG ကိုပါ Private လုပ် ပစ်ခဲ့ပါတယ်။နှစ်ကုန်ပို င်းလောက်မှာတော့ ဗီဒီယိုဖိုင်ထဲက အမျိုးသားဟာ သူပါလို့ ၀န်ခံခဲ့ပြီး လူရှေ့မထွက်တော့ပဲ ရှောင်ပုန်းနေခဲ့ပါတယ်။

READ
ကွဲပြားတဲ့ ပုံစံသစ်နဲ့ ခံစားရမယ့် Selena Gomez ရဲ့သီချင်းသစ် “Fetish”

(၄) Jo Min Ki

koreaboo

#MeToo Movement က သူ့ရဲ့ လုပ်ရပ်တွေကို ပေါ်စေခဲ့တာပါ။လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတွေရဲ့ ရှက်တဲ့ စိတ်နဲ့ ခေါင်းငုံ့ခံလာခဲ့ရသမျှ ကို Me too Movement က ဖော်ထုတ်ရဲ လာအောင် လှုံ့ဆော်ပေးနိုင်ခဲ့ပါ တယ်။#MeToo movement  အပြီးမှာတော့ Jo Min Ki တစ်ယောက် Cheongju  တက္ကသိုလ်က ကျောင်းသူလေး တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တယ်ဆိုပြီး စွပ်စွဲ ခံခဲ့ရပါတယ်။(၂၀၀၄) တုန်းက တက္ကသိုလ်မှာ ဒရမ်မာ သင်ပေးရင်း ကျောင်းသူလေးတွေ အပေါ် ကျူးလွန်ခဲ့တာပါ။ဖေဖော်ဝါရီ(၂၀)မှာ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပြီး တစ်နေ့ တည်းမှာပဲ သူ့ရဲ့ အလုပ်နေရာကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။စွပ်စွဲ ချက် တွေ ကို ကာယကံရှင်ဘက်ကတော့ တောက်လျောက်ငြင်းပေမယ့်လည်း  အမျိုးသမီး(၁၀)ယောက်ကတော့ သူတို့ဟာ စော်ကားခံခဲ့ရပါတယ်ဆိုပြီး တောက်ေ လျာက်စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

koreaboo

Jo Min Ki ကတော့ ဖေဖော်ဝါရီ (၂၇) မှာ သူ့ရဲ့ အပြစ်တွေ အတွက် ၀န်ခံခဲ့ပါ တယ်။ ဒါပေ မယ့်လည်း နောက် ထပ် (၁၁) ယောက်မြောက် အနိုင်ကျင့်စော်ကားခံရသူ တစ်ယောက် ထပ်ပြီး ထွက်ပေါ် လာခဲ့တာကြောင့် မတ်လမှာတော့ ရဲတွေဘက်ကနေ ပုံမှန်လုပ်ရိုး လုပ်စဉ် အတိုင်းစစ်ဆေးမှုတွေကို စတင်ခဲ့ပါ တယ်။ရဲတွေဘက်က စစ်ဆေးမှုအတွက် မဆင့်ခေါ်ခင်မှာပဲ Jo Min Ki  တစ်ယောက် ကိုယ့်ကိုယ် ကို အဆုံးစီရင် သွားခဲ့ပါတယ်။(၂၀၁၈) မတ် (၉) မှာတော့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု စွဲချက်တွေကို မဖြေရှင်းရသေးခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

(၅) Lee Youn Taek

koreaboo

ကိုရီးယား Stage ဒါရိုက်တာ Lee Youn Taek ကတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊စော်ကားမှု၊အကြမ်းဖက်မှုတွေနဲ့ အပုပ်သတင်းတွေ ထွက်ခဲ့တဲ့ နောက်တစ်ယောက်ပါ။#MeToo movement ကြောင့်ပဲ သူ့ရဲ့ လုပ်ရပ် တွေ လူသိကု န်ခဲ့ရတာပါ။ Yeonhee Street Theater Troupe အဖွဲ့ဝင် အမျိုးသမီး တွေကို စော်ကားနှောင့်ယှက်တယ် ဆိုပြီးစွပ် စွဲခံခဲ့ရတာပါ။မင်းသမီးဟောင်းတစ်ယောက်က  အမည်မဖော်ပဲ သူမဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ် ဆိုပြီး Post တင်ခဲ့တာ ပါ။သူမဘက်က ရှောင်နေရင် သူမကို ရိုက်နှက်တာမျိုးတွေ အထိရှိခဲ့တယ်လို့ ဆိုပါတယ်။Trouple ရဲ့ ခေါင်းဆောင် Kim So Hee က ဒါကို သတိပြုမိပေမယ့် Lee Youn Taek ကိုပါ ကူညီပေးခဲ့တယ်လို့ ပြောခဲ့တာပါ။

koreaboo

Kim So Hee ဘက်ကတော့ ဒါဟာမဟုတ်ကြောင်းနဲ့ ဘယ်သူ ဘယ်ဝါမှန်းမသိတဲ့ လူတစ်ယောက်စကားမို့ မယုံရေ ကြာင်းပြောခဲ့ပါတယ်။တစ်ဖက် အမျိုးသမီးက နောက်ပိုင်းမှာတော့ သူမ ဘယ်သူဘယ်ဝါဆိုတာကို ၀န်ခံခဲ့ပါတယ်။ Hong Seon Joo ပါလို့ ထုတ်ဖော် မှပဲ So Hee ကလည်း သူမရဲ့ အပြစ်တွေ အတွက် တောင်းပန်ခဲ့ပါတယ် ။နောက် ပိုင်းမှာတော့ သူမလိုပဲ သူတို့လည်း စော်ကားခံရပါတယ်ဆိုပြီး ပြောလာတဲ့ အမျိုးသမီးတွေ ထွက်ပေါ် လာခဲ့ပါတယ်။ နောက်ပိုင်းမှာေ တာ့. Lee Youn Taek  ၀န်ခံခဲ့ပါတယ်။လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပေမယ့် အကြမ်းဖက်တာ မျိုးတော့မရှိခဲ့ဘူးလို့ ပြောခဲ့တာပါ။

READ
Kylie အနေနဲ့ ကလေးယူဖို့ ငယ်လွန်းတယ်ဆိုတဲ့ Caitlyn Jenner

(၆)Choi Il Hwa

koreaboo

Choi Il Hwa ကတော့ သရုပ်ဆောင်လောကမှာ (၃၅)နှစ်လောက်ကျင်လည် လာခဲ့သူပါ။မင်းသမီးတစ်ယောက်ကဆိုရင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုသက်သက်မဟုတ်ပဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ တယ်လို့ ပြောခဲ့ပါတယ်။The Korea Herald နဲ့ အင်တာ ဗျူးမှာတော့ အဲ့ဒီအမျိုးသမီးက ဖြေခဲ့ရာမှာ လွန်န်ခဲ့တဲ့(၂၅)နှစ်က၊ သူမအသက် (၂၄)နှစ် တုန်းက ‘Henequen,’  ဆိုတဲ့ ပြဇာတ်မှာ သရုပ်ဆောင်ခဲ့စဉ် Choi Il Hwa က ညဖက်နောက်ကျမှလေ့ကျင့်ဖို့ဆိုပြီး အကြောင်းပြ ဖုန်းဆက်ခေါ်ခဲ့ကြောင်း၊ တစ်ပတ်လောက်အကြာမှာတော့ သောက်ဖို့ခေါ်လို့ တွေ့ဖြစ်ခဲ့ကြောင်း၊ အဲဒီမှာပဲ သောက်နေကြရင်းနဲ့ သူမရဲ့ သရုပ်ဆောင်မှုတွေအပေါ် ဝေဖန်စကားတွေပြောရင်း ရုတ်တရက်ကြီး လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါအပြင် Choi Il Hwa  ကလည်း သူမကို တခြားတစ်နေရာရာကို အတင်းခေါ်ဖို့ ကြိုးစားတဲ့အတွက် အော်ဟစ်ရုန်းကန်ဖို့ ကြိုးစားခဲ့လို့ မျက်နှာကို ဖြတ်ရိုက်တာ ခံခဲ့ရတယ်လို့ ပြောပါတယ်။Choi Il Hwa က အရင်ကကျူးလွန်မိခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ  အတွက် ပြန်တောင်းပန်ခဲ့ပါတယ်။သူ့ရဲ့ အပြစ်တွေကြောင့် ကိုရီးယားသရုပ်ဆောင် အ သင်းရဲ့ Chairman ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

(၇)Jung Joon Young

soompi

မိန်းကလေးတွေနဲ့ လိင်ဆက်ဆံတာတွေကို လျှို့ဝှက်ကင်မရာနဲ့  ရိုက် ကူး ပြီးရင် Group Chat ထဲမှာ ပြန်ရှယ်ပြီး မြိန်ရေယှက်ရေနဲ့ ပြောဆိုခဲ့သူပါ။ဒါပေမယ့် သူတို့ရဲ့ Group Chat msg တွေ က အပြင်ကို ပေါက်ကြားခဲ့၊ထွက်ပေါ် ခဲ့ပါတယ်။မိန်းမတွေ နဲ့ အတူ အိပ် တဲ့ အကြောင်းကို အားရပါးရပြန်ပြောရတာက သူ့ရဲ့ ၀ါသနာတစ်ခုလို ဖြစ်နေခဲ့ပြီး (၁၀)လအတွင်း သူရိုက်ခဲ့တဲ့ မကောင်း တဲ့ ဗီဒီယိုပေါင်း (၁၀) ခုကျော်လောက်ရှိတယ်လို့ သိရပါတယ်။အရင်တုန်း ကလည်း ရည်းစားဟောင်းကို အခုလိုတွေ ရိုက်ခဲ့ဖူးလို့ ပြဿနာတတ်ခဲ့ဖူးပေမယ့်အဲ့ဒီတုန်းက ပြဿနာကိုတော့ ပြန်ဖြေ ရှင်းနိုင်ခဲ့ပါတယ်။အဲ့ဒီအမှုတုန်းက ရဲဘက် ကနေ အကျင့်ပျက်ခြစားမှုတွေရှိခဲ့တယ်လို့ SBS ကပြောပါတယ်။သူကိုယ်တိုင် လည်း လုပ် ခဲ့တဲ့ အပြစ်တွေ အတွက် ၀န်ခံခဲ့ပါတယ်။Chat Group ထဲမှာတော့ Seungri အပါဝင် အဖွဲ့ဝင် (၈)ေ ယာက်ပါဝင်သေးတယ်လို့ သတင်းထွက်ခဲ့ပါတယ်။အဲဒီ Chat Group ထဲမှာ  Seungri,Jung Joon Young နဲ့ အမည်မပေါ်လာသေးတဲ့ အမျိုးသားအိုင်ဒေါနှစ်ယောက်၊ အနုပညာရှင်မဟုတ် တဲ့ နောက်ထပ်လူနှစ်ယောက် စုစုပေါင်း ၈ယောက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတ ယ်။

soompi

Source Koreaboo/soompi

SHARE