ပရိသတ်ပေးတဲ့မဲတွေကို မသမာပြုလုပ်မှုနဲ့ တရားစွဲဆိုခံရတော့မယ့် ကေပေါ့သီချင်းဆိုပြိုင်ပွဲ

kstarlive

ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ သိပ်မကြာသေးခင်ကမှ ပြီးသွားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နံပါတ် သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ ‘Produce X101’ ပြိုင်ပွဲရဲ့ နောက်ဆုံးရလဒ်ဟာ မသမာမှုတွေရှိနေတယ်ဆိုတာကို Bareun Mirae Partyရဲ့  နိုင်ငံရေးအဖွဲ့ဝင် Ha Tae Kyung က သက်သေအထောက်အထားတွေနဲ့တကွ ထုတ်ဖေါ်ခဲ့ပါတယ်။ ‘Produce X101’ ပြိုင်ပွဲကတော့ ပြိုင်ပွဲဝင် ၁၀၁ယောက်ပါဝင်ပြီး  ပရိသတ်မဲနဲ့ ပြိုင်ပွဲဝင်တွေရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးတဲ့ ကေပေါ့အဆိုတော်အသစ်၁၁ယောက်ကို ပွဲထုတ်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

koreaboo
koreaboo

မဲလိမ်လည်မှုတွေရှိတယ်ဆိုတာအထောက်အထားနဲ့ ထွက်လာခဲ့တဲ့နောက်မှာတော့ ကြည့်ရှုသူ ပရိသတ်တွေကတော့ Mnet ရုပ်သံလှိုင်းနဲ့ ‘Produce X101’ အစီအစဉ်ကို တရားစွဲဆိုနိုင်ဖို့အတွက် ပြင်ဆင်ေ်နကြပြီဖြစ်ပါတယ်။ ရှေ့နေ Koo Hyemin ကတော့ ပရိသတ်တွေရဲ့ ကိုယ်စားပြုအဖြစ်နဲ့ ဒီကိစ္စကို ဆိုလ်းဗဟိုစစ်ဆေးရေးရုံးကို တင်ပြမှာဖြစ်ပါတယ်။ တရားရုံးကိုတော့ နောက်အပတ်လောက်မှာ တင်ပြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

READ
ဘန်ကောက်ရောက် ပုံအလန်းတွေကို ထပ်ပြီး ဝေမျှလိုက်တဲ့ သင်ဇာဝင့်ကျော်
kstarlive

ပရိသတ်တွေကတော့ Mnet ရုပ်သံလှိုင်းနဲ့ ‘Produce X101’ အစီအစဉ်ကို  ရုပ်သံလွှင့်ခြင်းမှာ အများပြည်သူရဲ့တာဝန်ကို ချိုးဖောက်ခြင်း၊ တရားမျှတမှုမရှိခြင်း ဆိုတဲ့ ရုပ်သံလွှင့်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ စွဲဆိုထားပါတယ်။ တကယ်သာ ပရိသတ် မဲတွေကို လိမ်လည်ခဲ့တယ်ဆိုရင်တော့ စင်တင်ပွဲထုတ်မယ့် ၁၁ ယောက်ထဲကို မပါသွားခဲ့တဲ့ သူတွေအတွက် တော်တော်နစ်နာပါတယ်။

Source: Kstarlive/Koreaboo

SHARE