ငယ်ဘဝမှာ ဆင်းရဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကိုရီးယား သရုပ်ဆောင်များ

Instagram/IU/Rainoppa

တောင်ကိုရီးယားရဲ့ နာမည်ကျော်တွေတိုင်း ဘဝနောက်ခံ အခြေအနေတွေ မတူညီကြပါဘူး။ ငယ်စဉ်တည်းက ချမ်းသာစွာ နေလာရတဲ့သူတွေ ရှိသလို ဆင်းရဲမှုကို ခက်ခက်ခဲခဲ ရင်ဆိုင်ပြီး ကြီးပြင်းလာသူတွေလည်း ရှိနေပါတယ်။ ဒီ သရုပ်ဆောင်တွေကတော့ ငယ်ဘဝမှာ ဆင်းရဲမှုတွေကို ရင်ဆိုင်ပြီး ကြီးပြင်းလာသူတွေ ဖြစ်ပါတယ်။

(၁) Park Shin Hye

သူမ သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုလ်းမြို့ကို သွားရောက်ကတည်းက သူမ မိဘတွေက သူမကို စောင့်ရှောက်ဖို့ အတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့ကြပါတယ်။ မိသားစုမှာ ငွေကြေး အဆင်မပြေမှုတွေ ဖြစ်နေတာတောင်မှ မိဘတွေက သူမကို သူမ အိပ်မက်အတိုင်း ရှိနေစေချင်ခဲ့ကြပါတယ်။

View this post on Instagram

❣️

A post shared by 박신혜 (@ssinz7) on

(၂) Han So Hee

သူမလည်း ဒီအနုပညာလမ်းကြောင်းအစမှာ အရမ်းကို ခက်ခဲခဲ့သူပါ။ သရုပ်ဆောင်လုပ်ဖို့ ဆိုးလ်ကို တက်လာတဲ့အချိန်မှာ သူမ လက်ထဲမှာ ကိုရီးယားဝမ်ငွေ သုံးသိန်းသာ ပါလာခဲ့တာပါ။ ဒါကြောင့် ဘားတစ်ခုမှာ တစ်နှစ်ကျော်လောက် အလုပ်လုပ်ခဲ့ရပြီး သူမရဲ့ အိပ်မက်အတွက် အခက်ခဲဆုံး အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။

(၃) IU

READ
အသားမယူခဲ့တဲ့ အပြုအမူကြောင့် ချီးကျူးခံနေရတဲ့ BTS မှ Jungkook

IU ကတော့ သူမ မိဘတွေ အကြွေးနွံထဲ မနစ်ခင်အထိတော့ သူမရဲ့ ငယ်ဘဝက အဆင်ပြေခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အကြွေးနွံတွေ နစ်လာခဲ့တဲ့အချိန်မှာတော့ သူမနဲ့ သူမမောင်လေးတို့ နှစ်ယောက်က အဘွားဖြစ်သူနဲ့ အတူ နေခဲ့ရပါတယ်။ ဆင်းရဲတဲ့အခြေအနေတွေကြောင့် ပိုးဟပ်တွေ အများကြီး ရှိပြီး သောင်းကျန်းတဲ့ အိမ်မှာတောင် နေခဲ့ရပါသေးတယ်။

(၄) Park Bo Gum

သူကလည်း ဒီအနုပညာလမ်းကြောင်းကို စတင်တဲ့အချိန်မှာ အတော် ခက်ခဲခဲ့ရှာတာပါ။ အဖေဖြစ်သူက ငွေချေးယူတဲ့အခါမှာ သူ့ကို အာမခံထားခဲ့တာကြောင့် သူက သူ့အဖေရဲ့ အကြွေးတွေကို ဆပ်ဖို့ တာဝန်ရှိနေခဲ့ပါတယ်။ ဒါကြောင့် လူမွဲစာရင်းအသွင်းခံခဲ့ရသလို သူ ပွဲဦးထွက်ပြီးတဲ့နောက်မှာလည်း သူ့ရဲ့ အကြွေးတွေကို ဆပ်ပေးဖို့ ကုမ္ပဏီကို တောင်းဆိုခဲ့ရပါတယ်။

View this post on Instagram

🖐❤

A post shared by 박보검 Ⓜ️ (@parkbogum0fficial) on

(၅) Rain (Jung Ji Hoon)

မိန်းကလေး အတော်များများရဲ့ အချစ်ဦး ဖြစ်ခဲ့ဖူးတဲ့ Rain ကလည်း ငယ်ဘဝမှာ အခက်အခဲတွေ အများကြီးကို ကြံ့ကြံ့ခံပြီး ဖြတ်သန်းခဲ့ရသူ တစ်ဦး ဖြစ်ပါတယ်။ သူ့အိမ်မှာ စားစရာမရှိလို့ အစားမစားရတဲ့ ရက်တွေကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ အမေ ကျန်းမာရေးမကောင်းတဲ့ နှစ်တွေမှာလည်း အမေဖြစ်သူကို မိသားစုကနေ ဆေးကုပေးဖို့ မတတ်နိုင်ခဲ့ကြပါဘူး။ သူ ပွဲဦးထွက်ပြီး နှစ်အနည်းငယ်မှာပဲ သူ့အမေလည်း ကွယ်လွန်သွားခဲ့ပါတယ်။

View this post on Instagram

#amonthago

A post shared by RAIN♥ (@rain_oppa) on

(၆) Cha Seung Won

READ
လူမင်းနဲ့ကားမရိုက်ချင်လို့ ကားရိုက်တွေကို ငြင်းခဲ့တယ်ဆိုတဲ့ ဖိုးကျော်

သူလည်းပဲ ဘဝကို ခက်ခဲစွာ ရင်ဆိုင်ခဲ့ရသူပါပဲ။ သူ လက်ထပ်ချိန်မှာတောင်မှ ငွေကြေး အဆင်မပြေတာကြောင့် မြေအောက်ခန်းတစ်ခုမှာ နှစ်အတော်ကြာအောင် ဇနီးဖြစ်သူနဲ့ နေခဲ့ရပါသေးတယ်။ သူ့ရဲ့ ငယ်ဘဝမှာလည်း ငွေကြေးအဆင်မပြေခဲ့သူမို့ ဘာမှတော့ မလုပ်နိုင်ခဲ့တဲ့သူ ဖြစ်ခဲ့ပါသေးတယ်။

View this post on Instagram

#chaseungwon

A post shared by Ksenia (@ksenia_rudenko27) on

(၇) Seo In Guk

ဆင်းရဲတဲ့ မိသားစုကနေ ကြီးပြင်းလာသူ ဖြစ်ပါတယ်။ စားဖို့တောင် အခက်အခဲ ရှိခဲ့ပြီး စားဖို့အတွက် ပိုက်ဆံရဖို့ သူ့ရဲ့ အမေဖြစ်သူက ဘူးခွံတွေကိုတောင် ကောက်ခဲ့ရပါတယ်။

SHARE