Plastic Surgery မလုပ်ပဲ ပင်ကိုယ်လှတဲ့ ကိုရီးယားမင်းသမီး​လေး​များ

ကမ္ဘာမှာ အ​သေးစားအလှခွဲစိတ်​မှုအများဆုံးနိုင်​ငံက​တော့ ကိုးရီးယားနိုင်​ငံပဲဖြစ်​ပါတယ်​။ အဲ့ထဲမှာမှ သရုပ်​​ဆောင်​ နဲ့ ​model များက ပြီးပြည့်​စုံတဲ့အလှရဖို့ သူတို့ရဲ့ မလှတဲ့ပြစ်​ချက်​ရှိတဲ့အပိုင်း​လေး​တွေကို အ​သေးစားအလှခွဲစိတ်​မှု​တွေလုပ်​လေ့ရှိ​ကြပါတယ်​။ ဒါ​ပေမဲ့ ခွဲစိတ်​မှုမလုပ်​ပဲ ပြစ်​မျိုးမှဲ့မထင်​လှပတဲ့ ကိုးရီးယားမင်းသမီး​လေး​တွေလည်းရှိပါ​သေးတယ်​​နော်။သူတို့​လေး​တွေထဲက တစ်​ချို့က​တော့​….
(၁) ကင်​​တေဟီး (Kim Tae Hee)
မကြာေ​သးမီကမှ အိမ်​​ထောင်​ပြုသွားတဲ့ မင်းသမီး​လေး ကင်​​တေဟီးကတော့ ကိုရီးယားနိုင်​ငံရဲ့ နတ်​သမီးလို့ဆိုရ​လောက်​​အောင်​လှပလွန်းသူပါ။သူမရဲ့ သွယ်​လျတဲ့မျက်​နှာ၊ နှာတံစင်းစင်း လေး​​တွေ ၊ အရမ်းလှတဲ့မျက်​လုံး​လေး​တွေက ​မွေးရာပါ ဘုရား​ပေးတဲ့ဆုပါပဲ​နော်​။
(၂) ဂျန်​နာရာ (Jang na Ra)
ဂျန်နာရာကို ​မြန်​မာနိုင်​ငံမှာ​တော့ ​ရွေးနီမ​လေးလို့ လူသိများကြပါတယ်​။ သူမဟာ အရုပ်​​လေးလိုအရမ်းချစ်ဖို့​ကောင်းတာ​ကြောင့်​​ ​တော်​​တော်​များများက plastic surgery လုပ်​ထားတယ်​လို့ထင်​ကြပါတယ်​။ တကယ်​​တော့သူမ အလှဟာလည်း ဘာခွဲစိပ်​မှုမှမလုပ်​ထားတဲ့ ​မွေးရာပါ အလှ​လေးပါပဲ။
(၃) ယွန်းနာ (Yoona)
Girl Generation member ​တော်​​တော်​များများက အလှခွဲစိတ်​မှု​လေး​တွေလုပ်​ထားတာ​ကြောင့်​ ယွန်းနာ ​လေးကိုလည်း ခွဲစိတ်​​မှု​တွေလုပ်​ထားသလားဆိုပြီး သတင်း​တွေထွက်​ခဲ့ပါတယ်​။ ဒါ​ပေမဲ့ ယွန်းနာ အလှက​တော့ ဘာမှပြုပြင်​ထားခြင်းမရှိပါဘူး။သူမှ​မေးချွန်​ချွန်​​လေးကလည်း သဘာဝအလှပါပဲ။သူမကို Most beautiful woman 2013 အဖြစ်​ Vote ခဲ့ကြပြီး China Magazine မှာ​တော့ Most Beautiful Asian အဖြစ်​ ​ဖော်​ပြခြင်းခဲ့ပါတယ်​။
(၄) ပါ့ခ်​ရှင်​ဟိုင်း (Park Shi-Hye)
လတ်​တ​လော “Doctors” korea drama series နဲ့နာမည်​ကြီး​နေတဲ့ Shin Hye ​လေးက​တော့ မျက်​နှာ​ပေါက်​​လေးကြည့်​ရုံနဲ့ မပြုပြင်​ထားတဲ့ သဘာဝအလှဆိုတာသိ​လောက်​မှာပါ။သူမဟာ ကိုရီးယားနိုင်​ငံရဲ့ Most Powerful Celebrities အ​ယောက်​ ၄၀ မှာလည်းပါဝင်​ခဲ့ပါတယ်​။
(၅) Song Ji Hyo
ဂျီဟိုဆိုတာနဲ့ အမြဲဖျတ်​လတ်​ပီး ​ယောက်ျား​လေး​တွေနဲ့ယှဉ်​ပြိုင်​နိုင်​တဲ့ Running Man ရဲ့တစ်​ဦးတည်း​သော Girl Member အဖြစ်​တန်းမြင်​ကြမှာပါပဲ။ ဂျီဟိုဟာ Makeup မပြင်​ထားရင်​​တောင်​ အရမ်းလှတဲ့ မင်းသမီး​လေးပါ။ သူမှကလည်း ဘာအလှခွဲစိပ်ထားခြင်းမှမရှိတဲ့ သဘာဝအလှကိုပိုင်​ဆိုင်​ထားတဲ့ မင်းသမီး​လေးပါပဲ။
(၆) လီ​ယောင်​အဲ (Lee Young-ae)
လီ​ယောင်​အဲကို​တော့ Dae Jang Geum ကိုရီးယားနန်းတွင်းထဲက ချန်​ဂင်​အဖြစ်​သိကြမှာပါ။ ​ယောင်​အဲဟာလည်း မျက်​နှာ​ပေါက်​မျက်​နှာကျဟာ ပုံသွင်းယူထားသလို လှလွန်းလို့ Plastic Surgery လုပ်​ထားတယ်​လို့မထင်​လိုက်​ပါနဲ့​နော်​။
Grinny (Shwemom)
Source : NewsFleshing
SHARE