(၂၀၁၇)မှာ ချစ်ရသူနဲ့ ရွှေလက်တွဲခဲ့ကြတဲ့ ကိုရီးယားဆယ်လီများ

(၂၀၁၇)ခုနှစ်က ကိုရီးယားအနုပညာရှင်တွေရဲ့ မင်္ဂလာနှစ်လို့ ပြောလို့ရပါတယ်။ နာမည်ကြီးဆယ်လီတွေ အစွံထုတ် ခဲ့ကြတဲ့ နှစ်ပါ။ နောက်တစ်နည်းပြောရရင်တော့ နာမည်ကြီးအမျိုးသားဆယ်လီတွေရဲ့ အမာခံမိန်းကလေးပရိသတ်တွေ အသည်းကွဲကြရတဲ့နှစ်လို့လည်း ပြောလို့ရပါတယ်။ ချစ်တိုင်းလည်း မညား၊ ညားတိုင်းလည်း မချစ်ကြတဲ့စုံတွဲတွေ အများကြီးထဲမှာမှ ချစ်တဲ့သူချင်းပေါင်းဖက်ခွင့်ရခဲ့ကြတဲ့ မဟာကံထူးရှင်တွေကတော့…..

1. Rain & Kim Tae Hee

သူတို့စုံတွဲဟာ အခုတော့ သမီးလေးကိုတောင် ပိုင်ဆိုင်နေပါပြီ။ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ(၁၉)မှာ လက်ထပ်ခဲ့တာပါ။ အကျဉ်းချုံးလက်ထပ်ပွဲလေးကို Gahoe-dong ခရစ်ယာန်ဘုရားကျောင်းမှာ ကျင်းပခဲ့တာပါ။ (၅)နှစ်ကြာချစ်ခဲ့ကြပြီးနောက် လက်ထပ်ခဲ့ကြတာပါ။

2. Gary

ဧပြီ(၅)ရက်နေ့က လက်ထပ်ခဲ့တာပါ။ ဂယ်ရီကတော့ လက်ထပ်တယ်၊ မင်္ဂလာပွဲကျင်းပတာမျိုးမဟုတ်ပါဘူး။ လက်ထပ်လိုက်ပြီဆိုပြီး ကြေညာခဲ့တာပါ။ သူ့ရဲ့ ဇနီးက ဆယ်လီမဟုတ်တဲ့ အပြင်လူဆိုတာကလွဲလို့ တခြားအချက်အလက်တွေကို မပြောခဲ့သလို၊ ဇနီးကိုလည်း ထုတ်မပြခဲ့ပါဘူး။

3. Oh Sang Jin &  Kim So Young

ဧပြီ(၃၀)ရက် ဆိုးလ်မှာရှိတဲ့ Grand Hyatt မှာ လက်ထပ်ခဲ့ကြတာပါ။ My Love from another Star ရဲ့ မင်းသား Oh Sang Jin က သူ့ရဲ့ဇနီး Kim ကို MBC TV reporters ဘ၀တည်းက ဆုံခဲ့တာပါ။

READ
မနက်ဖြန်အတွက် စိတ်တွေခုန်လှုပ်ရှားနေပါတယ် ဆိုတဲ့ အလင်းရောင်

4. Cha Ye Ryun and Joo Sang Wook

မေ(၂၅)တုန်းက Walkerhill ဟိုတယ်မှာ လက်ထပ်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်၊ ဧပြီမှာ ဒိတ်လုပ်ခဲ့ကြပြီး နောက်တစ်နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာပါ။

5. Kim So Yeon & Lee Sang Woo

ဇွန်(၉)ရက်နေ့က Gangnam မှာရှိတဲ့ မင်္ဂလာခန်းမမှာ မင်္ဂလာဆောင်ခဲ့ကြတာပါ။ တွဲပြီး (၆)လအကြာမှာ လက်ထပ်ခဲ့တာပါ။

6. Eric Moon and Na Hye Mi

ဇူလိုင်(၁)ရက်နေ့က  Yeong-Rak ဘုရားကျောင်းမှာ လက်ထပ်ခဲ့တာပါ။ Shinhwa ရဲ့ ကိုလူချော Eric တစ်ယောက် မင်္ဂလာပွဲမှာ အရမ်းပျော်နေခဲ့ပါတယ်။

READ
People Magazine အတွက် ဓါတ်ပုံတွေရိုက်နေတဲ့ နေမင်းအိမ်

7.Kang Jae Joon & Lee Eun Hyung 

ဧပြီလ(၈)ရက်နေ့က Riverside Hotel မှာလက်ထပ်ခဲ့ကြတာပါ။ ဟာသသရုပ်ဆောင် စုံတွဲလေးပါ။ တွဲလာခဲ့တဲ့ ချစ်သူသက်တမ်းကတော့ (၁၀)နှစ်ပါ။

8.Song Joong Ki & Song Hye Gyo 

အောက်တိုဘာ(၃၁)မှာ လက်ထပ်ခဲ့ကြတဲ့စုံတွဲလေးပါ။ Descendants of the Sun ဇာတ်ကားကြောင့် ဖူးစာဆုံခဲ့ကြသူတွေပါ။ ဒီဇာတ်ကားမှာ မင်းသားနေရာကို ဆောင်ဂျွန်ကီ မဟုတ်ဘဲ တခြားမင်းသားတွေ အများကြီးကမ်းလှမ်းခဲ့ပေမယ့် အားလုံးကငြင်းခဲ့လို့ နောက်ဆုံး ဆောင်ဂျွန်ကီဆီကို ရောက်လာခဲ့တာပါ။ ဖူးစာမှန်လို့ ဆုံတွေ့ပြီး ပေါင်းဖက်ခဲ့ကြတဲ့ စုံတွဲလေးပါ။

ref;dramafever & wiki

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE