Stage စင်ကြောက်တဲ့ စိတ်အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဆယ်လီ(၇)ယောက်

ig/@boakwon, jaesukkie1408,artist_eunji

ကိုးရီးယားရဲ့ ဆယ်လီတစ်ယောက်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေနဲ့ စိတ်ပင်ပန်းစရာတွေက တကယ့်ကို များပြားလွန်းပါတယ်။ သူတို့နိုင်ငံရဲ့ ပရိတ်သတ်တွေဟာ ဆယ်လီတွေအပေါ် အရမ်းကို အားပေးတာတွေရှိတတ်ပြီး ဝေဖန်ရှုတ်ချတာတွေလည်း များပြားလွန်းပါတယ်။ ဒီဆယ်လီတွေက သူတို့အနေနဲ့ စတိတ်စင်ကြောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ဖူးကြပြီး စင်ပေါ်တက်ဖို့ တော်တော်လေး ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒီ အ ကြောင်း ကို တော့ koreaboo မှာ ဖော်ပြထားပါတယ်

BoA

 

အဆိုတော်၊ သရုပ်ဆောင်မလေး BoA ရဲ့ စတိတ်စင်ကြောက်တဲ့ ပြဿနာပေါ်ခဲ့ရတာကတော့ ဂျပန်မှာသွားရောက် ဖျော်ဖြေခဲ့တာကနေ စတင်ခဲ့တာပါ။ သူမဟာ ခုချိန်ထိလည်း စင်ကြောက်တဲ့သူတစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး စင်ပေါ်မှာ တစ်ယောက်တည်း ရပ်နေရမှာကို အရမ်းကြောက်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Lee Hi

 

 

View this post on Instagram

 

Merry Christmas 🎁🎅🏼🎄✨

A post shared by @ leehi_hi on

အဆိုမလေး Lee Hi ကတော့ သူမ ပွဲဦးမထွက်ခင်အချိန်ကတည်းက စတိတ်စင်ကြောက်တတ်တာပါ။ သူမဟာ ပရိတ်သတ်တွေပေါ်ကို အရမ်းအာရုံစိုက်လေ့ရှိပြီး လူတွေကို မြင်တာနဲ့ အရမ်းကို စိတ်လှုပ်ရှားလာတတ်တာပါပဲ။ ခုချိန်မှာတော့ စင်ကြောက်တဲ့ပြသနာကို တော်တော်လေး ထိန်းချုပ်နိုင်နေပါပြီ။

READ
ဘယ်ဇာတ်ရုပ်ကိုမဆို ပီပြင်အောင် သရုပ်ဆောင်နိုင်လွန်းတဲ့ နာမည်ကျော် မင်းသားကြီး

Sandeul

 

 

View this post on Instagram

 

행복♡

A post shared by sandoriganatanatda (@sandoriganatanatda) on

B1A4 ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sandeul ဟာ ငယ်ငယ်ကတည်းက အရမ်းကို ရှက်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး လူတွေနဲ့လည်း စကားပြောရတာတွေ သိပ်မကြိုက်တဲ့သူတစ်ယောက်ပါ။ နောက်ပြီး သူစင်ကြောက်ရတဲ့ပြသနာက သူဟာ လူတွေရှေ့မှာဆို အရမ်းကို ရှက်ကိုးရှက်တန်းနိုင်တတ်သူ ဖြစ်နေလို့ပါပဲ။

Luna

 

 

View this post on Instagram

 

촬영주웅~~~ “사랑이 떠나가나봐……”

A post shared by Luna 루나 (@hermosavidaluna) on

Kpop girl group f(x) အဖွဲ့ဝင် Luna ဟာ စင်ပေါ်မှာ အမှားတွေလုပ်မိရာကနေ သူမရဲ့ စင်ကြောက်တတ်လာခြင်း ဖြစ်ပါတယ်။ သူမ အချိန်ပေးပြီး လေ့ကျင့်ထားတာတောင် အမှားတွေလုပ်မိနေတဲ့အတွက် ယုံကြည်မှုမရှိပဲ တဖြည်းဖြည်း စတိတ်စင်ကြောက်တတ်လာတာ ဖြစ်ပါတယ်။

Yoo Jae Suk

 

Host, MC တစ်ယောက်ဖြစ်တဲ့ Yoo Jae Suk ဟာလည်း စတိတ်စင်ကြောက်တဲ့ ပြသနာကို ကြုံတွေ့ခဲ့ရဖူးပါတယ်။ သူ့အလုပ်ကို ဆက်မလုပ်နိုင်လောက်တော့အောင် ဖြစ်ခဲ့ပြီး အရမ်းကို စိတ်ဓာတ်တွေကျ ပင်ပန်းခဲ့ရပါတယ်။ သူ့ကိုသူ အရှုံးပေးချင်လောက်အောင် ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်ခဲ့ရပြီး ခုအချိန်မှာတော့ သူဟာ ကိုးရီးယားရဲ့ top MC တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

READ
မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်ကို လှူဒါန်းလိုက်တဲ့ မေသက်ခိုင်

Eunji

 

 

View this post on Instagram

 

😏

A post shared by @ artist_eunji on

Apink အဖွဲ့ဝင် Eunji ဟာလည်း လေ့ကျင့်မှုတွေ အများကြီးလုပ်ခဲ့ပေမယ့် အမှားလုပ်မိသွားခဲ့ရာကနေ စတိတ်စင်ကြောက်တဲ့ ပြသနာကြုံခဲ့ရပြီး သူမရဲ့ အနုပညာလုပ်ငန်းအစမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Namjoo

 

 

View this post on Instagram

 

오늘도 고마워 팬더💜 모두 수고하셨습니당! 많은 사랑 해주셔서 감사해요💐 #Apink #덤더럼

A post shared by 김남주 (@sarangdungy) on

Apink အဖွဲ့ဝင် နောက်တစ်ယောက်ဖြစ်တဲ့ Namjoo ဟာလည်း ပွဲဦးထွက်တဲ့အချိန်မှာ စင်ကြောက်တဲ့ပြသနာနဲ့ ရင်ဆိုင်ခဲ့ရပြီး ပရိတ်သတ်တွေရဲ့ မုန်းတီးဝေဖန်ကြတဲ့ စကားတွေကြောင့် သူမရဲ့ စင်ကြောက်တဲ့ ပြသနာက ပိုပိုကြီးထွားလာခဲ့ပါတယ်။

Khin

SHARE