ကိုယ့်ကိုယ်ကို အဆုံးစီရင်ပစ်ခဲ့ကြတဲ့ ကိုရီးယားဆယ်လီများ

Image:twitter/@_llh61/IG/Sulli/allkpop

တောင်ကိုရီးယားအနုပညာလောကကတော့ အရမ်းကို ဖိအားတွေ များပါတယ်။ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်း၊အောင်မြင်မှု တွေကို ဂရုစိုက်ရတဲ့ အပြင်တစ်ဖက်မှာလည်း အေဂျင်စီတွေက ပေးတဲ့ ဖိအား၊တစ်ဖက်မှာလည်း မကောင်းတဲ့ Comment တွေ နဲ့ တိုက်ခိုက်တတ်ကြသူတွေလည်းရှိနေတာမို့ သူတို့ရဲ့ ဘ၀ကတော့ တကယ့်ကို မလွယ်ပါဘူး။ဒါေ ကြာင့်လည်း ကိုရီးယားမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် ပစ်ကြတဲ့ အနုပညာရှင်တွေ မနည်းပါဘူး။အပြင်လူတွေ မမြင်အောင် ရင်ထဲက စိတ်ဒဏ်ရာတွေကို ဖုံးဖိရင်း  နောက်ဆုံးမှာတော့ သေခြင်းကသာ လွတ်မြောက် ရာ လမ်းဆိုပြီး စိတ်ကို ထွက်ပေါက်ပေးခဲ့ကြတဲ့ ဆယ်လီတွေကတော့…

Kim Seok Hyun (1979-2009)

Image:Allkpop

Kim Seok Hyun ကတော့ အသက် (၃၀)မှာ သတ်သေသွားခဲ့တာပါ။ အနုပညာလောကမှာ တဖြည်းဖြည်း နာမည်ကျလာတဲ့အချိန်၊ အလုပ်တွေ မလုပ်ရတော့ စိတ်ဓါတ်တွေကျပြီး သတ်သေသွားခဲ့တာပါ။

Park Yong Ha (1977-2010)

Image:twitter/@iort1000reasons

Park Yong Ha ကတော့ သူ့အသက်(၃၂)နှစ်မှာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သူပါ။ ကိုရီးယားဒရမ်မာနဲ့ ဇာတ်ကားတွေအများကြီးမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။အောင်မြင်တဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ခဲ့သူပါ။ (၂၀၁၀) ဇွန်(၃၀)တုန်းက သူ့ရဲ့ နေအိမ်မှာ လက်ဆွဲ TV ကင်မရာ အားသွင်းကြိုးနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ဖခင်ဖြစ်သူ ကလည်း ကင်ဆရာရောဂါခံစားနေရသလို တစ်ဖက်က သူ့ရဲ့ အနုပညာအလုပ်မှာလည်း မန်နေဂျာ ဖြစ်သူနဲ့ လက်တွဲ ဖြုတ်ခဲ့ပါတယ်။သူလက်တွဲဖြုတ်လိုက်တဲ့ မန်နေဂျာကတော့ Entertainment အေဂျင်စီရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။စိတ်ရှုပ်စရာတွေ များနေတဲ့ Park Yong Ha ကတော့ သတ်မသေခင်မှာ လူတွေ နဲ့ ဆက်ဆံ ရ တာ စိတ်ပျက်စရာ ကောင်းတယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။အဖက်ဖက်က အဆင်မပြေမှုတွေ များနေတဲ့ Park Yong Ha  က နောက်ဆုံးမှာတော့  Stress နဲ့ Depression ဒဏ်ကို မခံနိုင်တော့ပဲ အဆုံးစီရင်သွားခဲ့တာပါ။

Lee Eun Joo (1980-2005)

Image:twitter/@kpopstarz

(၁၉၈၀)မှာ မွေးတဲ့ မင်းသမီး Lee Eun – Ju ဟာ (၂၀၀၅)ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ သူမအသက် (၂၄)နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ သူမရဲ့ ဇာတ်ကား Taegukgi နဲ့ The Scarlet Letter တို့ ပေါက်ပြီးအောင်မြင်နေချိန်မှာပဲ သတ်သေသွားခဲ့တာပါ။ လက်ကောက်ဝတ်မှာ လှီးထားတဲ့ အရာတွေနဲ့ ကြိုးဆွဲချသေဆုံးနေတဲ့ သူမကို တိုက်ခန်းထဲမှာ တွေ့ခဲ့တာပါ။ သူမဟာ စိတ်ကျရောဂါ၊ အိပ်မပျော်တဲ့ရောဂါတွေကို ခံစားနေရသူပါ။ The Scarlet Letter ဇာတ်ကားထဲမှာ ဗလာကျင်း ဇာတ်ဝင်ခန်းတွေကြောင့် အပြောအဆိုတွေခံနေရလို့ ဒီကိစ္စအတွက် စိတ်ဖိစီးမှုတွေကို ခံစားနေရတာတွေကလည်း သူမ သတ်သေသွားရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ “အမေရေ.တောင်းပန်ပါတယ် အရမ်းလည်း ချစ်ပါတယ်” ဆိုတဲ့စာကိုပဲ ချန်ထားခဲ့ပါတယ်။

Ahn Jae Hwan (1972-2008)

Image:Allkpop

Ahn Jae Hwan  ကတော့ ငွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တာပါ။ စီးပွားရေးက အဆင်မပြေ၊ လုပ်ငန်းတွေက အရှုံးပေါ် လာတော့ စိတ်ညစ်မှုဒဏ်တွေ စုပြီး သတ်သေသွားခဲ့တာပါ။ သူ့ရဲ့ ကားထဲမှာ carbon mono xide  အဆိပ်သင့်ခံပြီး သတ်သေသွားခဲ့တာပါ။သတ်မသေခင်မှာ ဇနီးဖြစ်သူ အတွက် စာတစ်စောင် ချန်ထားခဲ့ပါတယ်။ သူ ခုလိုလုပ်လိုက်မိတဲ့ အတွက် တောင်းပန်ကြောင်းပြောထားတဲ့ နောက်ဆုံးစာကို ချန်ထားပေးခဲ့တာပါ။

READ
Batman နေရာမှာ သရုပ်ဆောင်ဖို့ ဆန္ဒရှိနေတဲ့ Nick Jonas

Jeong Da Bin (1980-2007)

Image:twitter/@Mutiarasoftindo

ရည်းစားဖြစ်သူရဲ့ အိမ်က ရေချိုးခန်းထဲမှာ ကိုယ့်ကိုယ်ကို သတ်သေသွားတာပါ။သူမရဲ့ ရည်းစားဖြစ်သူကတော့  Jeong Da Bin ဟာ အောင်မြင်မှုတွေကျလာပြီး အလုပ်မရှိတဲ့ အတွက်  စိတ်ကျရောဂါခံစားနေခဲ့ရတာ လို့ ပြောခဲ့ပါတယ်။ဒါတင်မကပဲ သူမရဲ့ ရုပ်ရည်အပေါ် အွန်လိုင်းပေါ်မှာ ကဲ့ရဲ့ ဝေဖန်ကြတဲ့ Cyber Bullying လုပ်သူတွေ  ကလည်း သူမရဲ့ စိတ်ကျရောဂါကို ပိုဆိုးလာအောင် လုပ်ပေးနေသလို ဖြစ်ခဲ့တာပါ။ သူမချစ်သူရဲ့ အပြောအရတော့ Jeong Da Bin ဟာ ဒီမတိုင်ခင်တုန်းကလည်း လက်ကောက်ဝတ်ကိုဖြတ်ပြီး သတ်သေဖို့ ကြိုးစားခဲ့ဖူးပါတယ်။

Jang Ja Yeon (1982-2009)

Image:Allkpop

F4 ဇာတ်ကားထဲက မင်းသမီးလေးပါ။သူမဟာ (၂၀၀၉) မတ်မှာ ကိုယ့်ကိုယ် အဆုံး စီရင်သွားခဲ့တာပါ။သူ မသေခင်မှာရေးခဲ့တဲ့ သေတမ်းစာမှာတော့ သူမခံစားကြုံတွေ့ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ  စော်ကား အမြတ်ထုတ် အနိုင်ကျင့်ခံခဲ့ရတဲ့ အကြောင်းတွေကို ပြောပြသွားခဲ့ပါတယ်။သူမရဲ့ အေးဂျင့် Kim Sung Hoon က သူမကို အမြဲရိုက်နှက် သလို၊CEO တွေ၊မီဒီယာပိုင်းက လူကြီးတွေနဲ့ အတင်းအိပ်ခိုင်းခဲ့တယ်ဆိုပြီး သူမရဲ့ စာထဲမှာ ရေးထားခဲ့ပါတယ်။သေ တမ်းစာနဲ့ အတူ သူမရဲ့ ခန္ဓာကိုယ်ပေးဆပ်ခဲ့ရတဲ့ လူစာရင်းကို ပါ ချန်ထားခဲ့ပါတယ်။စာမျက်နှာ (၇) မျက်နှာ လောက် မှာတော့ လူအယောက် (၃၀) ကျော်ရဲ့ နာမည်တွေကို ဖော်ပြထားပါတယ်။ရဲတွေက စာရင်းထဲက လူ(၂၀) လောက်ကို စစ်ဆေးပြီး (၇)ယောက်လောက်ကိုတော့ ပုံမှန်သမရိုးကျတရားစွဲဆိုမှုလုပ်ခဲ့ပါတယ်။Kim Sung Hoon ကိုတော့ ထောင်ဒဏ် တစ်နှစ်၊ခံဝန်ချုပ် နှစ်နှစ်နဲ့ လူမှုရေးလုပ်ငန်းတွေကို နာရီ(၁၆၀) ကို ပြစ်ဒဏ်အနေနဲ့ ချမှတ်ခဲ့ပါတယ်။မျှ တ တရားစီရင်မှု မရှိဘူးဆိုပြီးဝေဖန်မှုတွေ လည်း အများကြီးထွက်ခဲ့ပါတယ်။

Woo Seung Yeon (1983-2009)

Image:twitter/@WorldOf_RPs

အသက်ငယ်ငယ်လေးနဲ့ အဆုံးစီရင်ခဲ့ပါတယ်။လူရွေးပွဲ Audition တွေ ကလည်း မ အောင်တဲ့ အတွက် ကြောင့် ကြာလာတော့ စိတ်ကျရောဂါ ရလာခဲ့တာပါ။စိတ်ကျရောဂါ အတွက် ကုသမှု တောင် ခံယူခဲ့ပါတယ်။ဒါပေမယ့်လည်း  နောက်ဆုံးမှာတော့ သူမရဲ့ မွေးချင်းညီအစ်မ ဆီကို “တောင်းပန်ပါတယ်” ဆိုပြီး မက်ဆေ့ခ်ျ ပို့ခဲ့ပါတယ်။၊သူမရဲ့ Page မှာတော့ ” Good Bye ” ဆိုတဲ့ စာလုံးကိုတင်ခဲ့သလို Background မှာတော့ Sorry ဆိုတဲ့ သီချင်းကို တ်ပြီး သတ်သေသွားခဲ့ပါတယ်။သူမရဲ့ မိသားစုဝင်တွေကလည်း Woo Seung Yeon ရဲ့ စိတ်ကျရောဂါက ပိုပို ဆိုးလာ ခဲ့တယ်ဆိုတာကို သိခဲ့ကြပေမယ့် သူမကိုယ့်ကိုယ်ကို သတ်သေ တာကိုတော့ မတားလိုက်နိုင်ခဲ့ပါဘူး။

Choi Jin Shil (1968-2008)

Image:twitter/
@kumparan

“The Nation’s Actress” လို့လူသိများတဲ့ မင်းသမီး Choi Jin Sil ဟာ သူမအသက် (၃၉)နှစ်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တာပါ။ ဘတ်စကတ်ဘော ကစားသမား Cho Sung-Min နဲ့လက်ထပ်ခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ရခဲ့ပါတယ်။သာယာတဲ့ အိမ်ထောင်ရေးတော့မဟုတ်ခဲ့ပါဘူး။ သူမကိုယ်တိုင် အိမ်တွင်းအကြမ်းဖက်မှု (domestic violence) ရဲ့ သားကောင်ပါလို့ (၂၀၀၄)မှာ ကြေညာခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ အကြမ်းဖက်နှိပ်စက်မှုတွေကို ခံခဲ့ရသူပါ။(၂၀၀၈) အောက်တိုဘာ (၂)ရက်နေ့မှာတော့ ဆိုးလ် မှာရှိတဲ့ သူမရဲ့ နေအိမ်မှာ ကြိုးဆွဲချပြီး သတ်သေခဲ့ပါတယ်။ သူမသေဆုံးပြီး တစ်နှစ်ခွဲအကြာမှာ သူမရဲ့ အစ်ကိုဖြစ်သူ လည်း ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ (၂၀၁၃)မှာတော့ Choi Jin Sil ရဲ့ ခင်ပွန်းဟောင်း Cho Sung Min လည်း ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။

READ
ရွှေနန်းတော် ပွဲမှာ တွေ့ရတဲ့ ပရိသတ်အချစ်တော် ပါးချိုင့်မင်းသမီးလေး

Kim Sung Min(1973 – 2016)

Image:twitter/@soompi

အသက်(၄၃)နှစ်မှာ သတ်သေသွားခဲ့တာပါ။ ဇနီးသည်နဲ့စကားများရန်ဖြစ်ပြီးနောက်ပိုင်းမှာ ခုလို သတ်သေခဲ့တာပါ။  ဇနီးဖြစ်သူက စကားများပြီးနောက် အိမ်ကနေခဏထွက်သွားခဲ့ပါတယ်။ ပြန်လာချိန်မှာတော့ ရေချိုးခန်းထဲမှာ နက်ခ်တိုင်နဲ့ ကိုယ်ကိုယ်ကိုသတ်သေဖို့ ကြိုးစားခဲ့တဲ့ ခင်ပွန်းသည်ကို တွေ့ခဲ့တာပါ။ မူးလာတိုင်း ကိုယ့်ကိုယ်ကို သတ်သေမယ်လို့ မကြာခဏ ခြိမ်းခြောက်တာမျိုးတွေ ရှိခဲ့ဖူးတယ်လို့လည်း ဇနီးသည်က ဖွင့်ဟ ခဲ့ပါတယ်။ အခင်းဖြစ်ပွားရာမှာ ချက်ချင်းသေတာမျိုး မဟုတ်ပါဘူး။ (၂၀၁၆) ဇွန်(၂၄) မှာ သတ်သေဖို့ ကြိုးစားခဲ့ပြီး ဇွန်(၂၆)မှာတော့ ဆေးရုံမှာ ဦးနှောက်သေသွားခဲ့တာပါ။

Jonghyun (1990 – 2017)

Image:twitter/@_llh61

Jonghyun ကတော့ အသက် (၂၇)မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တာပါ။ Shinee အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာအားပေးတဲ့ ပရိသတ် တွေ အများကြီးကို ပိုင်ဆိုင်ထားသူပါ။ ဒီဇင်ဘာ(၁၈)မှာတော့ သူ့တိုက်ခန်းထဲမှာ carbon monoxide သုံးပြီး သတ်သေသွားခဲ့တာပါ။ စိတ်ကျရောဂါကြောင့် သတ်သေသွားခဲ့တာပါ။(၂၀၁၉) မှာတော့ သူ့ရဲ့ သူငယ်ချင်း Sulli လည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။

Sulli ( 1994 –  2019)

Image:IG/Sulli

Sulli ကတော့ ကိုရီးယားရဲ့ နာမည်ကြီး အနုပညာရှင်တစ်ယောက်ပါ။ အောက်တိုဘာ (၁၄) (၂၀၁၉)မှာ ကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်ချိန်မှာတော့ သူမရဲ့ အသက်ဟာ  (၂၅)နှစ်ပါ။(၁၀)နှစ်သမီးတည်းက SM ရဲ့ Trainee ဖြစ်လာခဲ့တဲ့ သူမဟာ F(x) အဖွဲ့ ၀င် ဟောင်းတစ်ယောက်ပါ။(၂၀၀၉)မှာ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး (၂၀၁၅)မှာ အဖွဲ့ထဲက နုတ်ထွက် ခဲ့တာပါ။(၂၀၁၉) ဇူလိုင်မှာတော့ သူမရဲ့  No Bra Movement ကြောင့် ပြစ်တင်ကဲ့ရဲ့ ခံခဲ့ရပါတယ်။ဆိုရှယ်မီဒီယာ ပေါ် ဘရာမဲ့ ပုံတွေ တင်တာ နဲ့ ပတ်သက်ပြီး တော်တော်ကြီးကို ပြင်းပြင်းထန်ထန် ပြောဆိုခံ ခဲ့ရပါတယ်။(၂၀၁၉) စက်တင် ဘာမှာတော့ Live လွှင့်ရင်း မတော်တဆ ရင်သားပေါ် သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ သူ မ အပေါ် လူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေက အရင်ထက် ပိုဆိုးလာခဲ့ပါတယ်။(၂၀၁၉) အောက်တိုဘာ (၁၄)မှာတော့ သူမကိုယ်သူမ ကြိုးဆွဲချ သတ်သေခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by 설리가진리 (Sulli) (@jelly_jilli) on

Source:Wiki/Allkpop/Koreaboo/whatthekpop

SHARE