အိမ်ခြံ မြေ တွေ အများကြီး ပိုင်တဲ့ ကိုရီးယား အနုပညာရှင် (၆) ယောက်

Image:IG/bigbang/kyo/ 'LA CLOUD'

ကိုရီးယားအနုပညာရှင်ဆယ်လီတွေထဲမှာမှ ချမ်းသာကြွယ်ဝ ပြီး အိမ်ခြံ မြေတွေ အများကြီးပိုင်တဲ့ ဆယ်လီစာရင်းကိုတော့ SCMP မှာ အခုလို ဖော်ပြထားပါတယ်။

Daesung

 Daesung က လည်း ငွေကို စုတဲ့ နေရာ မှာ တော်တဲ့ အနုပညာရှင် တစ်ယောက်ပါ။ (၂၀၁၇) တုန်းက အထပ်မြင့် (၈)လွှာ နဲ့ မြေ အောက် (၂)လွှာ ပါတဲ့ Apgujeong နားက အ ဆောက်အအုံ တစ်ခုကို ၀ယ်ခဲ့ပါတယ်။ ပထမ ထပ် မှာ တော့ Starbucks ကို ငှားထားပြီး ကော်ဖီဆိုင် ဖွင့်ထားပါတယ်။ တစ်လ ငှားရမ်းခနဲ့ တင်ပဲ အ မေရိကန် ဒေါ်လာ ($84,963) ၀င်ငွေ ရ နေသူပါ။

Suzy

 ဈေးကြီးတဲ့ အိမ်တွေ အများကြီးရှိတဲ့ အမျိုးသမီး Idol Star တစ်ယောက်ပါ။ သူမ လက်ရှိ နေနေတဲ့ အခန်း က တော့ အ မေရိကန် ဒေါ်လာ (၃.၃)သန်း ရှိပါတယ်။ Gangnam မှာလည်း ကိုယ်ပိုင် အ ဆောက်အအုံ ရှိပြီး  (၂၀၁၆)တုန်းက တောင်မှာ ဒေါ်လာ (၃)သန်း လောက် တန်ဖိုးရှိပါတယ်။ တစ်လ ကို ငှားရမ်းခ နဲ့ တင်ပဲ ($13,400)လောက် ၀င်ငွေ ရ နေသူပါ။

READ
လမ်းခွဲပြီး (၇)လအကြာမှာ ပြန်ဆုံခဲ့ကြတဲ့ Bradley Cooper နဲ့ Irina Shayk

Rain နဲ့ Kim Tae Hee

Rain နဲ့ Kim Tae Hee တို့ က တော့ ကိုရီးယားရဲ့  နာမည်ကြီး အနုပညာရှင်တွေ ပါ။ သူတို့နှစ်ယောက် ကတော့ ပိုင်ဆိုင်မှု ၀မ် (၅၀)ဘီလီယံ၊ အ မေရိကန် ဒေါ်လာ နဲ့ ဆိုရင် ($42.8)သန်း အထိ ရှိပါတယ်။ Kim Tae Hee မှာ ဆိုရင် ဆိုးလ်မြို့ Hannam မှာ အ မေရိကန် ဒေါ်လာ (၅.၁)သန်း Villa ကြီး ၊ Gangnam မှာ ဒေါ် (၁၁.၁)သန်းတန် အိမ် ရှိသလို ကိုယ်တိုင် လည်း တခြား အိမ်ခြံ မြေ တွေ မှာ  အ မေရိကန် ဒေါ်လာ (၁၇.၁) သန်း ရင်းနှီးမြှုပ်နှံ ထားပါတယ်။ Rain က တော့ Cheongdam မှာ $5.3 သန်း တန် Villa နဲ့ (၂၁.၄)သန်းတန် shopping centre တစ်ခု ပိုင်ပါတယ်။

Jun Ji Hyun

 

View this post on Instagram

 

Enjoy the summer vibe with Lucky U🌴

A post shared by 스톤헨지 | STONEHENgE (@stonehenge_official) on

ကိုယ်တိုင်လည်း နာမည်ကြီးမင်းသမီးတစ်ယောက် ဖြစ်သလို ချမ်းသာတဲ့ အမျိုးသား နဲ့ လက်ထပ် ထားသူပါ။ (၂၀၁၇)တုန်းက Gangnam မှာ အ မေရိကန်ဒေါ်လာ (၈.၅)သန်း တန်တဲ့ အ ဆောက်အအုံ ကို ၀ယ်ခဲ့ဖူးပါတယ်။ Yongsan နဲ့ Gangnam တို့ မှာ သူမ ပိုင်တဲ့ အ ဆောက်အအုံ တွေ အများကြီး ရှိတာ ကြောင့် ကိုရီးယား ရဲ့ အိမ်ခြံ မြေ သူ ဌေး မကြီးလို့ တောင်သတ်မှတ်ခံထားရပါတယ်။

READ
FB ပေါ်မှာ ဂယက်ထသွားခဲ့တဲ့ ဘန်နီဖြိုးရဲ့ Status

G-Dragon

 

View this post on Instagram

 

🎬

A post shared by 권지용(權志龍) (@xxxibgdrgn) on

G-Dragon က တော့ စီးပွားရေး အကွက် မြင်တဲ့ နေရာမှာ နှစ်ယောက် မရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ။ စစ်မှုထမ်းခါ နီး တောင်မှ ကော်ဖီ ဆိုင် ဖွင့်ပြီး စီးပွားရေး သောင်းကျန်းခဲ့သူပါ။ စီးပွားရေးဘက်ရော ဖက်ရှင် ဘက် အပြင် အိမ်ခြံ မြေ ဘက်မှာပါ အကွက်မြင်တတ်သူပါ (၂၀၁၇)တုန်းက Cheongdam မှာ  အမေရိကန် ဒေါ်လာ (၇.၈၆) သန်း တန်  အ ဆောက်အအုံ တစ်ခု ၀ယ်ခဲ့ပါတယ်။ မကြာ သေးမီ တုန်းက Hannam  မှာရှိတဲ့ အ မေရိကန် ဒေါ်လာ (၇.၃)သန်း တန်တဲ့ အခန်းသစ်ကို ပြောင်းခဲ့ပါတယ်။ အဲ့ဒီ အိမ်ရာ က တော့ တကယ့် ဒိတ်ဒိတ်ကြဲ တွေ နေတဲ့ နေရာပါ။ ဒီအခန်း မ ပြောင်းခင်က Seongsu-dong နားမှာ နေခဲ့တာပါ။

 Song Hye-kyo

 

View this post on Instagram

 

@suecommabonnie @mokjungwook @raymondchae @halolee7 @with.hyunkyoung @b_joeun

A post shared by Hyekyo Song (@kyo1122) on

သူမက တော့ အိမ်ခြံ မြေတွေ အများကြီး ပိုင်ပါတယ်။ ကိုရီးယားပြည်တွင်း တင်မဟုတ်ပဲ အ မေရိကန်မှာ ပါ ပိုင်တာပါ။သူမရဲ့ ပိုင်ဆိုင်မှု တွေ က တော့ အတိအကျ မသိ ရ ပေမယ့် ပြီးခဲ့တဲ့ ဧပြီ တုန်းက အ မေရိကန် ဒေါ်လာ (၇)သန်း တန် အိမ်ကို ရောင်း ခဲ့ပါတယ်။ (၂၀၁၈)တုန်းက လည်း နယူးယော့ခ် က သူမရဲ့ တိုက်ခန်း တစ်ခန်းကို ရောင်း ဖူးပါတယ်။သူမက အ ဆောက်အအုံတွေကို သူမရဲ့ အ မေ နာမည်နဲ့ ၀ယ်တာ များတယ်လို့ တော့ သတင်းထွက်ဖူးပါတယ်။

#SHWEMOM

 

SHARE