ဒူးရင်းသီးစားနည်းအမှားကြီးကြောင့် ဒူးရင်းချစ်သူများရဲ့ပြောဆိုခြင်းကိုခံနေရတဲ့ ဗီဒီယို

[email protected], Freepik-jcomp

ဒူးရင်းသီးချစ်သူတွေရှိလား။ ကျွန်တော်တို့ ဒူးရင်းသီးစားမယ်ဟေ့ဆိုတာနဲ့ ဒူးရင်းသီးကို ဒေါင်လိုက်အနေအထားက ဓားရာစပေး၊ ပြီးရင် အမွှာအတိုင်း အလိုက်သင့်လေး ခွဲပြီး အခွံကိုဖြဲလိုက်တာနဲ့ အထဲက အသီးလေးကို အသင့်ယူနိုင်ပြီမဟုတ်လား။ နောက်ပြီး ဒူးရင်းသီးစားတဲ့အခါ လက်ဗလာနဲ့ ပယ်ပယ်နယ်နယ်ထိုင်စားကာမှ အရသာရှိလှတာမဟုတ်လား။

ဒါပေမဲ့ အခုဗီဒီယိုမှာတော့ ဒူးရင်းသီးကို ကျွန်တော်တို့စားသလို လှလှပပမှန်မှန်ကန်ကန် အားရှိပါးရှိမစားဘဲနဲ့ ဆန်းဆန်းပြားပြားနည်းလမ်းကြီးကို ကြည့်ပြီး လူတွေခင်ဗျာတော့ တော်တော်လေးကို စိတ်ကသိကအောင့်ဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့ဒူးရင်းသီးခွဲပုံခွဲနည်းကိုက ကန့်လန့်ဖြတ်ကြီးဆိုတော့ အထဲက ဒူးရင်းစေ့တွေပါ အကုန်လုံး ကန့်လန့်အဖြတ်ခံရတော့တာပါပဲ။

[email protected]
@foodieliciousfood

ကန့်လန့်ဖြတ် အသီးခွဲတာတင်မကသေးဘဲ ဒူးရင်းမွှာတွေကိုလည်း အစိတ်စိတ်နဲ့ခွဲသေးတယ်။ နောက် ဒူးရင်းသီးအသားတွေကိုလည်း ခက်ရင်းနဲ့ စတိုင်ထုတ်စားနခဲ့တာပါ။ ဗီဒီယိုကိုတော့ @foodieliciousfood ဆိုတဲ့ Instagram account မှ ဒီဇင်ဘာလ ၁၄ ရက်နေ့တုန်းက တင်လာခဲ့တာဖြစ်ပါတယ်။ ဘယ်လောက် စိတ်ပျက်ဖို့ကေင်းလဲဆိုတာ ကြည့်လိုက်ကြပါဦး။

READ
မင်းသား Christian Bale ရဲ့ အကောင်းဆုံးရုပ်ရှင်အဖြစ် The Dark Knight ရွေးချယ်ခံရ

https://www.instagram.com/p/B6DIFWLn3Gt/

Penny

SHARE