ကိုရီးယားဆယ်လီမမတွေရဲ့ ၀ိတ်မချရသေးတုန်းကပုံနဲ့ဝိတ်ချပြီးပုံ နှိုင်းယှဉ်ချက်များ

koreaboo

ဝိတ်ချတဲ့နေရာမှာ အရမ်းကို ဆရာကျလွန်းတဲ့ ကိုရီးယားဆယ်လီမမတွေ ရှိပါတယ်။ ပရိသတ်တွေကိုတောင် ဟင်ခနဲ ဟာခနဲ ဖြစ်ရလောက်အောင် ၀ိတ်ချပြီး ပြောင်းလဲပစ်နိုင်ခဲ့သူတွေကတော့ …

1. Park Boram

by koreaboo

Park Boram ကတော့ အဆိုတော်တစ်ယောက်အနေနဲ့ Superstar K2, ပရိုဂရမ်ကနေ ပွဲဦးထွက်နိုင်ခဲ့သူပါ။ ပွဲဦးထွက်ခါစက ပေါင် (၁၇၀) ပါ။ အဲ့ဒီကနေ ပေါင်(၇၀) ချပြနိုင်ခဲ့ပြီး အခုလို Body ကို ပြောင်းလဲ ပိုင်ဆိုင်ခဲ့တာပါ။

2. Apink’s Eunji

by koreaboo

Girl group Apink‘s Eunji ဟာ အရင်က ပေါင်(၁၃၇) ရှိခဲ့ပါတယ်။ အဲဒီကနေမှ လေ့ကျင့်ခန်းလုပ်၊ Boxing ထိုးပြီး ပေါင်(၃၀)အထိ ချပြခဲ့ပါတယ်။

3. Suzy

by koreaboo

“Dream High” (၂၀၁၁)တုန်းက ၀၀ကစ်ကစ်ပြည့်ပြည့်လေးကနေ ၀ိတ်ချခဲ့တာပါ။ Diet ကို သေချာလုပ်ပြီး ၀ိတ်ချခဲ့တာပါ။ ကြက်ရင်ပုံ၊ ကန်စွန်းဥ၊ ဆလတ်တွေကိုသာ စားခဲ့တာပါ။

READ
သားဖြစ်သူအတွက် အိမ်နောက်ဖေးခြံထဲမှာ ရိုလာကိုစတာ ဆောက်ပေးခဲ့တဲ့ ဖခင်

4. Kang Sora

by koreaboo

Kang Sora က TV ပရိုဂရမ်တစ်ခုမှာ ပေါ်လာတုန်းက သူ့ရဲ့ ၀ိတ်က (၁၅၆)ပေါင် ရှိခဲ့ပါတယ်။ သရုပ်ဆောင် ကျောင်းတတ်တော့မှာ ၀ိတ်ချခဲ့ပြီး (၄၄)ပေါင် ကျသွားခဲ့တာပါ။

5. Ailee

by koreaboo

Ailee ပွဲဦးထွက်တုန်းက ပုံကတော့ ပေါင်(၁၃၂)ပေါင် ကျော်ပါတယ်။ အဲဒီကနေမှ တစ်ရက်ကို (500 kcal) ပဲစားပြီး (၂၂)ပေါင် ချပြခဲ့တာပါ။

6. UEE

by koreaboo

After School အဖွဲ့ဝင် UEE ကတော့ ခြေလျင်ခရီးထွက်၊ အကကပြီးတော့ ၀ိတ်ချခဲ့သူပါ။ Burdock လက်ဖက်ရည် ကိုလည်း တစ်နေ့ နှစ်လီတာ သောက်ခဲ့ပါတယ်။

7. Song Jieun

by koreaboo

Song Jieun ကတော့ ခြေထောက်ကိုမကြာခဏ ဝေဖန်ပြောဆိုခံရခဲ့ရသူပါ။ နောက်ပိုင်းမှာတော့ မခံချင်စိတ်နဲ့ (၃၃)ပေါင် ချခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်၊ ကပြီးဝိတ်ချခဲ့တာပါ။ အနီရောင်ဗာနီကာလည်း သောက်တယ်လို့ သိရပါတယ်။

READ
ဆရာနဲ့ကျောင်းသားသုံးယောက်ကိုသေနတ်နဲ့ပစ်ပြီး မိမိကိုယ်ကိုအဆုံးစီရင်တဲ့ကျောင်းသား

8. Shin So Yul

by koreaboo

Shin So Yul ကတော့ သူမအသက် (၂၀) တုန်းက ပေါင်ချိန် (၁၆၅)ပေါင်ရှိခဲ့တဲ့ ပုံတွေကို ကိုယ်တိုင် ထုတ်ပြခဲ့တာပါ။ ချစ်သူဆီကနေ ၀တယ်အပြောခံရပြီးတော့ တစ်လလောက် အစာအငတ်ခံပြီး ဂေါ်ဖီနဲ့ရေသောက်ပြီး ၀ိတ်ချလိုက်တာ ပေါင်(၁၀၁)ပေါင်ပဲ ရှိတော့တာပါ။ အခုကတော့ ပေါင် (၁၁၂) ပေါင်ရှိပြီး ပုံမှန်လေ့ကျင့် ခန်းလုပ်၊ အစာအာဟာရမျှတအောင်စားပြီး ၀ိတ်ချနေပါတယ်။

9. DIA’s Chaeyeon

by koreaboo

Chaeyeon ကတော့ အရင် သူမ မူလတန်းတုန်းက (၁၄၁)ပေါင် အထိတောင်ရှိ ခဲ့ပါတယ်။ ဒါပေမယ့် အနုပညာ အလုပ်ပွဲဦးထွက်ပြီးနောက်မှာတော့ ၀ိတ်ချခဲ့ပါတယ်။ အက က၊ တို့ဖူး၊ ပဲနို့၊ ခရမ်းချဉ်သီးတွေ စားပြီး (၃၅)ပေါင် ၀ိတ်ချခဲ့တာပါ။

from koreaboo

SHARE