ကြည့်ရှုနှုန်းများလို့ အပိုင်းတွေ ထပ်တိုးခဲ့ရတဲ့ ကိုရီးယားဒရမ်မာဇာတ်ကား(၇)ကား

Image:SBS

ကြည့်ရှုနှုန်း တွေ  အရမ်းများလာလို့  ဇာတ်ကားကို အပိုင်းတွေ ထပ်တိုးပြသခဲ့ရတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ တွေ ရှိ ပါတယ်။တစ်ချို့ ဇာတ်ကားတွေ ကျ တော့လည်း ကြည့်တဲ့ သူအရမ်းနည်းလို့ တကယ်ရိုက်ဖို့ ရည်ရွယ်ထားတဲ့ အပိုင်း  ထက် လျော့ ပြီး ရိုက်ခဲ့ရတဲ့ ဇာတ်ကားတွေ လည်းရှိပါတယ်။ကြည့်ရှုနှုန်း များလို့ အပိုင်းသစ်တွေ ထပ် တိုး ရိုက်ခဲ့ရတဲ့ ဇာတ်ကားတွေအ ကြောင်းကိုတော့ kdramastars မှာ ဖော်ပြထားပါတယ်။

Missing You

“Missing You” ဆိုတဲ့ ဇာတ်ကား ကို တော့ အစ က အ ပိုင်း (၂၀) ပြ ဖို့ စီစဉ် ထားခဲ့တာပါ။ဒါပေမယ့် ကြည့်ရှု သူ အရမ်း များလာတဲ့ အတွက် နောက်ထပ် အပိုင်း (၁) ပိုင်း ထပ်တိုး ခဲ့ပါတယ်။ဒီဇာတ်ကား မှာတော့ Yoon Eun-hye, Park Yoo-chun နဲ့  Yoo Seung-ho တို့ ပါဝင် ထားပါတယ်။

Mother of Mine

အပိုင်း (၁၀၀) ပြ ဖို့ ရည်ရွယ် ထားတာပါ။ဒါ ပေမယ့် လည်း ကြည့်သူ များတာ ကြောင့်ေ နာက်ထပ် (၈) ပိုင်း တိုး ခဲ့ပါတယ်။ကြည့်ရှုနှုန်း က တော့ (၃၀) ရာခိုင်နှုန်းေ တာင်မှ ကျော် လွန်ခဲ့ပါတယ်။ဒီဇာတ်ကား မှာတော့ Kim Hae-sook, Kim So-yeon, Kim Ha-kyung, Park Geun-soo, Nam Tae-boo နဲ့  Choi Myung-gil တို့  ပါ ၀င် ထားပါတယ်။

READ
အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ Luu Brothers အကြောင်း

My Only One

ဒီဇာတ်ကား က တော့ ကြည့်တဲ့ သူ အရမ်းများလာလို့ အပိုင်း (၆)ပိုင်း ထက်တိုး ခဲ့ရပါတယ်။ကြည့်ရှုနှုန်း (၄၀) ရာ ခိုင်နှုန်းလောက်ရှိခဲ့ပါတယ်။နောက်ဆုံး အပိုင်းမှာ ဆိုရင် တော့ (၅၀)ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး စံချိန် တင် ကြည့်ရှုနှုန်း ပါ။ ဒီဇာတ်ကား မှာတော့ Choi Soo-jong, Uee, Lee Jang-woo, Yoon Jin-yi, Jung Eun-woo, Na Hye-mi,  နဲ့  Park Sung-hoon တို့ ပါဝင်ထားပါတယ်။

The Last Empress

“The Last Empress” ဇာတ်ကား က တော့ အရင် က အပိုင်း (၄၈) ပိုင်း ပြ ဖို့ စီစဉ် ထားခဲ့တာပါ။ဒါပေမယ့် ကြည့်ရှုနှုန်း များလာတဲ့ အတွက်  နောက်ထပ် (၄) ပိုင်း တိုးပြီး ပြသ ခဲ့ပါတယ်။ဒီဇာတ်ကား မှာတော့ Jang Na-ra, Choi Jin-hyuk, Shin Sung-rok, Lee Elijah,  Shin Eun-kyung တို့ ပါဝင်ထားပါတယ်။

I Can Hear Your Voice

“I Can Hear Your Voice”  ကို တော့ အစတုန်းက အပိုင်း (၁၆) ပိုင်းပဲ ပြ ဖို့ လုပ် ထားခဲ့တာပါ။ဒါ ပေမယ့်လည်း ကြည့်သူ များလို့ နောက်ထပ် နှစ်ပိုင်းတိုး ပြီး အပိုင်း (၁၈) ပိုင်း ပြသ ခဲ့ပါတယ်။ ကြည့်ရှုနှုန်း က တော့ (၂၀) ရာခိုင်နှု န်း ထက် ကျော်လွန်သွားပြီး ကြည့်ရှုနှုန်း များတဲ့ ဒရမ်မာ ဇာတ်ကားတွေ ထဲက တစ်ကားပါ။ Lee Bo-young, Lee Jong-suk, Yoon Sang-hyun နဲ့Lee Da-hee တို့ ပါဝင်ထားပါတယ်။

Another Miss Oh

“Another Miss Oh.”  ကလည်း ကြည့်တဲ့ သူတွေ များလာ လို့ အရင်ရည်ရွယ်ထားတဲ့ အပိုင်း အပြင် နောက်ထပ် နှစ်ပိုင်း ထပ်တိုး ခဲ့ရတဲ့ ဇာတ်ကားပါ။ကြည့်ရှုနှုန်း ကတော့ (၇)ရာခိုင်နှုန်း ကျော် ခဲ့ပါတယ်။ဒရမ်မာ ဇာတ်ကား တစ်ကား အတွက် ဆိုရင် ကြည့်ရှုနှုန်း မဆိုးတဲ့ အထဲ မှာ ပါပါတယ်။Eric Mun, Seo Hyun-jin, Jeon Hye-bin တို့ ပါဝင်ထားပါတယ်။

READ
ရန်ကုန် Night life အလှပုံလေးတွေ တင်လိုက်တဲ့ နန်းသီရိမောင်

Yong Pal

Yong Pal  က တော့ အရင် ခန့်မှန်းထားတဲ့ ကြည့်ရှုနှုန်း ထက် အများကြီး ကျော်လွန်ပြီး ကြည့်တဲ့ နှုန်း အရမ်း များ ခဲ့တဲ့ ဇာတ်ကားပါ။ပရိသတ်တွေ ကို ထိုင်ရာ မထချင် အောင် ဆွဲ ခေါ် သွားနိုင်တဲ့ ဇာတ်ကား မို့ အရင် ရည်ရွယ် ထားတဲ့ အပိုင်း အပြင် နောက်ထပ် နှစ်ပိုင်း ထပ်တိုး ခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ Joo Won, Kim Tae-hee, Chae Jung-an နဲ့ Jo Hyun-jae တို့ ပါဝင်ထားပါတယ်။

#SHWEMOM

SHARE